နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လူကာကူကို မခေါ်ယူဖို့ ဂျူဗင်တပ်စ်ကို အသင်း ပရိသတ်တွေ ဆက်တိုက် ဆန္ဒပြနေ (စီးရီးအေ သတင်းများ)

ဒီတစ်ခါ မှာတော့ ဩဂုတ်လ ၁၀ ရက်နေ့ အထိ ရရှိထားသမျှ စီးရီးအေ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


လူကာကူကို မခေါ်ယူဖို့ ဂျူဗင်တပ်စ်ကို အသင်း ပရိသတ်တွေ ဆက်တိုက် ဆန္ဒပြနေ

ရိုမယ်လူ လူကာကူကို ခေါ်ယူဖို့ ပြင်ဆင်နေတဲ့ ဂျူဗင်တပ်စ်ရဲ့ လုပ်ရပ်ကို အသင်း ပရိသတ်တွေက နှစ်မြို့ခြင်း မရှိဘဲ ဆက်တိုက် ဆန့်ကျင် ဆန္ဒပြနေပါတယ်။ အင်တာမီလန် တိုက်စစ်မှူးဟောင်းဟာ လက်ရှိနွေရာသီ အပြောင်းအရွှေ့မှာ ချဲလ်ဆီး ကနေ အပြီးသတ် ထွက်ခွာဖို့ ပြင်ဆင်နေပါတယ်။ လူကာကူကို ခေါ်ယူဖို့ စီးရီးအေ ကလပ် ဂျူဗင်တပ်စ် ကပဲ ကြိုးပမ်းနေတာပါ။

လူကာကူ အနေနဲ့ အင်တာမီလန်နဲ့ အတူ စီးရီးအေ အမှတ်ပေးချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ဖူးသလို ပြီးခဲ့တဲ့ ရာသီမှာလည်း အင်တာမီလန်ကို အငှားနဲ့ လာရောက် ကစားခဲ့ပါသေးတယ်။

ဂျူဗင်တပ်စ် ပရိသတ်တွေ ကတော့ လူကာကူကို မခေါ်ယူဖို့ အတွက် အရင်ကလည်း အသင်းရဲ့ ဆေးကုသရေးစင်တာရှေ့မှာ ဆန္ဒပြခဲ့ဖူးသလို ဂျူဗင်တပ်စ် အသင်းကြီးက အရန်အသင်းကို (၈) ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ ခြေစမ်းပွဲမှာလည်း ပရိသတ်တွေက ကွင်းအတွင်း ကျူးကျော်ဝင်ရောက်ကာ လူကာကူကို မခေါ်ဖို့ ဆန္ဒပြခဲ့ကြပါတယ်။


ရိုင်းမ်စ် ကွင်းလယ်လူကို ခေါ်ယူမယ့် နာပိုလီ

နာပိုလီဟာ ပြင်သစ် လီဂူးကလပ် ရိုင်းမ်စ်ရဲ့ ကွင်းလယ်လူ ဂျင်းစ် ကာဂျူစတေးကို ခေါ်ယူဖို့ အတွက် ပြင်ဆင်နေကြောင်း သိရပါတယ်။ အသက် (၂၃) နှစ်အရွယ် ဒီကွင်းလယ်လူဟာ လွန်ခဲ့တဲ့ တစ်နှစ်ခွဲကမှ မစ်ဂျယ်လန်း ကနေ ရိုင်းမ်စ်ကို ပြောင်းရွှေ့ကြေး ယူရို (၁၀) သန်းနဲ့ ရောက်ရှိလာခဲ့တာပါ။

ကာဂျူစတေးက အသင်းနဲ့ ပြီးခဲ့တဲ့ရာသီမှာ ပုံစံကောင်းတွေ ပြသနိုင်ခဲ့သလို အသင်းနဲ့လည်း (၂၀၂၆) ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ်ကို ချုပ်ဆိုထားကြောင်း သိရပါတယ်။ စီးရီးအေရဲ့ လက်ရှိ ချန်ပီယံ ကတော့ အသင်းရဲ့ ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းဖို့ ဆွီဒင် လက်ရွေးစင် ကြယ်ပွင့်ကို ပစ်မှတ်ထားနေတာ ဖြစ်ပြီး ကစားသမား ကိုယ်တိုင် ကလည်း ချန်ပီယံလိဂ် ကစားချင်နေပါတယ်။

နာပိုလီ အနေနဲ့ ကာဂျူစတေးကို ခေါ်ယူမယ် ဆိုရင် ပြောင်းရွှေ့ကြေး ယူရို (၁၀) သန်းနဲ့ အထက် အသုံးပြုရမှာ ဖြစ်ပြီး ကစားသမားနဲ့လည်း (၅) နှစ် စာချုပ်ချုပ်ဆိုသွားဖို့ ပြင်ဆင်ထားပါတယ်။


ကယ်ဂလီယာရီနဲ့ လမ်းခွဲပြီးရင် အနားယူမယ့် ရာနီရေးရီ

ကယ်ဂလီယာရီကို စီးရီးဘီ ကနေ စီးရီးအေကို တန်းတက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ နည်းပြကြီး ကလော်ဒီယို ရာနီရေးရီက အခုနည်းပြ အလုပ်ဟာ သူ့ရဲ့ ဘဝ အတွက် နောက်ဆုံး ဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။

ကယ်ဂလီယာရီကို စီးရီးဘီ ကနေ စီးရီးအေကို တန်းတက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ နည်းပြကြီး ကလော်ဒီယို ရာနီရေးရီက အခုနည်းပြ အလုပ်ဟာ သူ့ရဲ့ ဘဝ အတွက် နောက်ဆုံး ဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။
ဥရောပ နာမည်ကြီး ကလပ်တွေကို နည်းပြခဲ့ဖူးတဲ့ ကလော်ဒီယို ရာနီရေးရီ

ရာနီရေးရီဟာ ပြီးခဲ့တဲ့ (၂၀၁၆) ခုနှစ်ကလည်း လက်စတာ နည်းပြ အဖြစ်နဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို အံ့အားသင့်ဖွယ် ဆွတ်ခူးနိုင်ခဲ့ဖူးပါတယ်။ သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်လို့ ရာနီရေးရီက ကယ်ဂလီယာရီ နည်းပြ အလုပ်က ဘဝအတွက် နောက်ဆုံး အလုပ် ဖြစ်တယ်လို့ ဆုံးဖြတ်ထားကြောင်း၊ ဒီမှာပဲ နည်းပြဘဝကို အနားယူသွားမှာ ဖြစ်ကြောင်း၊ ဒါပေမယ့် ဘယ်အချိန်မှာ အနားယူမယ် ဆိုတာ ကိုတော့ မဆုံးဖြတ်ရသေးကြောင်း ပြောကြားခဲ့ပါတယ်။

ရာနီရေးရီဟာ ကယ်ဂလီယာရီကို လာမယ့်တစ်ရာသီ ဆက်လက် ကိုင်တွယ်သွားဖို့ သေချာသလောက် ရှိနေပြီး နောက်လာမယ့် နွေရာသီမှာတော့ နည်းပြဘဝ ကနေ အနားယူသွားနိုင်ဖွယ် ရှိနေတာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်