နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ခြေပြန်တက်နေတဲ့ မန်ချက်စတာစီးတီးကို ရွေးချယ်တာ အမှန်ကန်ဆုံး ဖြစ်ပါလိမ့်မယ် – ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

အဲဗာတန် – မန်ချက်စတာစီးတီး

ဒီဇင်ဘာလ ၂၉ ရက်နေ့ မြန်မာစံတော်ချိန် မနက် အစောပိုင်းမှာ ကစားမယ့် အဲဗာတန်နဲ့ မန်ချက်စတာစီးတီးတို့ရဲ့ ပွဲစဉ်ကတော့ SBOTOP ပရီးမီးယားလိဂ် ပရိသတ်တွေ မဖြစ်မနေ စောင့်ကြည့်ရမယ့် ပွဲဖြစ်ပါတယ်။ ပရီးမီးယားလိဂ် မှာ နိုင်ပွဲတွေ ပြန်လည်ရရှိနေတဲ့ အသင်းနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှု ဖြစ်လို့ အကြိတ်အနယ် ရှိလာနိုင်ပြီး ဒီပွဲစဉ်နဲ့ ပတ်သတ်တဲ့ အချက်အလက်တချို့နဲ့ ပွဲကြိုခန့်မှန်းချက်တွေကို ဖော်ပြပေးချင်ပါတယ်။

အဲဗာတန်တို့ ပြီးခဲ့တဲ့ ပွဲစဉ်မှာ ရှက်ဖီးလ်ယူနိုက်တက်ကို အဝေးကွင်းမှာ ခက်ခက်ခဲခဲ ကစားပြီး ၀-၁ ရလဒ်နဲ့ အနိုင်ရထားခဲ့ပါတယ်။ တစ်ပွဲလုံး အိမ်ရှင်အသင်းဘက်ကို ထိရောက်တဲ့ ထိုးဖောက်မှုတွေ မပြုလုပ်နိုင်ခဲ့ပဲ ပွဲချိန် မိနစ် ၈၀ ရောက်မှ ဆီဂတ်ဆန်ရဲ့ သွင်းဂိုးတစ်ဂိုးတည်းနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဘယ်လိုပဲပြောပြော အဲဗာတန်တို့ ပုံစံကောင်း တစ်ခု ပြန်ရနေပြီး ပရီးမီးယားလိဂ် နောက်ဆုံး ၄ ပွဲဆက် အနိုင်ရထားပါတယ်။ ခရာဘောင် ဖလားမှာ မန်ချက်စတာယူနိုက်တက်ကို ပွဲချိန်ပြည့် ခြေရည်တူကစားနိုင်ခဲ့ပေမယ့် ပွဲပြီးခါနီး သွင်းဂိုး ၂ ဂိုးကြောင့်သာ ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ထားရတာ ဖြစ်ပါတယ်။ လက်ရှိ အသင်းမှာ ရစ်ချာလီဆင် ခြေစွမ်းပြနေတယ်ဆိုပေမယ့် အခုပွဲမှာတော့ ပါဝင်ကစားနိုင်ဖို့ မသေချာသေးသလို ဂျိမ်းစ်ရိုဒရီဂွက်ဇ်၊ လူးကပ်စ် ဒစ်ဂနေးနဲ့ အဲလန်တို့လည်း ပါဝင် ကစားနိုင်ဖို့ မသေချာပါဘူး။ အဲဗာတန်တို့ လက်ရှိ ပရီးမီးယားလိဂ်မှာ ၁၅ ပွဲကစား၊ ၉ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၄ ပွဲရှုံးပြီး ရမှတ် ၂၉ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရပ်တည်နေပါတယ်။ ဒီရာသီ အိမ်ကွင်း စွမ်းဆောင်ရည်ကို ကြည့်မယ် ဆိုရင်တော့ ၇ ပွဲကစားရာမှာ ၄ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၂ ပွဲရှုံးနိမ့်ထားပါတယ်။

 

