နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

တိုက်စစ်က ဂိုးရဖို့ ရုန်းကန်နေရတဲ့ အပြင် ခံစစ် ပြဿနာ ကိုပါ ဖြေရှင်းရဦးမယ့် မန်စီးတီး | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီး နည်းပြ ပပ် ဂွါဒီယိုလာ ကတော့ လက်ရှိ အသင်း ရင်ဆိုင်နေရတဲ့ အဓိက ပြဿနာတွေကို ဖွင့်ဟ ဝန်ခံလာခဲ့ပါတယ်။ ဂွာဒီယိုလာက သူ့ အသင်းဟာ ဂိုးရဖို့ ရုန်းကန်နေရသလို တစ်ဖက်မှာလည်း ပေးဂိုးတွေ များနေကြောင်း စိတ်ပျက်လက်ပျက် ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးဟာ ပြီးခဲ့တဲ့ ရက်က ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၇ မှာ အက်စတွန်ဗီလာကို အဝေးကွင်းမှာ ၂-၁ ရလဒ်နဲ့ ထပ်မံ ရှုံးနိမ့်ထားခဲ့တာ ဖြစ်ပါတယ်။ ဂွါဒီယိုလာရဲ့ အသင်းက ပြီးခဲ့တဲ့ အောက်တိုဘာလ လကုန်ပိုင်း ကတည်းက ဆက်တိုက်ကို ရလဒ်တွေ ဆိုးရွားနေခဲ့တာ ဖြစ်ပြီး နောက်ဆုံး ၁၂ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရခဲ့တဲ့ အထိ အခြေအနေ ဆိုးနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် မန်စီးတီးဟာ နောက်ဆုံး ၁၂ ပွဲမှာ ရှုံးပွဲ ၉ ပွဲ၊ သရေ၊ ၂ ပွဲ အထိ ရှိထားခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံး ပွဲမှာ အက်စတွန်ဗီလာကို ရှုံးနိမ့်ထားတဲ့ မန်စီးတီး

ဒါကြောင့် ဂွါဒီယိုလာက T&T Sports နဲ့ အင်တာဗျူးမှာ အခုလိုပဲ ဖွင့်ဟ ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။ “ကျွန်တော်တို့ ဂိုးသွင်းနိုင်ဖို့ ရုန်းကန်နေရပြီးတော့ ဂိုးတွေ ပေးနေရပါတယ်။ ပထမပိုင်းမှာ ကျွန်တော်တို့ တကယ် ကောင်းအောင် လုပ်နိုင်ခဲ့ပါတယ်။ အမှားတွေနဲ့ ပတ်သက်ပြီး ကျွန်တော် တို့မှာ ပြဿနာတွေ ရှိနေတုန်းပဲ။ ဒုတိယပိုင်း မှာတော့ ကျွန်တော်တို့ ပြိုလဲသွားခဲ့တယ်။ ဂျွန် စတုန်းစ် ဆက်မကစားနိုင်တော့လို့ ကျွန်တော် တို့ရဲ့ ဖိအားပေးပုံကို အနည်းငယ် ပြောင်းလဲခဲ့ရပြီးတော့ ပထမပိုင်းလောက် ခြေစွမ်း မကောင်းတော့ပါဘူး။ အက်စတွန်ဗီလာ ကိုတော့ ဂုဏ်ပြုပါတယ်။ ဒီပုံစံ အတိုင်းပဲ ဆက်သွားပါ။” လို့ ဂွါဒီယိုလာက ဆိုပါတယ်။

ဆက်လက်ပြီး “ကျွန်တော် တို့ရဲ့ တည်ဆောက်ပုံက အဆင်ပြေပါတယ်။ ဒါပေမယ့် ကွင်းလယ်မှာ သူတို့က အရမ်းပဲ အားကောင်းပါတယ်။ အိုနာနာနဲ့ ကာမာရာ တို့ရဲ့ ကြံ့ခိုင်မှုက တကယ် ကောင်းပါတယ်။ ကျွန်တော်တို့ ကောင်းမွန်တဲ့ အခိုက်အတန့်တွေ ရခဲ့ပေမယ့် အခွင့်အရေးကောင်းတွေနဲ့တော့ လွဲခဲ့ပါတယ်။ ဥပမာ ပြောရရင် ယူနိုက်တက်နဲ့ ပွဲထက် အခွင့်အရေး ပိုရခဲ့ပေမယ့် ဒုတိယပိုင်းမှာ ပြိုလဲသွားခဲ့ပါတယ်။ ကျွန်တော် တို့ရဲ့ ဖိအားပေးမှုက ညာခြမ်းမှာ ထိရောက်မှု မရှိလို့ နည်းနည်း ရုန်းကန်ခဲ့ရပါတယ်။ အဆုံးသတ်မှာ ကျွန်တော်တို့ ဂိုးတစ်ဂိုး ရခဲ့ပေမယ့် အဲဒါက အရမ်းပဲ နောက်ကျသွားခဲ့ပါပြီ” လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးဟာ အသင်းရဲ့ ခြေစွမ်းပိုင်းမှာရော၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ မှာပါ အကျပိုင်း ရောက်နေသလို ဒဏ်ရာရ ကစားသမားတွေ ကလည်း များပြားနေဆဲ ဖြစ်ပါတယ်။ လက်ရှိ မန်စီးတီးရဲ့ ဒဏ်ရာရ ကစားသမား စာရင်းမှာ ရိုဒရီ၊ အော်စကာ ဘော့ဘ်၊ နေသန် အေခီနဲ့ ရူဘင် ဒီးရာ့စ် အပြင် ဂျွန် စတုန်းစ်လည်း ပါဝင်လာပြီ ဖြစ်ပါတယ်။ ဒါကြောင့် မန်စီးတီး အနေနဲ့ ခံစစ်ပိုင်း မှာပါ အားနည်းနေနိုင်ပြီး လာမယ့် အဲဗာတန်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဂွါဒီယိုလာ အနေနဲ့ ဘယ်လို ပုံစံနဲ့ ပွဲထွက်မလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်