နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အိုလံပီကိုမှာ နိုင်ပွဲ ပြန်ရှာမယ့် လာဇီယို | စီးရီးအေ (ပွဲကြိုသုံးသပ်ချက်)

လာဇီယို – ကိုမို

အခုတစ်ပတ် စီးရီးအေ ပွဲစဉ် ၂၀ ရဲ့ အစောဆုံး ပွဲစဉ် အဖြစ် လာဇီယိုနဲ့ ကိုမိုတို့ အိုလံပီကိုမှာ ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။ ပြီးခဲ့တဲ့ စီးရီးအေ နှစ်ပွဲဆက် နိုင်ပွဲ ပျောက်နေခဲ့တဲ့ လာဇီယိုတို့ ဇယား အောက်နားက ကိုမိုနဲ့ အတွေ့မှာ နိုင်ပွဲ ပြန်ရှာတွေ့သွားမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

လာဇီယိုက နောက်ဆုံး ၅ ပွဲမှာ အနိမ့်အမြင့် အတက်အကျ ကြမ်းခဲ့ပါတယ်။ မာကို ဘာရွန်နီရဲ့ အသင်းက ယူရိုပါလိဂ်မှာ အေဂျက်စ်ကို ဂိုးပြတ် နိုင်ခဲ့ပေမယ့် စီးရီးအေ မှာတော့ အင်တာမီလန်ကို အိမ်ကွင်းမှာ ၀-၆ ရလဒ်နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ပါတယ်။ အဲဒီနောက် လက်ချီကို ပြန်နိုင်ပြီး နောက်ဆုံး ၂ ပွဲမှာတော့ အတ္တလန္တာနဲ့ သရေ၊ မြို့ခံ ပြိုင်ဘက် ရိုးမား ကိုတော့ ၂ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒီရာသီ စီးရီးအေမှာ လာဇီယိုရဲ့ ခြေစွမ်းက သိပ်ပြီး မဆိုးလှပေမယ့် ရှုံးပွဲ ကတော့ ၆ ပွဲ အထိ ရှိထားပါတယ်။ လာဇီယိုရဲ့ ရှုံးပွဲ အများစုက အဝေးကွင်းမှာ ဖြစ်ပြီး အိမ်ကွင်းမှာတော့ ၉ ပွဲ ကစားရာမှာ ၆ ပွဲနိုင်၊ ၂ ပွဲ သရေကျပြီး ၁ ပွဲသာ ရှုံးထားပါတယ်။

ဒီရာသီမှ စီးရီးအေကို တန်းတက်လာတဲ့ ကိုမိုဟာ နိုင်ပွဲထက် သရေပွဲနဲ့ ရှုံးပွဲတွေ များနေပြီး တန်းဆင်းဇုန်ရဲ့ အထက်မှာ ၁ မှတ် အကွာနဲ့ ရပ်တည်နေပါတယ်။ ကိုမိုဟာ စီးရီးအေ နောက်ဆုံး ၅ ပွဲမှာ အင်တာမီလန် တစ်သင်းတည်းကို ရှုံးနိမ့်ထားခဲ့ပြီး မွန်ဇာ၊ ဗင်နီဇီယာ တို့နဲ့ သရေကျကာ ရိုးမားနဲ့ လက်ချီ ကိုတော့ အနိုင်ကစားထားတာ တွေ့ရပါတယ်။ ကိုမိုတို့ တန်းပြန် မဆင်းချင်တာကြောင့် ရုန်းအားတချို့ မြင်တွေ့လာရပြီး ဒီပွဲမှာလည်း လာဇီယို ဆီက တတ်နိုင်သမျှ အမှတ်ရဖို့ ကြိုးစားပါလိမ့်မယ်။

 

နှစ်ဖက်အသင်း သတင်းများ

အခုပွဲ ကိုတော့ အဓိက တိုက်စစ်မှူး ကတ်စတယ်လာနို့စ် အပါအဝင် ဂီလာနဲ့ ဇကာညီတို့ ပွဲပယ် ပြစ်ဒဏ်ကြောင့် လွဲချော်ကြမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဗက်စီနိုနဲ့ ပက်ဒရို တို့လည်း ဒဏ်ရာကြောင့် ပါဝင်ကစားနိုင်ဦးမှာ မဟုတ်ပါဘူး။

