အတ္တလန္တာ – နာပိုလီ
စနေနေ့ ဂီးဝစ်ကွင်းမှာ အခုအပတ်ရဲ့ အကောင်းဆုံး စီးရီးအေ ပွဲစဉ် အဖြစ် အတ္တလန္တာနဲ့ နာပိုလီတို့ တွေ့ဆုံယှဉ်ပြိုင်သွားကြမှာ ဖြစ်ပါတယ်။ ဒီပွဲဟာ နှစ်သင်းစလုံး အတွက် ထိပ်ဆုံး ၄ နေရာ တိုက်ပွဲ ဆိုရင်လည်း မမှားပါဘူး။
အတ္တလန္တာဟာ နောက်ဆုံး ကစားခဲ့တဲ့ အူဒီးနီးစ်နဲ့ စီးရီးအေ ပွဲစဉ်မှာ သရေကျခဲ့ပြီးနောက် ရမှတ် ၂၀ နဲ့ အဆင့် ၅ နေရာမှာ ရပ်တည်နေရတာ ဖြစ်ပါတယ်။
နာပိုလီ ကလည်း အမ်ပိုလီကို အိမ်ကွင်းမှာ အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့တာကြောင့် အဆင့် ၃ နေရာကို တက်လှမ်းနိုင်မယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရပါတယ်။ ဒါကြောင့် နေပဲလ် ကလပ်ဟာ ရမှတ် ၂၁ မှတ်နဲ့ စီးရီးအေ အဆင့် ၄ နေရာမှာသာ ဆက်လက် ရပ်တည်ခဲ့ရတာ ဖြစ်ပါတယ်။
နှစ်ဖက်အသင်း သတင်းများ
ဖြစ်နိုင်ဖွယ် လူစာရင်း
အတ္တလန္တာ – ကာနီဆက်ချီ၊ ကိုလာစီနက်၊ ဂျင်စီတီ၊ ဒီရွန်း၊ ဟာတီဘိုဝါ၊ ကုမိန်နာစ်၊ အီဒါဆန်၊ ဘက်ကာ၊ မီရန်ချွတ်၊ မူရီယယ်လ်၊ ပါဆာလစ်
နာပိုလီ – ဂိုလီနီ၊ အိုလီဗီရာ၊ အိုစတီဂတ်၊ ရာမာနီ၊ ဒီ လော်ရန်းဇိုး၊ အန်ဂစ်ဆာ၊ လိုဘော့တ်ကာ၊ ပိုလီတာနို၊ ရပ်စ်ပါဒိုရီ၊ ခဗာရာစခီလီယာ၊ ဆီမြွန်နီ
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်း အကြား ၂၉ ကြိမ် တွေ့ဆုံခဲ့ရာမှာ အတ္တလန္တာက ၁၂ ပွဲ နိုင် ၅ ပွဲ သရေ နာပိုလီက ၁၂ ပွဲ အနိုင်ရခဲ့ပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ၅ ပွဲမှာ အတ္တလန္တာက ၂ ပွဲ နိုင် ၂ ပွဲ သရေ ၁ ပွဲ ရှုံးခဲ့ပြီး နာပိုလီက ၂ ပွဲ နိုင် ၂ ပွဲ သရေ ၁ ပွဲ ရှုံးခဲ့ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်များ
SBOTOP ရဲ့ 1X2 မှာ အတ္တလန္တာ နိုင်ရင် ၂.၆၃ ဆ၊ နာပိုလီ နိုင်ရင် ၂.၆၀ ဆနဲ့ သရေ ဆိုရင် ၃.၄၀ ဆပါ။ Handicap မှာ ဒဲ့ပေးထားပြီး နှစ်သက်ရာ အသင်း ဘက်ကနေ ရပ်တည်လို့ရပါတယ်။ ဂိုးပေါင်း ကတော့ ၂ လုံး အရှုံးပါ။ အတ္တလန္တာနဲ့ နာပိုလီ တို့ဟာ ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ မှတ်တမ်းတွေမှာလည်း ခြေမျှနေပြီး နောက်ဆုံး ကစားခဲ့ကြတဲ့ ၅ ပွဲစလုံး မှာလည်း ရလဒ်တွေက တထပ်တည်း တူညီနေတာကြောင့် ခြေတူ သရေကျဖို့ များပါတယ်။
ခန့်မှန်းရလဒ်
အတ္တလန္တာ ၂-၂ နာပိုလီ
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.