နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရော်နယ်ဒို ဂိုး ၁၀၀၀ သွင်းဖို့ မဖြစ်နိုင်ကြောင်း သုံးသပ်လိုက်တဲ့ ဟာမန်း | ဆော်ဒီပရိုလိဂ်

ဂျာမန် ဘောလုံးသမားဟောင်းကြီး ဟားမန်း ကတော့ ခရစ္စတီယာနို ရော်နယ်ဒို အနေနဲ့ သွင်းဂိုး ၁၀၀၀ ပြည့်အောင် သွင်းနိုင်မှာ မဟုတ်ဘူးလို့ သုံးသပ် ပြောဆိုလာခဲ့ပါတယ်။ လက်ရှိ ကမ္ဘာ့ဘောလုံးလောကရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦး အဖြစ် သတ်မှတ်ခံထားရတဲ့ ရော်နယ်ဒိုဟာ လက်ရှိမှာ အသက် အရွယ် အားဖြင့် ၄၀ နားကို ကပ်နေပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာရဲ့ တိုက်စစ်မှူးကြီးက ပွဲတိုင်းလိုလို ဂိုးတွေ သွင်းနေဆဲ ဖြစ်ပြီး သွင်းဂိုး ၁၀၀၀ ရဖို့ ပစ်မှတ်ထားနေတာလည်း ဖြစ်ပါတယ်။ 

ဟာမန်းက ရော်နယ်ဒိုဟာ သိပ်မကြာခင်မှာပဲ သူရဲ့ ဘောလုံးသမား ဘဝကို အဆုံးသတ်ရဖို့ နီးစပ်နေပြီ ဖြစ်ကြောင်း ပြောကြားခဲ့သလို သွင်းဂိုး ၁၀၀၀ ပြည့်မြောက်အောင်လည်း သွင်းယူနိုင်မှာ မဟုတ်ဘူးလို့ သုံးသပ်လိုက်တာ ဖြစ်ပါတယ်။ ခရစ္စတီယာနို ရော်နယ်ဒိုဟာ လာမယ့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှာ အသက် ၄၀ ပြည့်မြောက်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ရော်နယ်ဒို ကတော့ လက်ရှိအချိန်ထိ အဲလ်နာဆာ အတွက်ရော ပေါ်တူဂီ လက်ရွေးစင် အသင်း အတွက်ပါ အကောင်းဆုံး ကစားပေးနေခဲ့ပြီး ဘောလုံးသမားဘဝ ကနေ အနားယူသွားဖို့ အတွက်လည်း အစီအစဉ် မရှိသေးဘဲ သူကစားနိုင်သလောက် ဆက်ကစားသွားဖို့ ရည်ရွယ်ထားပါတယ်။ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ဘယ်လွန်ဒေါ ၅ ကြိမ်ရ ရော်နယ်ဒိုဟာ လက်ရှိ အချိန်ထိ သွင်းဂိုး ကတော့ ၉၁၁ ဂိုး အထိ သွင်းယူထားနိုင်ပြီး ဒီပုံအတိုင်း ဆိုရင်တော့ သူလိုချင်နေတဲ့ သွင်းဂိုး ၁၀၀၀ က ဖြစ်နိုင်ချေလည်း ရှိလို့တော့ နေပါတယ်။ ဒါ့အပြင် ရော်နယ်ဒိုဟာ လာမယ့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲ ကိုပါ ပါဝင် ဆင်နွှဲဖို့ ဆန္ဒရှိနေသူ ဖြစ်ပါတယ်။

ဒါကြောင့် ရော်နယ်ဒို အနေနဲ့ ဆော်ဒီပရိုလိဂ်ရဲ့ ဂိုးသွင်း အများဆုံး ကစားသမား စာရင်းမှာ တတိယ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။
ဆော်ဒီပရိုလိဂ်မှာ ၇ ပွဲ ကစား ၆ ဂိုးသွင်းကာ ၂ ဂိုး ဖန်တီးထားတဲ့ ရော်နယ်ဒို

ဒါပေမယ့် ဂျာမနီနဲ့ လစ်ဗာပူးလ် ကစားသမားဟောင်းကြီး ဟားမန်း ကတော့ ရော်နယ်ဒိုနဲ့ ပတ်သက်ပြီး “ခရစ္စတီယာနို ရော်နယ်လ်ဒိုက သူရဲ့ ကစားသမား ဘဝကို မကြာခင်မှာပဲ ကုန်ဆုံးတော့မှာ ဖြစ်တဲ့ အတွက် စကော့တလန်နဲ့ ပွဲမှာ သူလုပ်ခဲ့တဲ့ ပုံစံ အတိုင်း လုပ်ခဲ့တာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ သူရဲ့ အတ္တက သူ့ကို ဒီနေ့အထိ ကစားနိုင်အောင် လုပ်ဆောင်နေတာပါ။ သူက ပေါ်တူဂီရဲ့ အကျိုးစီးပွားထက် သူ့ရဲ့ အကျိုးစီးပွား ကိုပဲ ပိုပြီး ဦးစားပေးနေတာ။ ရော်နယ်ဒိုက နေးရှင်းလိဂ်မှာ ဂိုးအနည်းငယ် သွင်းထားပေမယ့် သူက အသင်းကို ပိုကောင်းအောင် လုပ်ပေးနေသလား ဆိုတာ ကတော့ မသေချာပါဘူး။ သူတို့ အသင်းက ရော်နယ်ဒို မပါဘဲနဲ့လည်း ပွဲတွေကို အနိုင်ယူနိုင်တဲ့ အရည်အချင်းပြည့်မီတဲ့ အသင်း တစ်သင်းပါ။”

ဆက်လက် “ရော်နယ်ဒိုက သူ့ရဲ့ ကစားသမားဘဝမှာ သူကိုယ်တိုင် အစား အသင်း ကိုသာ ပိုပြီး ဦးစားပေးဖို့ လိုအပ်ပါတယ်။ နောက်ပြီး နည်းပြ ကလည်း အသင်း အတွက် ကစားသမား ရွေးချယ်မှုမှာပါ ခေါင်းစားစရာ ဖြစ်စေရပါတယ်။ ခရစ္စတီယာနို ရော်နယ်ဒို အနေနဲ့ ကစားသမား ဘဝမှာ ဂိုးပေါင်း ၁၀၀၀ ပြည့် သွားခဲ့မယ် ဆိုရင်တော့ ကျွန်တော် အံ့ဩမိမှာ။ ဘာကြောင့် ဆိုတော့ သူဒီလောက်ကြာကြာ ဆက်ကစားနိုင်မယ် မထင်လိုပါ။” လို့ သုံးသပ် ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။ 

ခရစ္စတီယာနို ရော်နယ်ဒိုဟာ လက်ရှိ ရာသီ ဆော်ဒီပရိုလိဂ်မှာ ၇ ပွဲ ကစား ၆ ဂိုးသွင်းကာ ၂ ဂိုး ဖန်တီးထားပါတယ်။ ဒါကြောင့် ရော်နယ်ဒို အနေနဲ့ ဆော်ဒီပရိုလိဂ်ရဲ့ ဂိုးသွင်း အများဆုံး ကစားသမား စာရင်းမှာ တတိယ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်