နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အနိုင် ၃မှတ်အတွက် အားစိုက်လာမယ့် ဝုဗ်ကိုပဲ ရွေးချယ်ပါ – ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

ဝုဗ်ဗာဟန်တန်ဝမ်းဒါးရားစ် vs ခရစ္စတယ်ပဲလေ့စ်

အခုတစ်ပတ် ပရီးမီယားလိဂ် ပွဲစဉ် ၇ရဲ့ အစောဆုံး ပွဲစဉ် တစ်ပွဲအဖြစ် ဝုဗ်ဗာဟန်တန်ဝမ်းဒါးရား အသင်းဟာ ခရစ္စတယ်ပဲလေ့စ်အသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားဖို့ ရှိနေပါတယ်။ ပြီးခဲ့တဲ့ နယူးကာဆယ်နဲ့ပွဲစဉ်မှာ နိုင်ပွဲ ပျောက်ဆုံးထားတဲ့ ဝုဗ်တို့ တန်းတက်ဖူလ်ဟမ်ကို အနိုင်ရပြီး ရှံးပွဲဆက်မှုကို ရပ်တန့်ထားနိုင်ခဲ့တဲ့  ခရစ္စတယ်ပဲလေ့စ်နဲ့ တွေ့ဆုံနေလို့ အနိုင် ၃ မှတ်အတွက် အကြိတ်အနယ် ယှဉ်ပြိုင်ကစားရဖို့  ရှိနေပါတယ်။

ဝုဗ်တို့ ပြီးခဲ့တဲ့ ပွဲမှာ နယူးကာဆယ်နဲ့ သရေကျခဲ့လို့ ဒီပွဲမှာ ရမှတ် ၃မှတ် အပြည့်ရရေး ဦးတည်ချက်ထားပြီး ကစား လာမှာပါ။ ဒီရာသီမှာ ဝုဗ်တို့ရဲ့ ကစားပုံအားရစရာမရှိသလို အသင်းကြီးတွေ‌တောင် သတိထားကစားရတဲ့ ဝုဗ်တို့ရဲ့ ပုံစံကောင်းတွေ ပြန်မရနိုင်သေးပါဘူး။ ပြီးခဲ့တဲ့လ ၁၇ ရက်နေ့ကနေ ၂၇ နေ့အတွင်း ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၃ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ပေမယ့် လိဂ်ပွဲစဉ် ၆ ပွဲကနေ ရမှတ် ၁၀ မှတ်အထိရှိအောင် စွမ်းဆောင် ထားနိုင်ခဲ့တဲ့ ဝုဗ်တို့ လက်ရှိ ပရီမီးယားလိဂ်မှာ ၃ပွဲနိုင်၊ ၁ပွဲသရေ၊ ၂ ပွဲရှုံးထားပြီး အမှတ်ပေးဇယား အဆင့် ၉ နေရာမှာ ရပ်တည် နေပါတယ်။ တိုက်စစ်က ရာအူးလ် ဂျင်မီနက်ဇ် တစ်ယောက် ဂိုးတွေ တောက်လျောက်သွင်းနေပြီး ၆ပွဲကစားထား ရာမှာ သွင်းဂိုး ၄ဂိုးအထိ ရရှိထားပါတယ်။ ဝုဗ်တို့ နောက်ဆုံးပွဲမှာ နယူးကာဆယ်ကို အနိုင်ရဖို့ အထိရှိခဲ့ပေမယ့် ၈၉မိနစ် အရောက်မှ ပြိုင်ဘက် အသင်းက ဂျက်ကော့ဗ် မာဖီရဲ့ သွင်းဂိုးကို ခွင့်ပြုပေးခဲ့ရလို့ သရေ ၁မှတ်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ ဝုဗ်တို့ နောက်လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ် ၅ ပွဲမှာ လက်စတာစီးတီး၊ ဆောက်သမ်တန်၊ အာဆင်နယ်၊ လစ်ဗာပူးလ်၊ အက်စတွန်ဗီလာ၊ ချဲလ်ဆီးတို့နဲ့ ကစားရမှာ ဖြစ်လို့ အခုပွဲမှာ အနိုင် ၃မှတ် ရဖို့ အရေးကြီး နေပါတယ်။

ဝုဗ်နဲ့ ရမှတ် ၁၀ စီတူပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယား အထက်အောက် ရပ်တည်နေတာ တွေ့ရပါတယ်။
၆ ပွဲကစား၊ ၃ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၂ ပွဲရှုံး၊ ရမှတ် ၁၀ မှတ် ရရှိထားတဲ့ ခရစ္စတယ်ပဲလေ့စ်

