နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မူဒရစ်ခ်ရဲ့ ပြောင်းရွှေ့ကြေးက ရှက်တာဒိုးနတ် အတွက်ပဲ မဟုတ်ဘူး၊ ယူကရိန်း နိုင်ငံ အတွက်လည်း ဟုတ်တယ် (ပရီးမီးယားလိဂ်)

ရှက်တာဒိုးနတ်ဟာ သူတို့ရဲ့ ကြယ်ပွင့် မီခိုင်လို မူဒရစ်ခ်ကို ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး အသင်းဆီ ရောင်းချခဲ့တဲ့ အတွက် ယူရို သန်း ၁၀၀ ရရှိခဲ့ပါတယ်။

“မူဒရစ်ခ် အတွက် ရရှိခဲ့တဲ့ ပြောင်းရွှေ့ကြေး ထဲက ဒေါ်လာ ၂၅ သန်းကို ကျနော် တို့ရဲ့ စစ်သားတွေ၊ ကာကွယ်ရေးသမားတွေနဲ့ မိသားစုတွေ အတွက် လှူဒါန်းသွားမှာပါ၊ ဒီငွေကြေးတွေက မတူညီတဲ့ လိုအပ်ချက်တွေကို အသုံးပြုသွားဖို့ ဖြစ်ပါတယ်”

ရှက်တာဒိုးနတ် ဥက္ကဌရဲ့ ပြောဆိုမှု ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး အသင်းဆီ မူဒရစ်ကို ယူရိုသန်း ၁၀၀ နဲ့ ရောင်းချခဲ့ပြီး အဆိုပါ ငွေကြေးပမာဏရဲ့ လေးပုံ တစ်ပုံကို သူတို့က တိုင်းပြည် အတွက် ပြန်လည် လှူဒါန်းသွားဖို့ ဆုံးဖြတ်ခဲ့တာပါ။ ရုရှားနဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲမှာ ယူကရိန်းက နိုင်ငံတကာ အကူအညီတွေကို​​ တောင်းဆိုနေရပြီး အခြားသော လိုအပ်ချက်တွေလည်း အများကြီး ရှိနေတာပါ။ အခု ရှက်တာဒိုးနတ်ရဲ့ လှူဒါန်းမှုက တစိတ်တဒေသတော့ အကူအညီ ဖြစ်လာမှာပါ။

ယူကရိန်း ကလပ်ရဲ့ လုပ်ရပ် ကိုတော့ ဘောလုံး လောက တစ်ခုလုံးက ချီးကျူးနေကြပါတယ်။ စစ်ဖြစ်နေတဲ့ ကြားမှာပဲ ယူကရိန်း ကတော့ သူတို့ရဲ့ လိဂ်ပွဲတွေကို ပြန်လည် စတင်နေပြီး အခက်အခဲတွေကြားမှာ ကစားနေကြတာပါ။ ဒါ့အပြင် သူတို့က ချဲလ်ဆီးနဲ့ ခြေစမ်းပွဲ တစ်ပွဲ ကစားရဦးမှာ ဖြစ်ပြီး ဒီပွဲစဉ် ကနေ ရရှိလာမယ့် အကျိုးအမြတ်တွေ ကိုလည်း ပြန်လည် လှူဒါန်းသွားဖို့ ရှိနေပါသေးတယ်။

မီခိုင်လို မူဒရစ်ခ် ကတော့ ရှက်တာဒိုးနတ်ရဲ့ နောက်ဆုံးထွက် ဘောလုံး ကြယ်ပွင့် ဖြစ်ပြီး ခွန်အား အပြည့်အ၀ သုံးကာ ဘောလုံးကို စိတ်ပါလက်ပါ ကစားတတ်သူ ဖြစ်ပါတယ်။ ချဲလ်ဆီးမှာ ကျောနံပါတ် ၁၅ ကို ဝတ်ဆင်ကစားသွားမှာ ဖြစ်ပြီး တောင်ပံကစားသမား အဖြစ်နဲ့ ခြေစွမ်းပြနိုင်ဖို့ အားလုံးက မျှော်လင့်ထားကြပါတယ်။ ဟာဇက် မရှိတော့တဲ့ နောက်ပိုင်း အသက်မဲ့ နေတဲ့ ချဲလ်ဆီး တောင်ပံ တိုက်စစ်ကို ယူကရိန်းသားလေးက အသက်သွင်းပေးနိုင်မလား ဆိုတာ စောင့်ကြည့်ရတော့မှာပါ။

သူ့ကို ပရီးမီးယားလိဂ် ကလပ်က စံချိန်တင် ပြောင်းရွှေ့ကြေး ပေးချေခဲ့ရတာ ဖြစ်ပြီး အာဆင်နယ်ကို ရောက်ခါနီးဖြစ်တဲ့ အချိန်မှာ ကြားဖြတ် ခေါ်ယူခဲ့တာပါ။ ရှက်တာဒိုးနတ် ဘက်က အလိုရှိခဲ့တဲ့ ပြောင်းရွှေ့ကြေးကို ချဲလ်ဆီးက မဆိုင်းမတွ ပေးချေခဲ့လို့လည်း ၂ ရက် အတွင်း အပြောင်းအရွှေ့ ဖြစ်ပေါ်ခဲ့ပြီး ကစားသမားသစ် အဖြစ်နဲ့ပါ မိတ်ဆက်နိုင်တာ ဖြစ်ပါတယ်။

အဲ့တော့ ပြောချင်တာက နေရာတိုင်းမှာ အကောင်းအဆိုး ဒွန်တွဲနေတယ် ဆိုတာပါပဲ။ တစ်ဖက်မှာ ချဲလ်ဆီး ပိုင်ရှင်သစ် တော့ဒ် ဘိုလေ တစ်ယောက် ငွေကို ရေလိုသုံးပြီး အောင်မြင်မှု မရတဲ့ အပြင် အဘက်ဘက်က ကျဆင်းနေတာကြောင့် ဝေဖန်ခံနေရပေမယ့် တစ်ဖက် မှာတော့ မူဒရစ်ခ်ရဲ့ အပြောင်းအရွှေ့က ရှက်တာ အတွက် သာမက ယူကရိန်း နိုင်ငံ အတွက်ပါ အကျိုးရှိသွားလို့ ချီးကျူးခံနေရပြီ ဖြစ်ပါတယ်။

“ရှက်တာဒိုးနတ်တို့ ငွေမက်တယ် ဆိုတာ တိုင်းပြည် အတွက်ပါ” ဆိုပြီး လူတွေရဲ့ ပါးစပ်ဖျားမှာ သေချာပေါက် အမွန်းတင် ပြောဆိုခံရဖို့တော့ ရှိနေပါပြီ။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်