နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရမှတ် လျှော့ခံရမှု အတွက် အယူခံဝင်သွားမယ့် ဂျူဗင်တပ်စ်၊ ပီအက်စ်ဂျီကို အလွတ်ကြေးနဲ့ ပြောင်းရွှေ့ ကစားတော့မယ့် ရှက်ခရီညာ (စီးရီးအေ နောက်ဆုံးရ သတင်းများ)

ရမှတ်လျှော့ခံရမှု အတွက်အယူခံဝင်သွားမယ့်ဂျူဗင်တပ်စ်၊ ပီအက်စ်ဂျီကို အလွတ်ကြေးနဲ့ ပြောင်းရွှေ့ ကစားတော့မယ့် ရှက်ခရီညာ စတဲ့ သတင်းတွေ အပါအဝင် ဇန်နဝါရီ ၂၁ ရက်နေ့ရဲ့ စီးရီးအေ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ရမှတ်လျှော့ခံရမှု အတွက်အယူခံဝင်သွားမယ့်ဂျူဗင်တပ်စ်

ပြီးခဲ့တဲ့ အပြောင်းအရွှေ့တွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခံရပြီးနောက် စီးရီးအေ ကလပ် ဂျူဗင်တပ်စ်ကို ၁၅ မှတ် လျှော့လိုက်တယ်လို့ အီတလီ ဘောလုံးအဖွဲ့ချုပ်က ဒီကနေ့ မနက်ပိုင်းမှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။

ဂျူဗင်တပ်စ် အသင်းဟာ အတု ပြုလုပ်ထားတဲ့ အမြတ်ငွေတွေနဲ့ ကလပ်ရဲ့ လက်ကျန် ရှင်းတမ်းတွေကို ပြုပြင်ထားတယ်လို့ စွပ်စွဲခံထားရတာပါ။ ဂျူဗင်တပ်စ်ဟာ အခုအချိန်မှာ အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နေပေမယ့် ရမှတ် အနုတ်ခံလိုက်ရတာကြောင့် အဆင့် ၁၀ အထိ ကျဆင်းသွားခဲ့ပါတယ်။

စီးရီးအေ
ဂျူဗင်တပ်စ်
အတ္တလန်တာ
1X2 ဂျူဗင်တပ်စ် 2.13
ဂျူဗင်တပ်စ် အာရှ ဟန်းဒီးကပ် -0.25 @ 1.98
ဂိုးပေါ် 2.75 @ 2.33
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဥက္ကဌဟောင်း အက်ဂါနယ်လီနဲ့ ဒုဥက္ကဌဟောင်း ပေဗယ် နတ်ဗတ်တို့ အပါအဝင် ကလပ်ရဲ့ ဒါရိုက်တာနဲ့ ဘုတ်အဖွဲ့ဝင်တွေဟာ နိုဝင်ဘာလ ကတည်းက ရာထူးကနေ နုတ်ထွက်ထားခဲ့တာ ဖြစ်ပါတယ်။ ဂျူဗင်တပ်စ် ကတော့ သူတို့ဘက်က ဘယ်လို အမှားအယွင်းမှ ပြုလုပ်ထားခြင်း မရှိဘူးလို့ ငြင်းဆိုထားခဲ့ပါတယ်။

ဒါကြောင့် ဒီဆုံးဖြတ်ချက်ကို အယူခံ ဝင်သွားမယ်လို့ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်ဟာ အက်ဂါနယ်လီရဲ့ ၁၃ နှစ်တာ သက်တမ်း အတွင်းမှာ ချန်ပီယံဆုကို ၉ ကြိမ် ရယူနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ရာသီ မှာတော့ စတုတ္တနေရာမှာ ရပ်တည်ခဲ့ကာ ယူရို ၂၅၄ သန်း ဆုံးရှုံးခဲ့ပြီး အီတလီမှာ စံချိန်တင်ခဲ့တာပါ။ တူရင် ကလပ်ဟာ ဒီတစ်ပတ် မှာတော့ စီးရီးအေ ပွဲစဉ် အဖြစ် အတ္တလန္တာနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။


အာဆင်နယ်ပရိသတ်တွေရဲ့လှောင်ပြောင်ခြင်းခံလိုက်ရတဲ့ဗလာဟိုဗစ်

ဂျူဗင်တပ်စ်ဟာ အပြောင်းအရွှေ့ဆိုင်ရာ ကိစ္စရပ်တွေကြောင့် ၁၅ မှတ် အနုတ်ခံလိုက်ရပြီးနောက် အာဆင်နယ် ပရိသတ်တွေဟာ အသင်းရဲ့ ပစ်မှတ် ဖြစ်ခဲ့ဖူးတဲ့ ဒူဆန် ဗလာဟိုဗစ်ကို လှောင်ပြောင်ခဲ့ပါတယ်။ ဂျူဗင်တပ်စ်ဟာ ငွေကြေး သုံးစွဲမှု အပိုင်းမှာ စာရင်းလိမ်ညာမှုတွေ ကျူးလွန်ခဲ့တာကို တွေ့ရှိပြီးနောက် အီတလီ ဘောလုံးအဖွဲ့ချုပ်က ကြီးမားတဲ့ ပြစ်ဒဏ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