ရာသီအဖွင့် ပွဲစဉ်မှာ ဆောက်သမ်တန်ကို အနိုင်ရပြီး ဒုတိယပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်ကို အိုးထရက်ဖို့ဒ် မှာ ဂိုးပြတ် နိုင်ပွဲရခဲ့လို့ ခရစ္စတယ်ပဲလေ့စ် တို့ကို မျှော်လင့်ခဲ့ကြပါတယ်။ အဲ့နောက် တတိယပွဲစဉ် မှာတော့ အဲဗာတန်ကို ရှုံးပြီး ပွဲစဉ် ၃ မှာ ချဲလ်ဆီးကို ဆက်ရှုံးခဲ့ပါတယ်။ အဲ့နောက်မှာ ဘရိုက်တန်နဲ့ သရေကျပြီး နောက်ဆုံးကစားခဲ့တဲ့ ပွဲမှာတော့ တန်းတက် ဖူလ်ဟမ်ကို ၁-၂ ပြန်ပြီး အနိုင်ရထားပါတယ်။ ပဲလေ့စ်တို့ အခုပွဲမှာ ကစားမယ့် ဝုဗ်နဲ့ ရမှတ် ၁၀ စီတူပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယား အထက်အောက် ရပ်တည်နေတာ တွေ့ရပါတယ်။

ကစားသမားပိုင်းကို ကြည့်မယ်ဆိုရင် အိမ်ရှင် ဝုဗ်အသင်းမှာ တိုက်စစ်က ရာအူးလ်၊ ဂျင်မီနက်ဇ်နဲ့ ပိုဒန့်စ်တို့ ခြေစွမ်းပြနေပြီး ကွင်းလယ်က နီတို၊ မော်တင်ဟို ၊ တောင်ပံက ဆီမန်ဒိုတို့အပြင် နောက်တန်းက ကော်နာကိုဒီ လည်း ခြေစွမ်းပြနေပါတယ်။ ခရစ္စတယ်ပဲလေ့စ်မှာတော့ တိုက်စစ်မှူး ဝေလ်ဖရိုင်းဇာဟာ၊ မစ်ချီ ဘတ်ရှုဝါရီ နဲ့ ကွင်းလယ်က တောင်ဆန်၊ မီလီဗိုဂျီဗစ်၊ ရိဒ်ဝဲလ်၊ နောက်တန်းက နေသန်ကလိုင်းန်၊ ကူရိတ်တို့ လည်း ဒီရာသီမှာ ပုံစံကောင်း ရထား ပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

နောက်ဆုံး ၅ ကြိမ် ထိပ်တိုက် တွေ့ဆုံမှုမှာတော့ နှစ်ကြိမ်စီ အနိုင်ရထားပြီး တစ်ကြိမ် သရေကျထားပါတယ်။ ပြီးခဲ့တဲ့ ရာသီက တွေ့ဆုံမှုမှာတော့ ပထမအကျော့ ပဲလေ့စ်အိမ်ကွင်းမှာ တစ်ဖက်တစ်ဂိုးစီ သရေကျပြီး ဝုဗ်ကွင်း မှာတော့ အိမ်ရှင်တို့က ၂ ဂိုးပြတ်နဲ့ အနိုင်ရထားခဲ့ပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ဝုဗ်ဗာဟန်တန်ဝမ်းဒါးရားစ် vs ခရစ္စတယ်ပဲလေ့စ် 1X2 ဝုဗ်ဗာဟန်တန်ဝမ်းဒါးရားစ် @ 2.03
အောက်တိုဘာလ ၃၁ ရက်, မနက် ၂:၃၀ နာရီ (GMT+၆:၃၀)

1X2 ရဲ့ပေါက်ကြေးအရ အိမ်ရှင်အသင်း အတွက် ၂.၀၂ ဆ နဲ့ ဧည့်သည်အတွက်ကတော့  ၃.၉၀ ဆ ကြေးဖွင့်ထားပြီး သရေအတွက်ကိုတော့ ၃.၂၀ ဆကြေးဖွင့်ထားတာတွေ့ရပါတယ်။ လက်တလော နူနိုအက်စပီရီတို ဆန်းတိုစ့်ရဲ့ အသင်းက  တိုက်စစ်မှူး ဂျင်မီနက်ဇ်ရဲ့ ခြေစွမ်းပြမှုနဲ့ ရမှတ်တွေ တတ်နိုင်သလောက် ယူထားပေမယ့် ပြီးခဲ့တဲ့ နယူးကာဆယ်နဲ့ ပွဲမှာ မထင်မှတ်ပဲ သရေကျထားပါတယ်။ ဝုဗ်တို့ ဒီပွဲပြီးရင် တောက်လျောက် ပွဲကြပ်တွေ ကစားရဖို့ ရှိနေလို့ အခုပွဲမှာ ၃မှတ် အပြည့်ရဖို့ အားထုတ်လာမှာပါ။ လက်ရှိ ပေါက်ကြေးအရလည်း ဝုဗ်ဘက်ကို ပိုပြီး အလေးသာ နေတာဖြစ်လို့ ဝံပုလွေတွေဘက်မှာ ရပ်တည်ချင် ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်