နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တိုက်စစ် အတွက် ဆူလီ အပြင် ဒိုဗစ်ခ် ကိုပါ ခေါ်ယူနိုင်တော့မယ့် ရိုးမား | စီးရီးအေ

စီးရီးအေ ထိပ်သီး ရိုးမား ကတော့ လာမယ့် ဘောလုံးရာသီ အတွက် ကစားသမား ခေါ်ယူမှုတွေ ဆက်တိုက် ပြုလုပ်နေပြီး အခု ဆိုရင်တော့ တိုက်စစ်ပိုင်းကို အင်အား ဖြည့်တင်းခဲ့ပြီ ဖြစ်ပါတယ်။ အစောပိုင်းမှာ ကစားသမား ၅ ဦး ခေါ်ယူထားတဲ့ ရိုးမားက မကြာခင်မှာ နောက်ထပ် ကစားသမား ၂ ဦးကို အသင်းဆီ ထပ်မံ ခေါ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ဒီကစားသမား နှစ်ဦး ကတော့ အသက် ၂၁ နှစ် အရွယ် အာဂျင်တီးနား တောင်ပံ ကြယ်ပွင့် မာသီးယပ်စ် ဆူလီနဲ့ ၂၇ နှစ် အရွယ် ယူကရိန်း တိုက်စစ်မှူး အာတမ် ဒိုဗစ်ခ် တို့ ဖြစ်ပါတယ်။ လက်ရှိ စီးရီးအေ ကလပ်ရဲ့ တိုက်စစ်မှာ ပေါ်လို ဒီဘားလားနဲ့ အယ်ရှာရာဝီ တို့လို ကစားသမားကောင်းတွေ ရှိနေပေမယ့် တမ်မီ အေဘရာဟမ် ကတော့ အနာဂတ် မသေချာတော့ပါဘူး။ အေဘရာဟမ်ဟာ သူရဲ့ စာချုပ်ပါ လျော်ကြေးအရ အချိန်မရွေး အသင်းပြောင်းသွားနိုင်သူ ဖြစ်ပါတယ်။ ဒါကြောင့် ရိုးမားက တိုက်စစ်ပိုင်း အတွက် ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ အားဖြည့်မှုတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

စီးရီးအေ ကလပ် အနေနဲ့ ဒိုဗစ်ခ်ကို ပြောင်းရွှေ့ကြေး ယူရို သန်း ၃၀ ဝန်းကျင်လောက်နဲ့ ခေါ်ယူသွားနိုင်ဖွယ် ရှိနေပါတယ်။
ရာသီသစ် အတွက် အင်အားဖြည့်တင်းမှုတွေ ဆက်တိုက် လုပ်ဆောင်နေတဲ့ ရိုးမား

မကြာခင် အသင်းကို ပြောင်းရွှေ့လာတော့မယ့် အာဂျင်တီးနား ညာတောင်ပံ ကစားသမားလေး မာသီးယပ်စ် ဆူလီဟာ ၂၀၂၀ ခုနှစ်မှာ ဂျုဗင်တပ်စ် လူငယ် အသင်းကို ရောက်ရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ ရာသီ မှာတော့ ဖရိုဆီနုန်း အသင်းကို အငှားနဲ့ သွားရောက် ကစားခဲ့ရပါတယ်။ ဒီကစားသမားက ပြီးခဲ့တဲ့ တစ်ရာသီလုံး ဖရိုဆီနုန်း အတွက် ၃၉ ပွဲ ပါဝင်ကစားခဲ့ရာမှာ ၁၁ ဂိုး သွင်းကာ ၃ ဂိုး ဖန်တီးပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဆူလီက ညာတောင်ပံ ကစားသမား ဖြစ်ပေမယ့် လိုအပ်ရင် လိုအပ်သလို ဘယ်တောင်ပံ အပြင် တိုက်စစ် နေရာအစုံမှာ ကစားပေးနိုင်သူ ဖြစ်ပါတယ်။ သူ့ကို ကလပ် အသင်း များစွာက ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် ရိုးမားက လက်ဦးမှု ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ရိုးမားဟာ တောင်အမေရိက ကြယ်ပွင့်လေးကို ဆေးစစ်မှုတွေ လုပ်ဆောင်ပြီးနောက် ၅ နှစ် စာချုပ် ချုပ်ဆိုသွားမှာလည်း ဖြစ်ပါတယ်။ ရိုးမားက ဆူလီရဲ့ အပြောင်းအရွှေ့ အပြီးသတ် ပြီးတာနဲ့ ဂီရိုနာရဲ့ ယူကရိန်း တိုက်စစ်မှူး အာတမ် ဒိုဗစ်ဇ်ကို ခေါ်ယူဖို့ ဆက်လက် ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ ဒီကစားသမား ကတော့ ပြီးခဲ့တဲ့ ဘောလုံးရာသီ လာလီဂါ ကလပ်မှာ ၂၄ ဂိုး သွင်းကာ ၁၁ ဂိုး ဖန်တီးနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် ဒိုဗစ်ခ်ကို ဥရောပ ထိပ်တန်း ကလပ် အသင်း တော်တော်များများက စိတ်ဝင်စားခဲ့ကြပြီး အက်တလက်တီကိုမက်ဒရစ်ကို ပြောင်းရွှေ့ဖို့လည်း နီးစပ်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း အပြောင်းအရွှေ့ ပျက်ခဲ့ပြီး ရိုးမားက ဝင်ရောက် ကမ်းလှမ်းချိန်မှာတော့ ကစားသမား ဘက်က သဘောတူညီခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ ဒိုဗစ်ခ် ရဲ့ အပြောင်းအရွှေ့ အတွက် ရိုးမားနဲ့ ဂီရိုနာ နှစ်သင်း အကြား သဘောတူညီမှု ရရှိဖို့သာ လိုအပ်တော့ပါတယ်။ စီးရီးအေ ကလပ် အနေနဲ့ ဒိုဗစ်ခ်ကို ပြောင်းရွှေ့ကြေး ယူရို သန်း ၃၀ ဝန်းကျင်လောက်နဲ့ ခေါ်ယူသွားနိုင်ဖွယ် ရှိနေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်