ကိုမို မှာတော့ ဂိုလ်ဒါနီဂါ၊ ပါရိုနီနဲ့ ရော်ဘတ်တိုတို့ ဒဏ်ရာတွေကြောင့် လွဲချော်ကြမှာ ဖြစ်ပါတယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း

ဒီရာသီမှ စီးရီးအေကို တန်းတက်လာတဲ့ ကိုမိုဟာ နိုင်ပွဲထက် သရေပွဲနဲ့ ရှုံးပွဲတွေ များနေပြီး တန်းဆင်းဇုန်ရဲ့ အထက်မှာ ၁ မှတ် အကွာနဲ့ ရပ်တည်နေပါတယ်။
စီးရီးအေ တန်းဆင်းဇုန်ရဲ့ အထက်မှာ တစ်မှတ် အကွာနဲ့ ရပ်တည်နေတဲ့ ကိုမို

လာဇီယို – ပရိုဗီဒယ်၊ လက်ဇာရီ၊ ရိုမက်ဂ်နိုလီ၊ ဂီဂေါ့တ်၊ တာဗာရက်စ်၊ ရိုဗယ်လာ၊ ဂွန်ဒိုဇီ၊ ချာအိုအူနာ၊ ဒယ်လီ ဘာရှီရူ၊ အီဆာကန်၊ ဒီရာ

ကိုမို – ရိန်နာ၊ ဗန်ဒါဘရန့်ပ်၊ ဒေါ့ဆီနာ၊ ကမ့်ဖ်၊ မိုရီနို၊ ဒါကူညာ၊ အန်ဂဲလ်ဟတ်၊ စထရက်ဖက်ဇာ၊ ပက်ဇ်၊ ဖက်ဒီရာ၊ ကတ်ထရုန်း

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ၁ ကြိမ်သာ တွေ့ဆုံထားခဲ့ပြီး‌တော့ ဒီရာသီ စီးရီးအေ ပထမအကျော့မှာ ဖြစ်ပါတယ်။ အဲဒီပွဲမှာ လာဇီယိုက ကိုမို အိမ်ကွင်းမှာ တိုက်စစ် ခြေစွမ်းပြပြီး ၁-၅ ရလဒ်နဲ့ အနိုင်ရထားခဲ့ပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ လာဇီယို နိုင်ရင် ၁.၈၁ ဆ၊ ကိုမို နိုင်ရင် ၄.၁၄ ဆ၊ သရေ ဆိုရင်တော့ ၃.၂၆ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ်မှာ လာဇီယိုက တစ်လုံး တစ်ဝက်စား၊ သရေ အရှုံး၊ တစ်လုံး တစ်ဝက် ရှုံး ကြေးတွေ ပေးထားပြီး ဂိုးပေါင်း ကတော့ ၂ လုံးက စဖွင့်ပါတယ်။ ကိုမိုက နောက်ပိုင်း ပွဲတွေမှာ ရှုံးပွဲတွေ နည်းလာပြီး တန်းဆင်းဇုန် ဖိအားတွေ အောက်ကနေ ရုန်းထွက်ဖို့ ကြိုးစားနေပါတယ်။ ဒါကြောင့် လာဇီယိုတို့ သတိထားဖို့ လိုအပ်ပါတယ်။ ခြေစွမ်းနဲ့ စုဖွဲ့မှု အရတော့ လာဇီယိုတို့ ကိုမိုကို အနိုင်ရဖို့ ခက်ခဲမယ်တော့ မထင်ပါဘူး။ လာဇီယို ၂ ဂိုးပြတ်လောက်နဲ့ အနိုင်ရသွားမယ် ထင်ပါတယ်။

ခန့်မှန်းရလဒ်

လာဇီယို ၂-၀ ကိုမို

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်