နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကစားသမားဘဝ နေဝင်ချိန်ကို မေဂျာလိဂ်မှာ ကုန်ဆုံးတော့မယ့် နှစ်ချို့ဝိုင် ဂျရူး | စီးရီအေ

စီးရီးအေ ကလပ် အေစီမီလန် အသင်းရဲ့ ပြင်သစ် ဝါရင့်တိုက်စစ်မှူးကြီး အိုလစ်ဗီယာ ဂျရူး ကတော့ မေဂျာလိဂ် ကလပ် LAFC အသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ LAFC အနေနဲ့ ဂျရူးကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေထဲက အေစီမီလန် အသင်းထံ ချိတ်ဆက်မှုတွေ ပြုလုပ်နေခဲ့တာ ဖြစ်ပါတယ်။ အေစီမီလန် ဘက်ကလည်း ကစားသမားရဲ့ အပြောင်းအရွှေ့ အပေါ် ပြောဆို ဆွေးနွေးလာမှုကို စောင့်ဆိုင်းလျက် ရှိပြီး မကြာခင် အချိန်အတွင်း ဆက်သွယ်လာမယ်လို့ ယုံကြည်နေပါတယ်။ 

သတင်းတွေအရ ဆိုရင် ဂျရူး အနေနဲ့ အမေရိကန်မှာ လာကစားဖို့ အသိမိတ်ဆွေတွေက တောက်လျောက် စွဲဆောင်နေခဲ့ပြီး မေဂျာလိဂ် ကလပ် ဘက်ကလည်း အသက် ၃၇ အရွယ် ကစားသမားကို လိုလိုလားလား ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ ဂျရူးရဲ့ အပြောင်းအရွှေ့က လာမယ့် နွေရာသီမှာ အထမြောက်ဖွယ် ရှိနေပြီး မေဂျာလိဂ် ကလပ် ဘက်က မဆက်သွယ်လာခင် ကတည်းက အေစီမီလန် ဘက်က ကြိုတင်ပြင်ဆင်နေခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။ 

အေစီမီလန်ရဲ့ မူလ အစီအစဉ်က ဂျရူးကို စာချုပ်သက်တမ်းတိုးပြီး အခြား တိုက်စစ်မှူး တစ်ဦးကို ထပ်မံ ခေါ်ယူဖို့ ဖြစ်ပေမယ့် ဂျရူး အပေါ် မေဂျာလိဂ် ကလပ် ဘက်က စိတ်ဝင်စားမှုက အစီအစဉ်တွေကို ပြောင်းလဲသွားစေခဲ့တာ ဖြစ်ပါတယ်။ ဂျရူးရဲ့ ထွက်ခွာမှုကြောင့် ဆားဘီးယား တိုက်စစ်မှူး လူကာ ယိုဗစ် အနေနဲ့ စီးရီးအေ ကလပ်မှာ ဆက်ရှိဖို့ အခြေအနေများသွားခဲ့ပြီ ဖြစ်ပါတယ်။ 

ဂျရူးရဲ့ ထွက်ခွာမှုကြောင့် ဆားဘီးယား တိုက်စစ်မှူး လူကာ ယိုဗစ် အနေနဲ့ စီးရီးအေ ကလပ်မှာ ဆက်ရှိဖို့ အခြေအနေများသွားခဲ့ပြီ ဖြစ်ပါတယ်။
အာဆင်နယ်၊ ချဲလ်ဆီး၊ အေစီမီလန်တို့နဲ့ အောင်မြင်မှု များစွာရခဲ့တဲ့ ဂျရူး

အိုလစ်ဗီယာ ဂျရူးဟာ ပြင်သစ် အောက်တန်း ကလပ်တွေ ကနေ ကစားသမား ဘဝကို စတင်ခဲ့ပြီး မောင့်ပယ်လီယာလီ မှာ ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ၂၀၁၂ ခုနှစ်မှာ ပရီးမီးယားလိဂ် ထိပ်သီး အာဆင်နယ်ရဲ့ ခေါ်ယူခြင်း ခံခဲ့ရပါတယ်။ ဂျရူးဟာ မောင့်ပယ်လီယာလီမှာ ၈၅ ပွဲ ကစားပြီး ၃၉ ဂိုး သွင်းယူနိုင်ခဲ့သလို အာဆင်နယ်မှာလည်း အထောင်တိုက်စစ်မှူး တစ်ဦးရဲ့ အကောင်းဆုံး ပုံစံ တစ်ခုကို ပြသနိုင်ခဲ့ပါတယ်။ အသင်းကို စစရောက်ခြင်းမှာ သူ့ရဲ့ လေးလံတဲ့ ကစားပုံကြောင့် ဝေဖန်ခံခဲ့ရပေမယ့် တဖြည်းဖြည်း အသားကျလာတဲ့ နောက်မှာတော့ အာဆင်နယ်ရဲ့ ပုံမှန် ဂိုးသွင်းစက် ဖြစ်လာခဲ့ပါတယ်။ အာဆင်နယ် အတွက် ပြိုင်ပွဲစုံ ပွဲပေါင်း ၂၅၃ ပွဲ ကစားပေးခဲ့ပြီး ၁၀၅ ဂိုး သွင်းယူနိုင်ခဲ့တဲ့ ဂျရူးဟာ တစ်ရာသီကို အနည်းဆုံး ၁၀ ဂိုးနဲ့ အထက် သွင်းယူပေးခဲ့ပါတယ်။ ဆုဖလား အောင်မြင်မှု အနေနဲ့ ကတော့ အာဆင်နယ်နဲ့ အက်ဖ်အေဖလား ၃ ကြိမ်၊ ကွန်မြူနတီဒိုင်း ၃ ကြိမ် ရခဲ့ပြီး ပရီးမီးယားလိဂ် အောင်မြင်မှုတော့ မရခဲ့ပါဘူး။ 

