နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘင်-နီးစီးယပ်စ် အတွဲအဖက်နဲ့ နိုင်ပွဲ ဆက်ခဲ့တဲ့ ရီးရဲယ်မက်ဒရစ် (ချန်ပီယံလိဂ် ပွဲပြီးသုံးသပ်ချက်)

ရီးရဲယ်မက်ဒရစ် ၂-၁ရှက်တာဒိုးနက်ခ်

မနေ့ညက ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်(D)ရဲ့ ပွဲစဉ် တစ်ပွဲ မှာတော့ ရီးရဲယ်မက်ဒရစ်တို့ ကာရင် ဘင်ဇီမာရဲ့ သွင်းဂိုးတွေနဲ့ ရှက်တာဒိုးနတ်ခ်ကို အိမ်ကွင်း ဘာနေဗျူးမှာ အနိုင်ရသွားခဲ့ပါတယ်။ ဧည့်သည် ရှက်တာဒိုးနတ်ခ်ရဲ့ ရုန်းအားကြောင့် အိမ်ရှင် ရီးရဲယ်မက်ဒရစ်တို့ ပွဲချိန်ပြည့် ခက်ခက်ခဲခဲ ကစားခဲ့ရပေမယ့် ဗင်နီးစီးယပ်စ်၊ ဘင်ဇီမာ၊ လူးကပ်စ် ဗက်စ်ကွက်ဇ် တို့ရဲ့ ခြေစွမ်းပြမှုကြောင့် အဖိုးတန် အနိုင် ၃ မှတ် အပြည့်ရခဲ့တာ ဖြစ်ပါတယ်။

 

ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲမှာအန်ဆယ်လော့တီရဲ့ အသင်းက ၄-၃-၃ ကစားကွက်နဲ့ပဲပွဲထွက်လာခဲ့ပြီးတိုက်စစ်မှာလူးကပ်စ် ဗက်စ်ကွက်ဇ်၊ ဘင်ဇီမာ၊ ဗင်နီးစီးယပ်စ် တို့ကိုတိုက်စစ်မှာဦးဆောင် စေခဲ့ပါတယ်။ ကွင်းလယ် မှာတော့ မိုဒရစ်၊ ကက်ဆီမီရို၊ တိုနီခရူးစ်၊ ခံစစ်မှာကာဗာဟယ်၊ မီလီတောင်၊ အလာဘာ၊ မန်ဒီ၊ ဂိုးမှာကော့တွိုက်စ် တို့ ပါဝင်လာခဲ့ပါတယ်။ ရှက်တာဒိုးနတ်ခ် ကလည်း ၄-၁-၄-၁ ကစားကွက်နဲ့ ရီးရဲယ်မက်ဒရစ်ကိုပြန်လည် ရင်ဆိုင်ခဲ့ပြီးဖာနန်ဒို၊ ပက်ထရစ်ခ်၊ စတက်ပန်နန်ကို၊ တီတီ၊ မတ်ဗီယန်ကိုတို့လိုကစားသမားကောင်းတွေနဲ့ အဝေးကွင်းမှာရလဒ်ကောင်းနိုင်ဖို့ ကြိုးပမ်းလာခဲ့တာတွေ့ရပါတယ်။

