နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

၁၁ ရက်မြောက် ကိုင်တွယ်ပြီးချိန်မှာ ဆုဖလား အောင်မြင်မှုစရခဲ့တဲ့ ပိုချက်တီနို – ပြင်သစ်စူပါဖလား ပွဲပြီးသုံးသပ်ချက်

ပီအက်စ်ဂျီ ၂ – ၁ မာဆေးလ်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပြင်သစ်စူပါဖလား (Trophee Des Champions) ဗိုလ်လုပွဲ မှာတော့ ပီအက်စ်ဂျီက မာဆေးလ်ကို ၂-၁ ရလဒ်နဲ့ အနိုင်ရပြီး ဒီရာသီအတွက် ပထမဦးဆုံးဆုဖလားကို ကိုင်မြှောက်နိုင်ခဲ့တယ်။ ပိုချက်တီနို အနေနဲ့လည်း ပီအက်စ်ဂျီကို ကိုင်တွယ်တဲ့ ၃ ပွဲမြောက်မှာတင် ချန်ပီယံဆုဖလား ကိုင်မြှောက်နိုင်ခဲ့ပြီး အာဂျင်တီးနားသား အတွက် နည်းပြဘဝ ပထမဦးဆုံး ဆုဖလား အောင်မြင်မှုလည်း ဖြစ်ခဲ့ပါတယ်။

ပီအက်စ်ဂျီတို့ အခုပွဲမှာ အနိုင်သေချာစေဖို့ အတွက် တိုက်စစ်မှာ နေမာကလွဲလို့ အီကာဒီ၊ ဒီမာရီယာ၊ အန်ဘာပေး၊ ပယ်ရီဒက်စ်၊ ဗာရာတီ၊ ဟာရဲရား၊ ကူဇာဝါ၊ မာကွင်ဟိုစ်၊ ဒိုင်ယာလို၊ ဖလာရန်ဇီ၊ နားဗက်စ် တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ မာဆေးလ်မှာ‌တော့ ပါယတ် တစ်ဦးတည်းကို အထောင်တိုက်စစ်နေရာမှာ ထားပြီး ကွင်းလယ်မှာ ရာဒွန်ဂျစ်၊ ရွန်ဂျီယာ၊ ဂူရီ၊ သော်ဗင်၊ ကာမာရာ၊ နောက်တန်းမှာ နာဂါတိုမို၊ ကား၊ ဂွန်ဇာလက်ဇ်၊ ဆာကိုင်းတို့ပါဝင်လာပါတယ်။ ပီအက်စ်ဂျီတို့ မာဆေးလ်ထက် အဘက်ဘက်က သာနေခဲ့တယ်ဆိုပေမယ့် တကယ်တမ်း ကစားတဲ့ အချိန်မှာတော့ အပြန်အလှန် ရှိခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ကစားသမားကောင်းတွေ ပိုများတဲ့ ပီအက်စ်ဂျီတို့ ၂-၀ နဲ့ ဦးဆောင်ခဲ့ပြီး ပွဲပြီးခါနီမှာ မာဆေးလ် တိုက်စစ်က ပါယတ် တစ်ဂိုး ပြန်ချေပပေးခဲ့လို့ ၂-၁ ရလဒ်နဲ့ ပွဲပြီးဆုံးခဲ့တာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီတို့ အတွက် သွင်းဂိုးတွေကိုတော့ ပွဲချိန် ၃၉ မိနစ်မှာ အီကာဒီနဲ့ ၈၅ မိနစ်မှာ နေမာက ပင်နယ်တီကနေ တစ်ဆင့် သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

မာဆေးလ်ကတော့ ပြင်သစ်စူပါဖလား မှာ ၄ ကြိမ်မြောက် ဒုတိယနဲ့ ကျေနပ်ခဲ့ရပါတယ်။
ပြင်သစ်စူပါဖလားမှာ ၄ ကြိမ်မြောက် ဒုတိယ‌ရခဲ့တဲ့ မာဆေးလ်

ပွဲပြီးသုံးသပ်ချက်

ပီအက်စ်ဂျီနဲ့ မာဆေးလ်တို့ဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်းက လီဂူးဝမ်း ပွဲစဉ်အဖြစ် နောက်ဆုံး ကစားထားခဲ့ပြီး ခိုက်ရန်ဖြစ်ပွားမှုတွေနဲ့ လူမျိုးရေးခွဲခြားမှုတွေကြောင့် ပြသနာများခဲ့ပေမယ့် အခုပွဲမှာတော့ အေးအေးဆေးဆေးပဲ ပွဲပြီးဆုံးခဲ့ပါတယ်။ အဲ့ဒီပွဲစဉ်မှာတုန်းက မာဆေးလ်တို့ အနိုင်ရခဲ့ပြီး အခုပွဲမှာတော့ ပီအက်စ်ဂျီတို့ အကောင်းဆုံးကစားပြီး ပြန်လည် အနိုင်ရခဲ့ပါတယ်။ ပီအက်စ်ဂျီတို့ ဘောလုံးပိုင်ဆိုင်မှု အသာစီးရခဲ့ပေမယ့်  ၁၃ ကြိမ်စီ ဂိုးပေါက် ခြိမ်းခြောက်မှု ပြုလုပ်နိုင်ခဲ့ပြီး ဂိုးပေါက်တည့်မှုမှာတော့ မာဆေးလ်က တောင် ၁ ကြိမ်ပိုသာခဲ့ပါတယ်။ ပီအက်စ်ဂျီ အနေနဲ့ ပြင်သစ်စူပါဖလား မှာ ၁၀ ကြိမ်မြောက် ဗိုလ်စွဲနိုင်ခဲ့သလို ၈ နှစ်ဆက်တိုက် ချန်ပီယံဆုကို သိမ်းပိုက်ထားနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။ ဒါ့အပြင် နည်းပြသစ် ပိုချက်တီနို အတွက်လည်း အဖွင့်လှခဲ့သလို ရေရှည်မှာ သောမက်စ်တူဟယ် ရရှိခဲ့တဲ့ အောင်မြင်မှုတွေ ထက်ပိုပြီး စွမ်းဆောင်ပေးနိုင်မလား ဆိုတာတော့ စောင့်ကြည့်ရပါမယ်။ မာဆေးလ်ကတော့ ပြင်သစ်စူပါဖလား မှာ ၄ ကြိမ်မြောက် ဒုတိယနဲ့ ကျေနပ်ခဲ့ရပါတယ်။

 

လာမယ့်ပွဲစဉ်များ

ပီအက်စ်ဂျီတို့ လာမယ့် ရက်မှာ အန်ဂါးစ်အိမ်ကွင်းကို သွားပြီး လီဂူးဝမ်းပွဲစဉ် ကစားဖို့ရှိသလို မာဆေးလ်ကတော့ နင်းမ်စ် ကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်