မန်ချက်စတာစီးတီးတို့ နောက်ဆုံးကစားခဲ့တဲ့  ပရီးမီးယားလိဂ် ၆ ပွဲဆက် ရှုံးပွဲမရှိတာ တွေ့ရပါတယ်။ ဘန်လေကို ၅ ဂိုးပြတ်၊ ဖူလ်ဟမ်ကို ၂ ဂိုးပြတ်နဲ့ နိုင်ပြီး မန်ချက်စတာယူနိုက်တက်နဲ့ ဂိုးမရှိသရေ၊ ဝက်စ်ဘရွန်းနဲ့ ၁-၁ သရေ၊ ဆောက်သမ်တန်ကို ၀-၁၊ နယူးကာဆယ်ကို ၂-၀ နဲ့ အနိုင်ရထားခဲ့ပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲရလဒ်ကို ကြည့်မယ်ဆိုရင် ၃ ပွဲနိုင်ပြီး ၂ ပွဲသရေကျထားပါတယ်။ တိုက်စစ်က ဂါဘရီရယ် ဂျီဆုစ် မကြာခဏ ဒဏ်ရာ ရရှိနေတယ် ဆိုပေမယ့် စတာလင်၊ ဖာရန်းတောရက်စ်၊ ဖေးလ်ဖိုဒန် တို့ ဂိုးတွေ သွင်းနေလို့ ရလဒ်တွေ ကောင်းနေပါတယ်။ နောက်ပြီး ကန်အဂွဲရိုး ဒဏ်ရာက ပြန်လည် သက်သာလာလို့ မန်ချက်စတာစီးတီး တိုက်စစ်က ပြန်ပြီး တောင့်တင်းနေ ပါလိမ့်မယ်။ မန်ချက်စတာစီးတီးတို့ လက်ရှိ ပရီးမီးယားလိဂ်မှာ ၁၄ ပွဲကစား၊ ၇ ပွဲနိုင်၊ ၅ ပွဲသရေ၊ ၂ ပွဲရှုံးပြီး ရမှတ် ၂၆ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၆ နေရာအထိ ပြန်လည် တက်လှမ်းထားနိုင်တာ တွေ့ရပါတယ်။ ဒီရာသီ အဝေးကွင်း စွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင် လည်း ၇ ပွဲကစားထားရာမှာ ၃ ပွဲနိုင်၊ ၃ ပွဲသရေ၊ ၁ ပွဲရှုံးထားတာ တွေ့ရပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဘယ်လိုပဲပြောပြော အဲဗာတန်တို့ ပုံစံကောင်း တစ်ခု ပြန်ရနေပြီး ပရီးမီးယားလိဂ် နောက်ဆုံး ၄ ပွဲဆက် အနိုင်ရထားပါတယ်။
ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ တောက်လျောက် ရလဒ်တွေ ကောင်းနေတဲ့ အဲဗာတန်

အဲဗာတန်နဲ့ မန်ချက်စတာစီးတီးတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှု ၃၁ ကြိမ်မှာ မန်ချက်စတာစီးတီးက ၁၃ ကြိမ် အနိုင်ရပြီး အဲဗာတန်ကတော့ ၁၂ ကြိမ် အနိုင်ရထားပါတယ်။ ပြီးခဲ့တဲ့ ရာသီက ထိပ်တိုက်တွေ့ဆုံမှု ၂ ကြိမ်မှာတော့ ပပ်ဂွာဒီယိုလာရဲ့ မန်ချက်စတာစီးတီးက ၂-၁၊ ၁-၃ ရလဒ်တွေနဲ့ နှစ်ကျော့စလုံး အနိုင်ရထားတာ တွေ့ရပါတယ်။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
အဲဗာတန် vs မန်ချက်စတာစီးတီး အချိန်ပြည့် 1×2 ဧည့်သည် @ ၁.၃၈ ကြိမ်
ဒီဇင်ဘာလ ၂၉ ရက်, ည ၂:၃၀နာရီ (GMT + ၆:၃၀)

1×2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၆.၀၀ ဆ နဲ့ ဧည့်သည် အသင်းအတွက် ၁.၅၀ ဆ ကြေးဖွင့်ပြီး သရေ အတွက် ၄.၂၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ နှစ်သင်းစလုံး ခြေစွမ်းထက်မြတ်နေပါတယ်။ မန်ချက်စတာစီးတီး ကတော့ ကစားပုံ ပိုတည်ငြိမ်ပြီး အသင်းကြီးတစ်သင်းရဲ့ ပုံစံကောင်းတစ်ခုကို ပြသထားနိုင်ပါတယ်။ အဲဗာတန်တို့ အိမ်ကွင်းမှာ ကစားရပေမယ့် ၂၀၁၇ နောက်ပိုင်းကတည်း ဂူဒီဆင်ပါ့ခ်ဆိုတာ စီးတီးတို့ရဲ့ အောင်မြေ ဖြစ်လာပြီး အခုပွဲမှာလည်း အမှတ်ပေးဇယားထိပ်ပိုင်းကို ပြန်လည် တက်လှမ်းနိုင်ဖို့ အတွက် အားစိုက်ရုန်းပါလိမ့်မယ်။ ၁-၂ လောက်နဲ့ မန်ချက်စတာစီးတီးတို့ အနိုင်ရသွားပါလိမ့်မယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်