နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဥရောပထိပ်တန်း ကလပ်တွေနဲ့ အပြိုင်အဆိုင် ယိုကီးရက်စ်ကို ကြိုးပမ်းမယ့် အဲလ်နာဆာ | ဆော်ဒီပရိုလိဂ်

ဆော်ဒီပရိုလိဂ် ကလပ် အယ်လ်နာဆာ ကတော့ စပို့တင်းလစ္စဘွန်း တိုက်စစ်မှူး ဗစ်တာ ယိုကီးရက်စ်ကို ဥရောပ ထိပ်သီး ကလပ်တွေနဲ့ အပြိုင် ကမ်းလှမ်းဖို့ စီစဉ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

လက်ရှိမှာ အသက် ၂၆ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဆွီဒင် လက်ရွေးစက် တိုက်စစ်မှူး ယိုကီးရက်စ်က စပို့တင်းလစ္စဘွန်း အသင်းမှာ ခြေစွမ်းပြနေတဲ့ အတွက် ဥရောပထိပ်တန်း ကလပ်များစွာက ခေါ်ယူဖို့ စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။ ယိုကီးရက်စ်ကို ပရီးမီးယားလိဂ် ထိပ်သီး ကလပ်တွေ ဖြစ်တဲ့ အာဆင်နယ်၊ ချဲလ်ဆီး၊ လစ်ဗာပူးလ်၊ မန်စီးတီးနဲ့ မန်ချက်စတာယူနိုက်တက် တို့က အဓိက စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြင်သစ် ထိပ်သီး ကလပ် ပီအက်စ်ဂျီ၊ ဂျူဗင်တပ်စ်နဲ့ အေစီမီလန် တို့ကလည်း ယိုကီးရက်စ်ကို ခေါ်ယူဖို့ စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ယိုကီးယက်စ်ကို အဲလ်နာဆာ ကလည်း ဥရောပ ထိပ်တန်း ကလပ်တွေနဲ့ အပြိုင် ကမ်းလှမ်းဖို့ စီစဉ်လာခဲ့ပြီး လာမယ့် နွေရာသီ အတွက် အဓိက ပစ်မှတ် တိုက်စစ် ကစားသမား အဖြစ် သတ်မှတ်ထားကြောင်း ပေါ်တူဂီ မီဒီယာ အချို့က ဖော်ပြနေကြပြီ ဖြစ်ပါတယ်။ ယိုကီးရက်စ်ဟာ စပို့တင်းလစ္စဘွန်းနဲ့ ယူရိုသန်း ၁၀၀ တန် လျော်ကြေး စာချုပ် ချုပ်ဆိုထားပေမယ့်လည်း ဥရောပ ထိပ်သီး ကလပ်တွေ အနေနဲ့ အဆိုပါ ငွေကြေး ပမာဏကို ပေးချေဖို့ အဆင်သင့် ရှိနေကြတယ်လို့လည်း သိရသည်။
ယိုကီးယက်စ်ဟာ ချန်ပီယံရှစ် ကလပ် ကိုဗင်ထရီမှာ ကစားခဲ့ဖူးသူ ဖြစ်တာကြောင့် အင်္ဂလန် ကလပ်တွေက ပိုပြီး စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ ယိုကီးရက်စ်ဟာ ကိုဗင်ထရီ ကနေမှ စပို့တင်းလစ္စဘွန်းကို ပြောင်းရွှေ့ခဲ့ပြီး လက်ရှိမှာ ဥရောပရဲ့ အဆုံးသတ် အကောင်းဆုံးသော တိုက်စစ်မှူး တစ်ဦး အဖြစ် ရပ်တည်နေခဲ့တာ ဖြစ်ပါတယ်။ ယိုကီးရက်စ်ဟာ စပို့တင်းလစ္စဘွန်း အတွက် ပြိုင်ပွဲစုံ ၆၅ ပွဲမှာ ၅၉ ဂိုး သွင်းယူပေးထားသူလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဆော်ဒီပရိုလိဂ် အဓိက ပြိုင်ဘက် အဲလ်ဟီလယ်ကို ယှဉ်ပြိုင်နိုင်ဖို့ အတွက် တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းချင်နေတာ ဖြစ်ပြီး ယိုကီးရက်စ် အပြင် အခြားသော တိုက်စစ်မှူးတွေ ကိုလည်း ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။
စပို့တင်းလစ္စဘွန်းနဲ့ ယူရို သန်း ၁၀၀ တန် စာချုပ်လျော်ကြေး ရှိနေတဲ့ ယိုကီးရက်စ်Sporting CP’s Viktor Gyokeres in action with Estoril’s Bernardo Vital REUTERS/Pedro Nunes

ဒါ့အပြင် ယိုကီးရက်စ်ဟာ လက်ရှိရာသီမှာ ပြိုင်ပွဲစုံ ၁၅ ပွဲ ကစားရာမှာ ၁၆ ဂိုး သွင်းယူထားပြီး ရောဘတ် လီဝမ်ဒေါစကီး၊ ဟယ်ရီကိန်း၊ အာလင်း ဟာလန်း တို့နဲ့ ပွဲအရေအတွက်ထက် သွင်းဂိုး ပိုများနေတဲ့ တိုက်စစ်မှူး အဖြစ်လည်း မှတ်တမ်းဝင်နေတာ ဖြစ်ပါတယ်။

ဗစ်တာ ယိုကီးရက်စ်မှာ ၂၀၁၇ ခုနှစ်မှ ဆွီဒင် ကလပ် ဘရွမ်မာပိုကာနာ အသင်းနဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို စတင်ခဲ့ပြီး ပြိုင်ပွဲစုံ ၆၇ ပွဲ ကစားရာမှာ ၂၅ ဂိုး သွင်းယူခဲ့သူ ဖြစ်ပါတယ်။ အဲဒီနောက် ဘရိုက်တန်ကို ပြောင်းရွှေ့ခဲ့ပြီး ပွဲထွက်ခွင့် မရခဲ့တာကြောင့် စိန့်ပေါ်လီ၊ ဆွမ်ဆီး၊ ကိုဗင်ထရီ အသင်းတွေမှာ အငှားနဲ့ သွားရောက် ကစားခဲ့ရပါတယ်။ ယိုကီးရက်စ်ဟာ ကိုဗင်ထရီမှာ စတင် တောက်ပခဲ့ပြီး ပြိုင်ပွဲစုံ ၉၇ ပွဲ ကစားရာမှာ ဂိုး ၄၀ အထိ သွင်းယူနိုင်ခဲ့ပါတယ်။ အဲ့နောက် စပို့တင်းလစ္စဘွန်း မှာတော့ ၆၆ ပွဲ ကစားထားပြီး ၆၃ ဂိုး သွင်းယူထားခဲ့ပါတယ်။

ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာ ကတော့ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို၊ မာနေးနဲ့ တာလစ္စကာ တို့လို တိုက်စစ်မှူးတွေ ပိုင်ဆိုင်ထားတဲ့ အသင်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆော်ဒီပရိုလိဂ် အဓိက ပြိုင်ဘက် အဲလ်ဟီလယ်ကို ယှဉ်ပြိုင်နိုင်ဖို့ အတွက် တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းချင်နေတာ ဖြစ်ပြီး ယိုကီးရက်စ် အပြင် အခြားသော တိုက်စစ်မှူးတွေ ကိုလည်း ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်