ပွဲကစားချိန် ၁၀ မိနစ် မပြည့်ခင်မှာတင်ပဲအပြန်အလှန် ထိုးဖောက်မှုတွေနဲ့ တော်တော်လေးကြည့်ကောင်းခဲ့ပြီးမိုဒရစ်ရဲ့ ကန်ချက်ကိုရှက်တာဂိုးသမားထရူဘင် ကာကွယ်သွားနိုင်ခဲ့သလိုကွင်းလယ် ကစားသမားပက်ထရစ်ရဲ့ ကန်ချက် တိုင်ထိသွားတာကြောင့်လည်းရီးရဲယ်မက်ဒရစ် တို့ သက်သာရာရသွားခဲ့တာဖြစ်ပါတယ်။ ပွဲချိန် ၁၄ မိနစ် မှာတော့ ထရူဘင်နဲ့ မာလွန်တို့ရဲ့ အန္တရာယ်များတဲ့ အပေးအယူကနေဗင်နီးစီးယပ်စ် ဂျူနီယာကကြားဖြတ်ရယူနိုင်ခဲ့ပြီးပြန်လည် ချိုးပေးတဲ့ ဘောလုံးကိုအသင့် စောင့်နေတဲ့ ဘင်ဇီမာကပိတ်သွင်းခဲ့လို့ ရီးရဲယ်မက်ဒရစ်တို့ ဦးဆောင်ဂိုးစတင် ရရှိသွားခဲ့ပါတယ်။အိမ်ရှင်တို့ ဦးဆောင်ဂိုးရသွားချိန် မှာတော့ အပြန်အလှန် ထိုးဖောက်မှုတွေနဲ့ ပွဲကပိုပြီးကြည့်ကောင်းလာခဲ့ပြီးမိုဒရစ်၊ ဘင်ဇီမာတို့ရဲ့ တိုက်စစ် ပုံဖော်မှုကိုရှက်တာဒိုးနတ်ခ် နောက်ခံလူတွေတောက်လျောက် တားဆီးနိုင်ခဲ့ပြီးရှက်တာရဲ့ ထိုးဖောက်မှုတွေကိုလည်းအိမ်ရှင်အသင်းရဲ့ နောက်တန်းကမီလီတောင်၊ မန်ဒီနဲ့ အလာဘာတို့ အကောင်းဆုံးပိတ်ဆို့နိုင်ခဲ့တာကြောင့် နှစ်သင်းလုံးဂိုးမရပဲဖြစ်နေခဲ့ပါတယ်။ ဒီလိုအပြန်အလှန် ထိုးဖောက်နေရင်းကနေပွဲချိန် ၃၉ မိနစ် မှာတော့ ရီးရဲယ်နောက်ခံလူအလာဘာလိုက်လံတားဆီးနေတဲ့ ကြားကဖာနန်ဒိုကပြေးဝင် ကန်သွင်းခဲ့တာကြောင့် ရှက်တာဒိုးနတ်ခ်တို့ ချေပဂိုးရသွားခဲ့ပါတယ်။အဲ့နောက် ပထမပိုင်းအပြီးမှာ ၁-၁ ရလဒ် ထွက်ပေါ်နေခဲ့ပြီးဒုတိယပိုင်းပြန်လည် စတင်ချိန်မှာတော့ ရီးရဲယ်တို့ တိုက်စစ် ပိုမြှင့်လာခဲ့လို့ ရှက်တာနောက်ခံလူတွေတော်တော်လေးခက်ခက်ခဲခဲတားဆီးခဲ့ရပါတယ်။ ထင်တဲ့ အတိုင်းပွဲချိန် ၆၁ မိနစ် မှာတော့ ဗင်နီးစီးယပ်စ်နဲ့ ဘင်ဇီမာအတွဲအဖက် ကနေရီးရဲယ်မက်ဒရစ်တို့ အနိုင်ဂိုးရရှိသွားခဲ့ပါတယ်။ လက်ကျန် မိနစ်တွေမှာတော့ နည်းပြ အန်ဆယ်လော့တီအနေနဲ့ အနိုင်ဂိုးကိုထိန်းကစားသွားဖို့ ရည်ရွယ်ခဲ့ပြီးနာချိုဖာနန်ဒက်စ်၊ လူကာယိုဗစ် တို့ကိုလူစားလဲကစားစေခဲ့ပါတယ်။ ဒါကြောင့် ၂-၁ ရလဒ်နဲ့ပဲပွဲပြီးဆုံးခဲ့ပြီးရီးရဲယ်မက်ဒရစ်တို့ ချန်ပီယံလိဂ် ၂ ပွဲဆက် အနိုင်ရခဲ့ပြီးနောက်တစ်ဆင့် တက်ရောက်ဖို့ အခြေအနေကောင်းသွားခဲ့ပါတယ်။ ရှက်တာဒိုးနတ်ခ် ကတော့ လက်ရှိရာသီချန်ပီယံလိဂ်ရဲ့ တတိယမြောက် ရှုံးပွဲနဲ့ ရင်ဆိုင်သွားခဲ့ရပြီးယူရိုပါလိဂ် ကစားခွင့်ရဖို့တောင် မျှော်လင့်ချက် မရှိသလောက် ဖြစ်သွားခဲ့ပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

