ဆော်ဒီပရိုလိဂ် ကလပ်တွေ ကတော့ မန်ချက်စတာယူနိုက်တက်နဲ့ လမ်းခွဲဖို့ နီးစပ်နေကြောင်း သတင်းတွေ ထွက်ပေါ်နေတဲ့ အင်္ဂလန် တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ကို ခေါ်ယူရန် စိတ်ဝင်စားနေတယ်လို့ သိရသည်။ မားကပ်စ် ရက်ရှ်ဖို့ဒ်ဟာ လက်ရှိမှာ ယူနိုက်တက်နဲ့ တော်တော်လေး အဆင်မပြေ ဖြစ်နေပြီးတော့ လာမယ့် ဆောင်းရာသီ ဈေးကွက် အသင်း ကနေ ရောင်းထုတ်ခံရဖို့ နီးစပ်နေတာ ဖြစ်ပါတယ်။
အသက် ၂၇ နှစ် အရွယ်ရှိ အင်္ဂလန် တောင်ပံ တိုက်စစ် ကစားသမား ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်ရဲ့ နောက်ဆုံး ၃ ပွဲဆက် လူစာရင်း ကနေ ချန်လှပ်ခံခဲ့ရပြီးနောက် ဒီမတိုင်ခင် မှာလည်း သူကိုယ်တိုင်က စိန်ခေါ်မှု အသစ်တွေကို ရင်ဆိုင်ဖို့ အသင့် ရှိနေပြီ ဖြစ်ကြောင်း ပြောကြားထားခဲ့ပါတယ်။
ရက်ရှ်ဖို့ဒ်က “ကျွန်တော့် အတွက် ကတော့ ပုဂ္ဂိုလ်ရေးအရ စိန်ခေါ်မှု အသစ်တွေနဲ့ နောက်ထပ် ခြေလှမ်းတွေ အတွက် အဆင်သင့် ဖြစ်နေပါပြီ။ ကျွန်တော် ထွက်သွားရမယ့် အချိန်မှာ ခက်ခဲတဲ့ ခံစားချက်မျိုးတော့ ဖြစ်နေမှာ မဟုတ်ဘူး။ ဒါပေမယ့် မန်ချက်စတာယူနိုက်တက်နဲ့ ပတ်သက်ပြီး အပျက်သဘောဆောင်တဲ့ မှတ်ချက်မျိုးတော့ ပေးမှာ မဟုတ်ပါဘူး။ ကျွန်တော်က အမြဲတမ်း ဒီအသင်းကို ချစ်မြတ်နိုးနေမှာပါ။ တကယ်လို့ ကျွန်တော် ဒီအသင်း ကနေ ထွက်ခွာတော့မယ် ဆိုရင် ကျွန်တော် ကိုယ်တိုင် ကြေညာချက် ထုတ်ပြန်မှာပါ။ ဒီအကြောင်းအရာတွေက ကျွန်တော့် ဆီကနေပဲ ထွက်လာပါလိမ့်မယ်။ ဒါက သေချာပါတယ်။ နောက်ပြီး ပရော်ဖက်ရှင်နယ် မဆန်တော့တာလား ဆိုတာ ကတော့ နားလည်မှု လွဲနေတယ် လို့ပဲ ခံစားရပေမယ့် ကျွန်တော် ကတော့ အဆင်ပြေပါတယ်။” လို့ ပြောကြားထားခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် ရက်ရှ်ဖို့ဒ် အနေနဲ့ လာမယ့် ဇန်နဝါရီ ဒါမှမဟုတ် ၂၀၂၅ နွေရာသီ အပြောင်းအရွှေ့ ကာလမှာ ယူနိုက်တက် ကနေ ကျိန်းသေပေါက် ထွက်ခွာဖွယ် ရှိနေတယ် ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေတာ ဖြစ်ပါတယ်။
ရက်ရှ်ဖို့ဒ်နဲ့ ယူနိုက်တက်ရဲ့ အခြေအနေ ကိုတော့ စောင့်ကြည့်နေတဲ့ ဥရောပထိပ်တန်း ကလပ် များစွာ ရှိနေသလို ဆော်ဒီပရိုလိဂ် ကလပ်တွေ ကလည်း ကမ်းလှမ်းမှုတွေ ပြုလုပ်ဖို့ စိတ်ဝင်စားနေတယ်လို့ သိရသည်။ ယူနိုက်တက် နည်းပြ ရူဘင် အမော်ရင် ကတော့ အစောပိုင်းမှာ ရက်ရှ်ဖို့ဒ်ကို ရောင်းထုတ်မယ့် အစီအစဉ်ကို ခေါင်းညှိတ်ထားပါတယ်။ ဒါပေမယ့် အခုနောက်ဆုံး မှာတော့ ရက်ရှ်ဖို့ဒ်ဟာ ပါရမီရှင် ကစားသမား ဖြစ်တာကြောင့် အသင်းမှာ ဆက်ရှိနေတာက ပိုကောင်းတယ်လို့ ဆိုထားပါတယ်။ ရက်ရှ်ဖို့ဒ်ကို ဆော်ဒီပရိုလိဂ် ဆီသာ ရောင်းထုတ် ဖြစ်ခဲ့မယ် ဆိုရင်တော့ အတိုင်းအတာ တစ်ခု အထိ အကျိုးအမြတ် ရနိုင်ချေလည်း ရှိနေတာ ဖြစ်ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်ကို အသက် ၇ နှစ် အရွယ် ကတည်းက ရောက်ရှိလာတဲ့ ငယ်မွေးခြံပေါက် ကစားသမား ဖြစ်ပြီးတော့ ၁၀ ရာသီမြောက်ကို ဖြတ်သန်းနေသူလည်း ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ ယူနိုက်တက် အတွက် စတင် ပွဲထွက်ကစားခွင့်ရခဲ့တဲ့ ရက်ရှ်ဖို့ဒ်ဟာ လက်ရှိအချိန်ထိ အသင်း အတွက် ပြိုင်ပွဲစုံ ၄၂၆ ပွဲ ကစားကာ ၁၃၈ ဂိုး သွင်းယူပေးထားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.