အာဆင်နယ်မှာ ၅ ရာသီ နီးပါး ဖြတ်သန်းပြီးနောက် ဂျရူးက အာဆင်နယ်ရဲ့ ခါးသီး လန်ဒန် ဒါဘီ ပြိုင်ဘက် ချဲလ်ဆီး အသင်းထံ ပြောင်းရွှေ့သွားခဲ့ပါတယ်။ ဂျရူး အနေနဲ့ အာဆင်နယ်မှာလောက် ခြေစွမ်းမပြနိုင်ခဲ့ပေမယ့် အသင်း လိုအပ်နေချိန်တိုင်းမှာ အဖြေရှာပေးတတ်တဲ့ ကစားသမား ဖြစ်ခဲ့ပြီး သူ့ရဲ့ ကစားသမားဘဝ အမြင့်ဆုံး အောင်မြင်မှုတွေ အဖြစ် ယူရိုပါလိဂ်နဲ့ ချန်ပီယံလိဂ်ဖလား တွေ ကိုင်မြှောင်ခွင့်ရခဲ့ပါတယ်။ ဒါ့အပြင် အက်ဖ်အေဖလား ၁ ကြိမ်၊ ဒုတိယ ၂ ကြိမ် ထပ်မံရရှိခဲ့ပါတယ်။ 

အဲ့နောက် ၂၀၂၁ ခုနှစ် မှာတော့ ချဲလ်ဆီး ကနေ စီးရီးအေ ထိပ်သီး အေစီမီလန်ကို ထပ်မံ ပြောင်းရွှေ့ခဲ့ပြီး အချိန်ကြာလေ တန်ဖိုးရှိလေ ဆိုတဲ့ ခြေစွမ်းကို ပြသနိုင်ခဲ့ပါတယ်။ အေစီမီလန် အတွက် နှစ်ပေါင်းများစွာ အကြာ ဝေးကွာနေခဲ့တဲ့ စီးရီးအေ ချန်ပီယံဆု ပြန်လည် သိမ်းပိုက်နိုင်ခဲ့ရာမှာလည်း ဂျရူးက အရေးပါတဲ့ အခန်းကဏ္ဌက ပါဝင်ခဲ့ပြီး ပွဲပေါင်း ၁၂၂ ပွဲ ကစားခွင့်ရခဲ့ရာမှာ သွင်းဂိုး အနေနဲ့လည်း ၄၆ ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။

အခုတော့ ဂျရူး တစ်ယောက် အသက် ၄၀ နား ကပ်လာပြီ ဖြစ်လို့ နာမည်ကျော် ကစားသမားတွေရဲ့ ထုံးစံအတိုင်း ဝင်ငွေလည်း များပြီး ပေါ့ပေါ့ပါးပါး ကစားလို့ ရနိုင်မယ့် မေဂျာလိဂ်ကို ပြောင်းရွှေ့ဖို့ ဖြစ်လာခဲ့ပါပြီ။ မေဂျာလိဂ်ဟာ လက်ရှိ ကစားနေတဲ့ လိဂ်တွေလောက် မခက်ခဲတာကြောင့် ဂျရူး တစ်ယောက် ဂိုးတွေ မြူးနိုင်ဦးမလား ဆိုတာ စိတ်ဝင်စားစရာပါ။

ဒီတော့ သက်တမ်းရင့်လေ ပိုကောင်းလေ ဆိုတဲ့ နှစ်ချို့ဝိုင်တွေထဲက တစ်ယောက် ဖြစ်တဲ့ ဂျရူး တစ်ယောက် မေဂျာလိဂ်ကို ပြောင်းဖြစ်ခဲ့ရင် အောင်မြင်မှုတွေနဲ့ ကစားသမား ဘဝကို အဆုံးသတ်နိုင်ပါစေလို့ ဆုတောင်းရင်း…။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်