နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အင်တာမီလန် ဒါရိုက်တာတွေကို အပြင်းအထန် ဝေဖန်လိုက်တဲ့ အယ်လီဂရီ၊ ဒီဘားလားရဲ့ စာချုပ်ပါ အချက်အလက်တွေ ပေါက်ကြားလာ (စီးရီးအေ နောက်ဆုံးရ သတင်းများ)

အင်တာမီလန် ဒါရိုက်တာတွေကို အပြင်းအထန် ဝေဖန်လိုက်တဲ့ အယ်လီဂရီ၊ ဒီဘားလားရဲ့ စာချုပ်ပါ အချက်အလက်တွေ ပေါက်ကြားလာ စတဲ့ သတင်းတွေ အပါအဝင် ဧပြီလ ၂၉ ရက်နေ့ ညနေခင်းရဲ့ စီးရီးအေ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


အင်တာမီလန် ဒါရိုက်တာတွေကို သောက်တလွဲကောင်တွေလို့ ပြောခဲ့တဲ့ အယ်လီဂရီ

ဂျူဗင်တပ်စ် နည်းပြ မက်စ် အယ်လီဂရီက အင်တာမီလန်ကို အဝေးကွင်းမှာ ၁-၀ ဂိုးနဲ့ အရေးနိမ့်ကာ ကိုပါအီတလီယာ ဆီမီးဖိုင်နယ်က ထွက်ခဲ့ရတဲ့နောက် ပြိုင်ဘက် ဒါရိုက်တာတွေကို အော်ဟစ် ပြောဆိုခဲ့ကြောင်း သိရှိရပါတယ်။

အင်တာမီလန်က ဂျူဗင်တပ်စ်ကို နှစ်ကျော့ပေါင်း ရလဒ် ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပြီး အယ်လီဂရီ ကတော့ ပွဲအပြီးမှာ ဒေါသပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ ပွဲအပြီး အဝတ်လဲခန်းထဲကို သွားရောက်ချိန်မှာ အယ်လီဂရီက အင်တာမီလန် ဒါရိုက်တာတွေ ဖြစ်ကြတဲ့ ဒါရီယို ဘက်ဆင်၊ ဘက်ပီ မာရော့တာ တို့ဘက်ကို လှည့်ကာ “မင်းတို့ ကောင်တွေက သောက်တလွဲတွေ၊ အဆင့် (၆) ပဲရမှာ” လို့ အော်ဟစ်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဂျူဗင်တပ်စ် ကစားသမားတွေ ကိုလည်း အသင်း အနေနဲ့ ရာသီကုန် စီးရီးအေ အမှတ်ပေးဇယား ရပ်တည်မှုမှာ အင်တာမီလန် အပေါ်မှာ သေချာပေါက် ရှိနေဖို့ လိုအပ်ကြောင်း၊ အင်တာမီလန်ကို ချန်ပီယံလိဂ် မဝင်အောင် သေချာပေါက် လုပ်ရမှာ ဖြစ်ကြောင်း အယ်လီဂရီက ပြောကြားခဲ့ပါတယ်။


နာပိုလီရဲ့ ဒီတစ်ပတ် ပွဲချိန် အပြောင်းအလဲ ဖြစ်ခဲ့

နာပိုလီ တာဝန်ရှိသူတွေဟာ ဆလာနီတာနာနဲ့ ကစားမယ့်ပွဲ အတွက် ပွဲချိန်ကို ရွှေ့ဆိုင်းပေးဖို့ စီးရီးအေ တာဝန်ရှိသူတွေကို တောင်းဆိုခဲ့ပြီး ဒီပွဲကို တနင်္ဂနွေနေ့၊ ဧပြီ (၃၀) ရက်နေ့မှာ ကစားသွားမယ်လို့ သိရပါတယ်။

ဒီပွဲကို မူလက သောကြာနေ့မှာ ကစားဖို့ စီစဥ်ထားပြီး နာပိုလီ ဘက်ကတော့ အမှတ်ပေးဇယားမှာ အနီးကပ်ဆုံး ပြိုင်ဘက် လာဇီယိုပွဲ မတိုင်ခင် ချန်ပီယံဆု အတွက် အောင်ပွဲမခံလိုတာကြောင့် အခုလို ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုခဲ့ကြောင်း သိရပါတယ်။

