နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စပိန် အသင်းခေါင်းဆောင် တိုက်စစ်မှူးကို ခေါ်ယူနိုင်ဖို့ နီးစပ်နေတဲ့ အေစီမီလန် | စီးရီးအေ

စီးရီးအေ ထိပ်သီး ကလပ် အေစီမီလန် အသင်း ကတော့ အဲလ်ဗာရိုး မိုရာတာကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီလို့ သိရပါတယ်။ အေစီမီလန်က ယူရို ၂၀၂၄ ချန်ပီယံ စပိန် အသင်းရဲ့ အသင်းခေါင်းဆောင် တိုက်စစ်မှူး အဲလ်ဗာရိုး မိုရာတာကို လက်ရှိနွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ အတွက် ကစားသမားနဲ့ ပုဂ္ဂိုလ်ရေး အရ သဘောတူညီမှု ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ 

ဒီသတင်းကို စိတ်ချရတဲ့ ဘောလုံး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ဖော်ပြလာခဲ့တာ ဖြစ်ပြီး အေစီမီလန်က သူတို့ရဲ့ ဝါရင့် တိုက်စစ်မှူး အိုလစ်ဗီယာ ဂျရူး နေရာမှာ မိုရာတာနဲ့ အစားထိုးဖို့ စီစဉ်ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။ စီးရီးအေ ကလပ်ဟာ စာချုပ်သက်တမ်း ကုန်ဆုံးသွားခဲ့တဲ့ ဝါရင့် တိုက်စစ်မှူး အိုလစ်ဗီယာ ဂျရူးကို မကြာသေးခင်ကပဲ နှုတ်ဆက်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် ရာသီသစ် အတွက် အတွေ့အကြုံရင့် တိုက်စစ်မှူး တစ်ဦး လိုအပ်လာခဲ့ပြီး အလျင်အမြန် ရှာဖွေခဲ့ရတာ ဖြစ်ပါတယ်။ 

အေစီမီလန်ဟာ အစောပိုင်းမှာ ဘိုလော့ဂ်နာက နယ်သာလန် လူငယ် တိုက်စစ်မှူး ဂျော်ရွှာ ဇီယက်ခ်ဇီးကို ခေါ်ယူဖို့ ကစားသမားနဲ့ သဘောတူညီမှု ရခဲ့ပေမယ့် အေးဂျင့် ဖြစ်သူနဲ့ ကော်မရှင်ခ အဆင်မပြေတာကြောင့် လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။ ဒီကစားသမားလေး ကိုတော့ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်က ခေါ်ယူသွားနိုင်ခဲ့ပြီး လက်ရှိမှတော့ တရားဝင် ကြေညာသွားခဲ့ပြီလည်း ဖြစ်ပါတယ်။ 

ဒါကြောင့် မိုရာတာက စီးရီးအေ အတွေ့အကြုံ ရှိ ကစားသမားလို့ ပြောလို့ ရပြီး သူ့ အနေနဲ့ ၂၀၂၂ ခုနှစ် နောက်ပိုင်း အီတလီမြေကို ပြန်လည် အခြေချရဖို့ ရှိနေပြီ ဖြစ်ပါတယ်။
စီးရီးအေ အတွေ့အကြုံကောင်းတွေ ရှိနေတဲ့ မိုရာတာ

အေစီမီလန်ဟာ တိုက်စစ်မှူး တစ်ဦးကို အလောတကြီး ခေါ်ယူဖို့ ကြိုးပမ်းနေခဲ့တာ ဖြစ်ပြီး ဘယ်လောက် အထိလဲ ဆိုတော့ မြို့ခံ ပြိုင်ဘက် အင်တာမီလန်က ရိုမယ်လူ လူကာကူ ကို စိတ်ဝင်စားခဲ့တဲ့ အထိပါပဲ။ ဒါပေမယ့် ဒီသတင်းဟာ ကောလာဟလ သပ်သပ်သာ ဖြစ်ကြောင်း အေစီမီလန်ရဲ့ အကြံပေး အဖြစ် လုပ်ကိုင်နေတဲ့ ဂန္တဝင် အီဘရာဟီမိုဗစ် ကတော့ ပြတ်ပြတ်သားသား ငြင်းဆန်ထားခဲ့ပါတယ်။ စီးရီးအေ ကလပ် အေစီမီလန်ဟာ အခုရက်ပိုင်း အတွင်း ချဲလ်ဆီး တိုက်စစ်မှူးဟောင်းတွေ ဖြစ်တဲ့ အဲလ်ဗာရိုး မိုရာတာ အပြင် တမ်မီ အေဘရာဟမ် ကိုလည်း ချိတ်ဆက်ခဲ့သေးတာပါ။ ဒါပေမယ့်လည်း နောက်ဆုံး မှာတော့ ယူရို ပြိုင်ပွဲဝင် စပိန် အသင်းရဲ့ အသင်းခေါင်းဆောင် မိုရာတာကို ခေါ်ယူဖို့ တော်တော်လေး နီးစပ်နေပြီ ဖြစ်ပါတယ်။

သတင်းတွေအရ ဆိုရင် အေစီမီလန်ဟာ ဂျုဗင်တပ်စ် ကစားသမားဟောင်း အဲလ်ဗားရိုး မိုရာတာကို အက်တလက်တီကိုမက်ဒရစ် ဘက်က သတ်မှတ်ထားတဲ့ စာချုပ် လျော်ကြေး ယူရို ၁၃ သန်း အတိုင်း ပေးချေဖို့ အဆင်သင့် ဖြစ်နေတယ်လို့ သိရပါတယ်။ မကြာခင်မှာတော့ စပိန် ကလပ်ထံ မိုရာတာရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်လို့ တရားဝင် ကမ်းလှမ်းသွားဖို့ ရှိနေတာ ဖြစ်ပါတယ်။ အက်တလက်တီကိုမက်ဒရစ် ကလည်း အသင်းကနေ ထွက်ခွာချင်နေတဲ့ မိုရာတာကို ရောင်းထုတ်သွားချင်နေပြီး အေစီမီလန်ရဲ့ ကမ်းလှမ်းချက်ကို ချက်ချင်း လက်ခံသွားမယ့် သဘော ရှိနေပါတယ်။ 

ရီးရဲလ်မက်ဒရစ် အကယ်ဒမီထွက် မိုရာတာဟာ ချဲလ်ဆီးနဲ့ အက်တလက်တီကိုမက်ဒရစ် အပြင် ဂျူဗင်တပ်စ် မှာလည်း ၂ ကြိမ်တိုင်တိုင် ကစားခဲ့ဖူးသူ ဖြစ်ပါတယ်။ ဒါကြောင့် မိုရာတာက စီးရီးအေ အတွေ့အကြုံ ရှိ ကစားသမားလို့ ပြောလို့ ရပြီး သူ့ အနေနဲ့ ၂၀၂၂ ခုနှစ် နောက်ပိုင်း အီတလီမြေကို ပြန်လည် အခြေချရဖို့ ရှိနေပြီ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်