နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရက်ရှ်ဖို့ဒ်နဲ့ အိုဆင်မ်ဟန်ကို အလဲထပ် ပြုလုပ်ချင်နေတဲ့ နာပိုလီ | စီးရီးအေ

စီးရီးအေ ထိပ်သီး နာပိုလီ ကတော့ သူတို့ အသင်းရဲ့ တိုက်စစ်မှူး ဗစ်တာ အိုဆင်မ်ဟန်နဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်ကို ကစားသမားချင်း အလဲအထပ် ပြုလုပ်သွားဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက် ကနေ ထွက်ခွာဖို့တောင် စကားတွေ ဆိုထားပြီး အိုဆင်မ်ဟန် ကလည်း အသင်း ပြောင်းရွှေ့ဖို့ ဆန္ဒပြင်းပြနေသူလည်း ဖြစ်ပါတယ်။

နိုင်ဂျီးရီးယား လက်ရွေးစင် တိုက်စစ်မှူး အိုဆီမန် ကတော့ စီးရီးအေ ကလပ် နာပိုလီရဲ့ အရေးပါတဲ့ ကစားသမား တစ်ဦး ဖြစ်ပေမယ့်လည်း ဒီနွေမှာ အသင်း ကနေ ထွက်ခွာဖို့ တာဆူနေခဲ့သလို ဂါလာတာဆာရေးဆီ ကိုပါ တစ်ရာသီ အငှားချခဲ့ပါတယ်။ တစ်ဖက် မှာလည်း ယူနိုက်တက် အကယ်ဒမီထွက် တိုက်စစ်ကစားသမား ရက်ရှ်ဖို့ဒ်က၂၀၁၅ ခုနှစ် ကတည်းက စီနီယာ အသင်းကြီး အတွက် စတင် ကစားခွင့် ရခဲ့ပေမယ့်လည်း ကစားသမားဘဝ အကောင်းဆုံး အချိန်အပိုင်းအခြားကို ရောက်ရှိလာသည့်တိုင်အောင် အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် အားထားရခြင်း မရှိတာကြောင့် အသင်း ဘက်က သည်းခံနိုင်စွမ်း ကုန်ဆုံးသလောက် ရှိနေပြီ ဖြစ်ပါတယ်။

စီးရီးအေ ကလပ် အနေနဲ့ အိုဆင်မ်ဟန်ကို ဘယ်အသင်းဆီ လက်လွှတ်သွားမလဲ ဆိုတာတော့ စောင့်ကြည့်ရတော့မှာလည်း ဖြစ်ပါတယ်။
ရက်ရှ်ဖို့ဒ်ကို လာမယ့် အပြောင်းအရွှေ့မှာ အသင်း ကနေ ရောင်းထုတ်မယ့် ယူနိုက်တက်

လက်ရှိမှာ ယူနိုက်တက်က ရက်ရှ်ဖို့ဒ်ကို အသင်း ကနေ ရောင်းထုတ်သွားဖို့ ပြင်ဆင်လာခဲ့ပြီး လာမယ့် ဇန်နဝါရီ ဆောင်းဈေးကွက်မှာတင်ပဲ သင့်တော်တဲ့ ကမ်းလှမ်းမှုတွေ ရလာခဲ့မယ် ဆိုရင် ရောင်းထုတ်သွားဖွယ်လည်း ရှိနေပါတယ်။ ဒီအခြေအနေကို ဥရောပ ထိပ်တန်း ကလပ် တချို့က စောင့်ကြည့်နေပြီးတော့ အရ ခေါ်ယူသွားဖို့လည်း ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။ ဒီအချိန်မှာ နာပိုလီက အသင်းနဲ့ သေချာပေါက် လက်တွဲဖြုတ်တော့မယ့် ဗစ်တာ အိုဆင်မ်ဟန်နဲ့ ယူနိုက်တက် ဘက် ကနေ ရောင်းထုတ်ဖို့ သေချာနေတဲ့ ရက်ရှ်ဖို့ဒ် တိုကို ကစားသမားချင်း အလဲအလှယ် ပြုလုပ်သွားဖို စီစဉ်နေခဲ့ပြီး အမှန်တကယ် ကမ်းလှမ်းလာခဲ့မယ် ဆိုရင်တော့ ယူနိုက်တက် ဘက်ကလည်း လက်ခံသွားဖွယ် ရှိနေပါတယ်။

သတင်းတွေ အရ ဆိုရင်တော့ ယူနိုက်တက်ဟာ ဗစ်တာ အိုဆင်မ်ဟန်ကို ခေါ်ယူဖို တော်တော်လေး စိတ်ဝင်စားနေခဲ့သလို အကယ်၍ အလဲအလှယ် မဟုတ်ခဲ့ရင်တောင်မှ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကစားသမား အတွက် ကမ်းလှမ်းမှုတွေ လုပ်ဆောင်သွားဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း အိုဆင်မ်ဟန်က ဂါလာတာဆာရေးမှာ အငှားစာချုပ် ပြည့်တဲ့ အချိန်ထိ ကစားသွားဖို့ ရှိနေတာကြောင့် အပြောင်းအရွှေ့က လာမယ့် နွေရာသီ မှသာ ဖြစ်ပေါ်လာဖွယ် ရှိနေတာ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ပြင်သစ် ထိပ်သီး ပီအက်စ်ဂျီက အိုဆင်မ်ဟန်ကို လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ ခေါ်ယူသွားရန် စီစဉ်နေကြောင်း RMC Sport က ဖော်ပြထားခဲ့ပါတယ်။ ပီအက်စ်ဂျီဟာ အသင်းရဲ့ တိုက်စစ်မှူး ကီလီယန် အမ်ဘာပေး ထွက်ခွာသွားပြီးနောက် အသင်းရဲ့ တိုက်စစ်ပိုင်းကို ထိပ်တန်း တိုက်စစ်မှူး တစ်ဦးနဲ့ အင်အားဖြည့်တင်းဖို့ ရည်မှန်းထားတာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီဟာ အိုဆင်မ်ဟန်ကို ပြီးခဲ့တဲ့ နွေရာသီတည်းက ခေါ်ယူဖို့ ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြင်သစ် ကလပ်က အိုဆင်မ်ဟန်ရဲ့ ခြေစွမ်းကို မယုံကြည်ခဲ့တာကြောင့် ခေါ်ယူဖို့ လက်တွန့်ခဲ့ပြီး လက်ရှိ ဂါလာတာဆာရေးမှာ ပြသနေတဲ့ ခြေစွမ်းကြောင့်သာ ခေါ်ယူဖို့ ပြန်လည် စိတ်ဝင်စားလာခဲ့တာ ဖြစ်ပါတယ်။ စီးရီးအေ ကလပ် အနေနဲ့ အိုဆင်မ်ဟန်ကို ဘယ်အသင်းဆီ လက်လွှတ်သွားမလဲ ဆိုတာတော့ စောင့်ကြည့်ရတော့မှာလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်