ရှက်တာဒိုးနတ်ခ် ကတော့ လက်ရှိရာသီချန်ပီယံလိဂ်ရဲ့တတိယမြောက် ရှုံးပွဲနဲ့ ရင်ဆိုင်သွားခဲ့ရပြီးယူရိုပါလိဂ် ကစားခွင့်ရဖို့တောင် မျှော်လင့်ချက် မရှိသလောက် ဖြစ်သွားခဲ့ပါတယ်။
ချန်ပီယံလိဂ် အုပ်စု(D)ရဲ့ အောက်ဆုံးမှာရပ်တည်နေတဲ့ ရှက်တာဒိုးနတ်ခ်

ဒီနေ့ပွဲစဉ်နဲ့ ပတ်သတ်လို့ အထွေအထူးသုံးသပ်စရာတော့ မရှိပါဘူး။ ရီးရဲယ်မက်ဒရစ်ရဲ့ ဗင်နီးစီးယပ်စ်၊ ဘင်ဇီမာတွဲဖက်မှုကတစ်ပွဲထက် တစ်ပွဲပိုမိုတည်ငြိမ်လာပြီးသွင်းဂိုးတွေလည်းရှာဖွေနိုင်ခဲ့ပါတယ်။လူငယ်ကြယ်ပွင့် ဗင်နီးစီးယပ်စ် ဂျူနီယာရဲ့ တိုးအားနဲ့ လျင်လျင် မြန်မြန် ရင့်ကျက် တည်ငြိမ်လာမှုကရီးရဲယ်မက်ဒရစ်ကိုရလဒ်ကောင်းတွေရှာဖွေပေးနေတယ်လို့ပဲဆိုရမှာပါ။ ခံစစ်ပိုင်းကတော့ လိုအပ်ချက်တွေရှိနေဆဲဖြစ်ပြီးမီလီတောင် ကောင်းရင် အလာဘာနဲ့ ဖာနန်ဒက်စ်တို့ အမှားများနေဆဲအချက်ကိုတော့ အန်ဆယ်လော့တီအနေနဲ့ ပြင်ဆင်သင့်နေပါပြီ။ မိုဒရစ်၊ ခရူးစ်တို့ အမှားမရှိခဲ့ပဲလူးကပ်စ် ဗက်စ်ကွက်စ် ကလည်းတောင်ပံတစ်လျှောက် ရှေ့၊လယ်၊နောက် ဘယ်နေရာမှာမဆိုကစားနိုင်တာကရီးရဲယ် အတွက် အားတက်စရာပဲဖြစ်ပါတယ်။ ရီးရဲယ်တို့ နောက်တစ်ဆင့် တက်ရောက်ဖို့ အခြေအနေကောင်းသွားပေမယ့် လက်ကျန် ပွဲစဉ်တွေမှာအမှားခံလို့တော့ မရသေးတာကိုသတိပြုရပါမယ်။
 

လာမယ့်ပွဲစဉ်များ

ရီးရဲယ်မက်ဒရစ်တို့ လာမယ့် နိုဝင်ဘာလ ၇ ရက်နေ့ တနင်္ဂနွေနေ့ မှာတော့ ခြေတက်နေတဲ့ ရေယိုဗလက်ကာနိုနဲ့ လာလီဂါပွဲစဉ် ကစားရဖို့ ရှိနေပြီးရှက်တာဒိုးနတ်ခ် ကတော့ ကိုလော့စ် ကိုဗယ်လစ်ဗာကာနဲ့ ယူကရိန်းပရီးမီးယားလိဂ် ပွဲစဉ် ယှဉ်ပြိုင် ကစားရမှာဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်