တူရင် ကလပ် အနေနဲ့ အယူခံဝင်ခွင့် ရှိပေမယ့် လက်ရှိအချိန် မှာတော့ အမှတ်ပေးဇယား အဆင့် ၁၀ နေရာ အထိ ကျဆင်းခဲ့ရပါပြီ။ အစောပိုင်းက ထိပ်ဆုံးက ဦးဆောင်နေတဲ့ နာပိုလီ အသင်းနဲ့ ၁၀ မှတ်သာ ကွာဟပေမယ့် အခုအချိန် မှာတော့ ၂၅ မှတ် အထိ ကွာဟသွားခဲ့လို့ ချန်ပီယံဆု အတွက် မျှော်လင့်ချက်တွေလည်း အဆုံးသတ်ခဲ့ရပြီလို့ ပြောလို့ ရပါတယ်။ လက်ရှိ အနေအထားနဲ့ ဆိုရင် ဂျူဗီတို့ ချန်ပီယံလိဂ် ဝင်ခွင့် အပြင် ဥရောပပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်တွေနဲ့ လည်း အလှမ်းဝေးသွားနိုင်တာ ဖြစ်ပါတယ်။

အာဆင်နယ် ပရိသတ် တစ်ဦးက “ ငါတို့ကို ငြင်းပယ်ခဲ့တဲ့ မင်း ချန်ပီယံလိဂ် မကစားရတော့ဘူး” လို့ ရေးသားခဲ့သလို နောက်တစ်ဦးက “ သူ့အတွက် ဘယ်အရာက ကောင်းလဲ ဆိုတာ သိရင် ပြောင်းရွှေ့ဖို့ အတွက် ရက်အနည်းငယ် တွန်းအားပေးဖို့ ကျန်သေးတယ်” လို့ ရေးခဲ့ပါတယ်။

အာဆင်နယ်က  ဖီအိုရင်တီးနားမှာ ကစားချိန်က ဗလာဟိုဗစ်ကို ခေါ်ဖို့ ကြိုးစားခဲ့ပေမယ့် ကစားသမားရဲ့ အေးဂျင့်က အာဆင်နယ်ရဲ့ ဖုန်းခေါ်ဆိုမှုတွေကို ဖြေကြားသွားမှာ မဟုတ်ဘူးလို့ ပြောခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။


ပီအက်စ်ဂျီကိုအလွတ်နဲ့ပြောင်းရွှေ့ဖို့သဘောတူညီမှုရခဲ့တဲ့ရှက်ခရီညာ

စီးရီးအေ ကလပ် အင်တာမီလန် အသင်းရဲ့ နောက်ခံလူ မီလန် ရှက်ခရီညာဟာ လာမယ့် နွေရာသီမှာ ပီအက်စ်ဂျီကို အလွတ်ကြေးနဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိသွားခဲ့ပါပြီ။ ဒီရာသီကုန်မှာ အင်တာမီလန်နဲ့ စာချုပ် သက်တမ်း အဆုံးသတ်တော့မယ့် အချိန် ရှက်ခရီညာက စာချုပ်သစ် ချုပ်ဆိုဖို့ကို ငြင်းဆန်ခဲ့ပြီး ပြင်သစ် ထိပ်သီး ကလပ်ကို ပြောင်းရွှေ့ ကစားဖို့ ရွေးချယ်သွားခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီမှာ ပီအက်စ်ဂျီက ဒီကစားသမား အတွက် ပေါင် ၄၈ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် အင်တာမီလန်က ငြင်းဆန်ခဲ့ပါတယ်။ ရှက်ခရီညာကို စာချုပ်သစ်ချုပ်နိုင်မယ်လို့ အင်တာမီလန်က ယုံကြည်ခဲ့ပေမယ့်လည်း ကစားသမားက အတွေ့အကြုံသစ်တွေ ရှာဖွေချင်တာကြောင့် စာချုပ်သစ် ထပ်မချုပ်တော့ဘဲ အသင်းသစ် ကိုသာ ရွေးချယ်သွားခဲ့ပါတယ်။ 

အသက် ၂၇ နှစ် အရွယ် နောက်ခံလူဟာ စီးရီးအေရဲ့ အကောင်းဆုံး နောက်ခံလူ တစ်ဦး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေမှာ မန်ချက်စတာယူနိုက်တက် ကလည်း သူ့ကို စိတ်ဝင်စားခဲ့ဖူးပြီး အင်တာမီလန်က ရောင်းချမှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့တာကြောင့် အပြောင်းအရွှေ့ မဖြစ်ခဲ့ဘဲ အခုတော့ အလွတ်နဲ့ ထွက်ခွာခွင့် ပေးရတော့မှာလည်း ဖြစ်ပါတယ်။ 

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်