နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကစားသမားဘဝ ကနေ အနားမယူသေးကြောင်း၊ အနားယူချိန်မှာလည်း နည်းပြ အဖြစ် လုပ်ကိုင်မှာ မဟုတ်ကြောင်း ပြောကြားလာတဲ့ ရော်နယ်ဒို | ဆော်ဒီပရိုလိဂ်

ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာ အသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်လ်ဒို ကတော့ ပေါ်တူဂီ လက်ရွေးစင် အသင်း အတွက် ဆက်လက် ယှဉ်ပြိုင်ကစားသွားလိုကြောင်း ဖွင့်ဟလာခဲ့ပါတယ်။ ဒါ့အပြင် သူ့အနေနဲ့ ကစားသမား ဘဝ ကနေ အနားယူချိန်မှာတော့ နည်းပြ အဖြစ် လုပ်ဆောင်ရန် အစီအစဉ် မရှိကြောင်း ပြောကြားသွားခဲ့ပါသေးတယ်။

ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာ အသင်းမှာ ကစားနေတဲ့ ပေါ်တူဂီ တိုက်စစ်မှူးကြီးဟာ လက်ရှိမှာ အသက် ၃၉ နှစ် အရွယ် ရှိနေပြီ ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာလည်း ခြေစွမ်းပြသနိုင်ခြင်း မရှိတဲ့ အတွက် အနားယူဖို့ အကြံပြုမှုတွေ ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပေါ်တူဂီသားကြီးက နေးရှင်းလိဂ် ပြိုင်ပွဲ အတွက် ပေါ်တူဂီ လက်ရွေးစင် အသင်း လူစာရင်း ထုတ်ပြန်ခြင်း မပြုခင်မှာပဲ နိုင်ငံအသင်း အတွက် ဆက်ကစားသွားလိုကြောင်း ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။ 

ခရစ္စတီယာနို ရော်နယ်ဒို ပေါ်တူဂီ မီဒီယာ တစ်ခု ဖြစ်တဲ့ Now နဲ့ တွေ့ဆုံရာမှာ “လာမယ့် ပွဲစဉ်တွေမှာ လက်ရွေးစင် အသင်းကို ကူညီပေးသွားချင်ပါတယ်။ ကျွန်တော်တို့ နေးရှင်းလိဂ် ပြိုင်ပွဲ ယှဉ်ပြိုင်ဖို့ ရှိနေပြီးတော့ ကျွန်တော် တကယ်ကို ယှဉ်ပြိုင်ကစားချင်နေပါတယ်။ ကျွန်တော် လက်ရွေးစင် အသင်း ကနေ အနားယူမယ့်အချိန်ကို ဘယ်သူ့ကိုမှ ပြောမထားပါဘူး။ အဲဒီအတွက် ဆုံးဖြတ်ချက်ကို သူ့အလိုလို စေ့ဆော်မှုနဲ့ပဲ လုပ်ဆောင်သွားမှာပါ။ လက်ရှိ အခိုက်အတန့်မှာ ကျွန်တော့် အနေနဲ့ ဘယ်အသင်းရဲ့ နည်းပြ အဖြစ်မှ ဆောင်ရွက်သွားဖို့ စဉ်းစားထားခြင်း မရှိပါဘူး။ ဒီအကြောင်း ဘယ်တုန်းကမှလည်း မစဉ်းစားခဲ့ပါဘူး။ ကိုယ့်ကိုယ်ကို ဘောလုံးလောကရဲ့ အပြင်ဘက်မှာ ရှိနေမယ်လို့ပဲ မြင်မိပါတယ်။ ဒါပေမဲ့ အနာဂတ်မှာ ဘာတွေဖြစ် လာမလဲ ဆိုတာ ဘုရားသခင်ပဲ သိပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

ဒါပေမယ့်လည်း ရော်နယ်ဒိုဟာ လက်ရှိ ဆော်ဒီပရိုလိဂ် ကလပ်မှာတော့ အာရပ်ကလပ် ချန်ပီယံဖလား အောင်မြင်မှု တစ်ကြိမ်သာ ရရှိထားပါတယ်။
ဘယ်လွန်ဒေါဆုကို ၅ ကြိမ် ရရှိထားတဲ့ ရော်နယ်ဒို

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ လာမည့် နေးရှင်းလိဂ် ပြိုင်ပွဲမှာ သာမက ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာပါ ပေါ်တူဂီ လက်ရွေးစင် အသင်း အတွက် ယှဉ်ပြိုင်ကစားဖို့ ရည်ရွယ်လျက် ရှိကြောင်း သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ရော်နယ်ဒိုဟာ ပေါ်တူဂီ လက်ရွေးစင် အသင်း အတွက် ၂၁၂ ပွဲ ကစားကာ ဂိုး ၁၃၀ သွင်းယူပေးထားပြီး အသင်းရဲ့ ပွဲအများဆုံး ကစားသမားနဲ့ ဂိုးသွင်း အများဆုံး ကစားသမား အဖြစ်လည်း ရပ်တည်လျက် ရှိပါတယ်။ 

ခရစ္စတီယာနို ရော်နယ်ဒိုဟာ ကစားသမား ဘဝ တစ်လျှောက်လုံးမှာ ရောက်ရှိတဲ့ အသင်းတိုင်းနဲ့ အမှတ်ပေးချန်ပီယံဆုတွေ၊ ချန်ပီယံလိဂ်ဖလား ၅ ကြိမ်၊ ဖီဖာ ကလပ် ကမ္ဘာ့ဖလား၊ ယူအီးအက်ဖ်အေ စူပါဖလားတွေ ရရှိခဲ့သူ ဖြစ်ပါတယ်။ တစ်ဦးချင်း အမြင့်ဆုံး အောင်မြင်မှု အနေနဲ့ ကတော့ ဘယ်လွန်ဒေါဆု ၅ ကြိမ်လည်း ရရှိထားပါတယ်။ ဒါပေမယ့်လည်း ရော်နယ်ဒိုဟာ လက်ရှိ ဆော်ဒီပရိုလိဂ် ကလပ်မှာတော့ အာရပ်ကလပ် ချန်ပီယံဖလား အောင်မြင်မှု တစ်ကြိမ်သာ ရရှိထားပါတယ်။

ပေါ်တူဂီ အသင်း ကတော့ ၂၀၂၄/၂၅ ဘောလုံးရာသီ နေးရှင်းလိဂ် ပြိုင်ပွဲမှာ လိဂ် A ရဲ့ အုပ်စု (၁) မှာ ခရိုအေးရှား၊ ပိုလန်၊ စကော့တလန် တို့နဲ့ ကျရောက်နေပြီး စက်တင်ဘာလ အတွင်း နှစ်ပွဲ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်