အခုတစ်ခါမှာတော့ ဒီဇင်ဘာ ၂၅ ရက်နေ့ အတွက် ရရှိထားသမျှ စီးရီးအေရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
အီတလီ ဗဟိုခံစစ်မှူး အလက်ဆန်ဒရို ဘက်စတိုနီ အနေနဲ့ အင်တာမီလန်နဲ့ စာချုပ်သက်တမ်း မတိုးဖြစ်ခဲ့ရင်တော့ လစ်ဗာပူးလ်က ကြိုးပမ်းသွားဖို့ ရှိနေပါတယ်။ စီးရီးအေရဲ့ ထိပ်တန်း နောက်ခံလူ ကိုတော့ ဘာစီလိုနာ ကလည်း အပြိုင် ကြိုးပမ်းသွားဖို့ ရှိနေကြောင်း သိရပါတယ်။
လစ်ဗာပူးလ် အတွက် နောက်ထပ် ပစ်မှတ် တစ်ခု ကတော့ အသက် ၁၇ နှစ်အရွယ် ဂရီမီယို တောင်ပံ ကစားသမား ဂါဘရီယယ် မက်ခ် ဖြစ်ပါတယ်။ ဒီကစားသမား ကိုတော့ ဘရာဇီးလ်က ယူရို ၁၅ သန်း (ပေါင် ၁၃.၁ သန်း၊ ဒေါ်လာ ၁၇.၆ သန်း) နဲ့ ကမ်းလှမ်းဖို့ မျှော်လင့်ထားပေမယ့် ဘရာဇီးလ် ကလပ် ကတော့ ပိုမြင့်တဲ့ ပြောင်းရွှေ့ကြေးကို တောင်းဆိုဖို့ ရှိနေကြောင်း Fábio Vargas က ဖော်ပြပါတယ်။
ရီးရဲလ်မက်ဒရစ် တောင်ပံ ကစားသမား ဗင်နီးစီးယပ်စ် ကတော့ သူ့ရဲ့ အေးဂျင့်တွေကို ချဲလ်ဆီး၊ လစ်ဗာပူးလ်နဲ့ မန်ချက်စတာစီးတီး တို့လို့ ပရီးမီးယားလိဂ် ကလပ်ကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားကြောင်း အသိပေးခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ် ဘက်ကလည်း ဗင်နီ အနေနဲ့ စာချုပ်သစ် အတွက် အဆိုပြုချက် စည်းကမ်းချက်တွေ ကိုသာ ဆက်လက် ငြင်းပယ်နေဦးမယ် ဆိုရင်တော့ ၂၀၂၆ ခုနှစ်မှာ ရောင်းထုတ်ဖို့ ရှိနေပါတယ်။
စီးရီးအေ ထိပ်သီး အင်တာမီလန်နဲ့ ဂျူဗင်တပ်စ် နှစ်သင်းစလုံးက အဲလ်ဟီလာ ကွင်းလယ် ကစားသမား ရူဘန် နီးဗက်စ်ကို အပြိုင်အဆိုင် ခေါ်ယူချင်နေကြပါတယ်။ ဒါပေမယ့်လည်း ပေါ်တူဂီ လက်ရွေးစင် ကစားသမားက ပရီးမီးယားလိဂ်ကို ပြန်လာဖို့ စိတ်ပိုင်းဖြတ်ထားဆဲ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်နဲ့ နယူးကာဆယ် ယူနိုက်တက် နှစ်သင်းစလုံးက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

ရိုးမားနဲ့ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ဂျော်ရွှာ ဇစ်ခ်ဇီး တို့အကြား ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိဖို့ ဆွေးနွေးမှုတွေ တိုးတက်နေပေမယ့်လည်း ယူနိုက်တက် ဘက်ကတော့ သဘောတူညီချက် မပေးရသေးကြောင်း ဖာဘရီဇီယို ရိုမာနိုက ဖော်ပြပါတယ်။