လာဇီယိုသာ ဒီတစ်ပတ် အင်တာမီလန်နဲ့ ပွဲမှာ အမှတ်လျော့ခဲ့ပြီး နာပိုလီက နိုင်ပွဲရခဲ့တယ် ဆိုရင်တော့ နာပိုလီတို့ နှစ်ပေါင်း (၃၃) နှစ်ကြာ ဝေးကွာနေတဲ့ စီးရီးအေ ချန်ပီယံဆုကို တစ်ကျော့ပြန် ဆွတ်ခူးနိုင်တော့မှာဖြစ်ပါတယ်။

အစောပိုင်း မှာတော့ နာပိုလီရဲ့ ပွဲရွှေ့ဆိုင်းမှု တောင်းဆိုချက်ကို စီးရီးအေအဖွဲ့ချုပ်ဘက်က ငြင်းဆန်ခဲ့ပေမယ့် နောက်ပိုင်း မှာတော့ နေပယ်လ်မြို့တွင်း လုံခြုံရေးအခြေအနေတွေကြောင့် အခုလိုမျိုး ရွှေ့ဆိုင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။


ဒီဘားလားရဲ့ စာချုပ်ပါ အချက်အလက်တွေ ပေါက်ကြားလာ

စီးရီးအေ ပြင်ပက အသင်း တစ်သင်းက ဒီဘားလားကို ခေါ်ယူလိုတယ် ဆိုရင်တော့ ပေါင် (၁၀.၆) သန်းနဲ့ ခေါ်ယူနိုင်မှာ ဖြစ်ကြောင်းလည်း နာမည်ကျော် ဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနိုက ဖွင့်ဟခဲ့ပါတယ်။
ရိုးမားနဲ့ ဒီဘားလားရဲ့ စာချုပ်ပါ အချက်အလက်တွေ ပေါက်ကြားလာ

ရိုးမားနဲ့ တိုက်စစ် ကစားသမား ပေါ်လို ဒီဘားလားတို့ အကြား ချုပ်ဆိုထားတဲ့ စာချုပ်တစ်ရပ်က ပေါက်ကြားလာခဲ့ကြောင်း သိရပါတယ်။

အဆိုပါ အာဂျင်တီးနား ကြယ်ပွင့်ဟာ ပြီးခဲ့တဲ့ နွေရာသီကမှ ရိုးမားကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပြီး သူ့ရဲ့ စာချုပ်လျော်ကြေး အချို့ ကတော့ အံ့အားသင့်ဖွယ် ကောင်းလောက်အောင် နည်းပါးနေပါတယ်။ ဒီဘားလားကို စီးရီးအေ ကလပ် အသင်း တစ်သင်းက ခေါ်ယူချင်တယ် ဆိုရင် ပေါင် (၁၇.၆) သန်းနဲ့ ခေါ်ယူနိုင်မှာ ဖြစ်ပြီး ရိုးမား ဘက်က ဒါကို ငြင်းဆန်လိုတယ် ဆိုရင် ကစားသမားကို တစ်နှစ်လုပ်ခ ပေါင် (၃.၁) သန်းကနေ (၅.၃) သန်း အထိ တိုးပေးရမှာ ဖြစ်ပါတယ်။

စီးရီးအေ ပြင်ပက အသင်း တစ်သင်းက ဒီဘားလားကို ခေါ်ယူလိုတယ် ဆိုရင်တော့ ပေါင် (၁၀.၆) သန်းနဲ့ ခေါ်ယူနိုင်မှာ ဖြစ်ကြောင်းလည်း နာမည်ကျော် ဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနိုက ဖွင့်ဟခဲ့ပါတယ်။ ဒီဘားလားရဲ့ စာချုပ်ပါ လျော်ကြေး ပမာဏတွေက နည်းပါးနေပေမယ့် ရိုးမား နည်းပြ ဟိုဆေး မော်ရင်ဟို ကတော့ ဒီကစားသမားကို အသင်းမှာ ဆက်ထိန်းထားဖို့ ယုံကြည်ချက် ရှိနေကြောင်း သိရပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်