ချဲလ်ဆီး ကတော့ ဒေါ့မန်မှာ အငှားနဲ့ သွားရောက် ကစားပြီး ခြေစွမ်းပြနေတဲ့ ဗဟိုနောက်ခံလူ အာရွန် အန်ဆဲလ်မီနိုကို ပြန်လည် ခေါ်ယူနိုင်ဖွယ် ရှိနေပါတယ်။ အာဂျင်တီးနား လူငယ်ကစားသမားဟာ ဒေါ့မန်မှာ ပျော်ရွှင်စွာ ဖြတ်သန်းနေပြီးတော့ ထွက်ခွာဖို့ မျှော်လင့်မထားကြောင်း Sky Sport Germany က ဖော်ပြပါတယ်။
ဂျူဗင်တပ်စ် ဗဟိုနောက်ခံလူ ဂလိုင်ဆင် ဘရီမာ ကတော့ ဘာစီလိုနာရဲ့ ပစ်မှတ် စာရင်းမှာ ပါဝင်နေပေမယ့် ယူရို သန်း ၆၀ ကျော် (ပေါင် ၅၂.၅ သန်း၊ ဒေါ်လာ ၇၀.၃ သန်း) တန်ကြေးက ထင်ရှားတဲ့ ပြဿနာတစ်ခု ဖြစ်လာနိုင်ကြောင်း Fichajes က ဖော်ပြပါတယ်။
အက်စတွန်ဗီလာ ကတော့ ဝုဗ် ဘယ်နောက်ခံလူ ဒေးဗစ် မိုလာ ဝုဖ်ကို ဘရိုက်တန်နဲ့ အပြိုင် ခေါ်ယူဖို့ ကြိုးပမ်းသွားဖွယ် ရှိနေကြောင်း Football Insider က ဖော်ပြပါတယ်။ အက်စတွန်ဗီလာရဲ့ နောက်ထပ် ပစ်မှတ် တစ်ခုက အသက် ၂၁ နှစ် အရွယ် နယူးယောက် ရက်ဘူးလ် တောင်ပံ ကစားသမား မိုဟာမက် ဆိုဖို့ ဖြစ်ပါတယ်။
ဘုန်းမောက် တောင်ပံ ကစားသမား အန်တိုနီယို ဆီမီညိုရဲ့ ငြင်းပယ်ခြင်း ခံရပြီးနောက် တော့တင်ဟမ်ဟော့စပါးက မန်ချက်စတာစီးတီး တိုက်စစ်မှူး အိုမာ မာမွတ်ရှ်ကို ပြောင်းလဲ ပစ်မှတ်ထားလာကြောင်း သိရပါတယ်။ မာမွတ်ရှ် ကတော့ မန်စီးတီးမှာ ပွဲကစားချိန် နည်းပါးနေတာကြောင့် စိတ်ပျက်နေပြီး အသင်းပြောင်းရွှေ့ဖို့ စဉ်းစားနေသူ ဖြစ်ပါတယ်။
ဝက်စ်ဟမ်းယူနိုက်တက် နည်းပြ နူနို အက်စ်ပီရီတို ဆန်တို ကတော့ ဖူလ်ဟမ် တောင်ပံ ကစားသမား အဒမ်မာ ထရာအိုရေးကို ခေါ်ယူဖို့ စီစဉ်နေပါတယ်။ ကစားသမား ကတော့ လန်ဒန် ကလပ်နဲ့ စာချုပ်သက်တမ်း နောက်ဆုံး ၆ လထဲကို ရောက်ရှိနေပြီး ဇန်နဝါရီ အပြောင်းအရွှေ့မှာ အသင်းပြောင်းဖို့ အသင့်ရှိနေပါတယ်။ လက်ရှိမှာ အသင်း နှစ်သင်း အကြား ဆွေးနွေးမှုတွေ ဆက်လက် လုပ်ဆောင်နေကြောင်း Daily Mail က ဖော်ပြပါတယ်။
ဝက်စ်ဟမ်းယူနိုက်တက်ကို မပြောင်းရွှေ့မယ့် နောက်ထပ် ကစားသမား တစ်ဦးက ဂျက်ဆီ လင်ဂတ် ဖြစ်ပါတယ်။ မကြာသေးခင်ကမှ တောင်ကိုရီးယား ကလပ် အက်ဖ်စီ ဆိုးလ် ကနေ ထွက်ခွာခဲ့တဲ့ အသက် ၃၃ နှစ် အရွယ် ကစားသမားနဲ့ ဝက်စ်ဟမ်တို့ အကြား ဆွေးနွေးမှုတွေ ပြုလုပ်နေပြီ ဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်နေပေမယ့်လည်း ကစားသမား ကတော့ ပြန်လည် ပေါင်းစည်းဖို့ စိတ်မဝင်စားကြောင်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


