နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အိုးထရက်ဖို့ဒ်မှာ ဒီတစ်ခါတော့ မန်ချက်စတာယူနိုက်တက်ကို ယုံကြည်လိုက်ပါ – ချန်ပီယံလိဂ် ပွဲကြိုသုံးသပ်ချက်

မန်ချက်စတာယူနိုက်တက် Vs  လိုက်ပ်ဇစ်

အခုတစ်ခါမှာတော့ အောက်တိုဘာလ ၂၉ ရက်နေ့ မြန်မာစံတော်ချိန် ည ၂နာရီခွဲမှာ ကစားမယ့် ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွေထဲက ပွဲစဉ်တစ်ပွဲဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ လိုက်ပ်ဇစ်တို့ရဲ့ ပွဲကို SBOTOP ချန်ပီယံလိဂ် ပရိသတ်တွေအတွက် ပွဲကြိုခန့်မှန်း သုံးသပ်ပေးသွားပါမယ်။ နှစ်သင်းစလုံးအဖွင့်ပွဲစဉ်တွေမှာ နိုင်ပွဲကိုယ်စီ ရရှိထားပြီး နောက်တစ်ဆင့် တက်ရောက်ရေး ရလဒ်ကောင်းတစ်ခုအတွက် အားစိုက်လာမယ့် ပွဲတစ်ပွဲလည်း ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်တို့ အဖွင့်ပွဲစဉ်မှာ ပီအက်စ်ဂျီကို အဝေးကွင်းမှာ အနိုင်ရပြီး ၃မှတ်အပြည့် ရရှိထားခဲ့ပါတယ်။ ယူနိုက်တက်တို့ အခုနှစ် ချန်ပီယံလိဂ်မှာ လိုက်ပ်ဇစ်၊ ပီအက်စ်ဂျီ၊ အစ္စတန်ဘူလ်ဘဆက်ခ်ရှီးယားတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေလို့ မသိမသာ ပွဲကြပ်နေခဲ့တာပါ။ ယူနိုက်တက်တို့ အခုပွဲမှာသာ အနိုင်ရရင် လာမယ့်ပွဲစဉ် နှစ်ပွဲက အစ္စတန်ဘူလ် ဘဆက်ခ်ရှီးယား နဲ့ ကစားရမှာဖြစ်လို့ နောက်တစ်ဆင့် တက်ရောက်ဖို့ ကျိန်းသေသလောက် ရှိသွားမှာဖြစ်ပါတယ်။ ဒါ့ကြောင့် နည်းပြဆိုးလ်ရှား အနေနဲ့ အဓိက ကစားသမားတွေ အစုံအလင်နဲ့ ပွဲထွက်လာပြီး အနိုင်၃ မှတ် အရယူဖို့ မျှော်လင့်ထားမှာပါ။ တစ်ချက်ရှိတာက မန်ချက်စတာ ယူနိုက်တက်တို့ ဒီရာသီမှာ ခြေစွမ်းက မှန်းရခက်နေပြီးတော့ အဝေးကွင်းပွဲစဉ်တွေမှာ စံချိန်တင် နိုင်ပွဲတွေ ဆက်နေသလောက် အိမ်ကွင်းနိုင်ပွဲတော့ တစ်ပွဲမှမရသေးပါဘူး။ အိမ်ကွင်းမှာ ကစားတဲ့ ခရစ္စတယ် ပဲလေ့စ်နဲ့ ပွဲမှာ ၁-၃ နဲ့ရှံးပြီး တော့တင်ဟမ်ဟော့စပါးနဲ့ ပွဲမှာလည်း ၁-၆ နဲ့ရှုံးနိမ့်ထားခဲ့ပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာလည်း ချဲလ်ဆီးကို အိမ်ကွင်းမှာ သရေကျပြီး ကံကောင်းလို့ မရှုံးခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံး ၅ ပွဲရလဒ်ကို ကြည့်မယ်ဆိုရင် ၃ပွဲနိုင်၊ ၁ပွဲသရေ၊ ၁ပွဲရှုံးထားပါတယ်။ လက်ရှိ အမှတ်ပေးဇယား အဆင့် ၁၅ နေရာမှာ ရပ်တည်နေခဲ့တဲ့ မန်ချက်စတာယူနိုက်တက်တို့ ပြီးခဲ့တဲ့ နယူးကာဆယ်နဲ့ပွဲမှာ အနိုင်ရပြီးကတည်းက စိတ်ဓာတ် တက်ကြွနေပြီး ပီအက်စ်ဂျီကိုတောင် အဝေးကွင်းမှာ အနိုင်ရခဲ့တာပါ။ လက်ရှိအသင်းမှာ လင်ဂတ်၊ ဘိုင်ယီ၊ ဖီးလ်ဂျုံးစ် တို့ပဲ ဒဏ်ရာရရှိနေပြီး လင်ဒီအော့ဖ်၊ အဲလ်က်စ်တဲလက်စ်၊ ဘစ်ဆာခါ၊ မက်ဂွိုင်းယား၊ ဖရက်ဒ်၊ ပေါ့ဘာ၊ ဖာနန်ဒက်စ်၊ မာရှယ်၊ ရက်ရှ်ဖို့ဒ်၊ တွမ်ဇီဘီ၊ မာရှယ်၊ ဒါးဗစ်ဒက်ဟဲယား တို့နဲ့ ပွဲထွက်လာနိုင်ပါတယ်။ ပရိသတ်တွေ မျှော်လင့်‌နေတဲ့ အက်ဒီဆင်ကာဗာနီနဲ့ ဗန်ဒါဘိခ်တို့ကတော့ အရံလူစာရင်းမှာ ပါ၀င်လာဖွယ်ရှိနေပြီး ၃-၄-၁-၂ကစားကွက်နဲ့ ပွဲထွက်လာမယ်လို့ခန့်မှန်းရပါတယ်။

ချန်ပီယံလိဂ်အဖွင့်ပွဲမှာ အစ္စတန်ဘူလ်ဘဆက်ခ်ရှီးယားကို ၂ဂိုးပြတ် အနိုင်ရပြီး
၂၀၁၉ ချန်ပီယံလိဂ်မှာ ဆီမီးဖိုင်နယ်အဆင့်ထိ တက်ရောက်နိုင်ခဲ့တဲ့ လိုက်ပ်ဇစ်

လိုက်ပ်ဇစ်ကတော့ ဒီရာသီမှာ ရှုံးပွဲလုံး၀ မရှိသေးတဲ့ အသင်းဖြစ်ပါတယ်။ တိုက်စစ်က တီမိုဝါနာ အသင်း ပြောင်းသွား ခဲ့ပေမယ့် နည်းပြ ဂျူလီယန် နေဂဲလ်စ်မန်း အနေနဲ့ အသင်းရဲ့ အကောင်းဆုံးပုံစံကို ဆက်လက် ထိန်းသိမ်းထားနိုင်တာ တွေ့ရပါတယ်။ ချန်ပီယံလိဂ် အဖွင့်ပွဲမှာ အစ္စတန်ဘူလ်ဘဆက်ခ်ရှီးယားကို ၂ဂိုးပြတ် အနိုင်ရပြီး နောက်ဆုံးကစားထားတဲ့ ပြိုင်ပွဲစုံ ၇ပွဲမှာ ၁ပွဲပဲ သရေကျထားပါတယ်။ လက်ရှိ ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယားရဲ့ အဆင့်၂နေရာ ရပ်တည်ထားနိုင်တဲ့ လိုက်ပ်ဇစ်ဟာ ထုံးစံအတိုင်း အသင်းလိုက်ကစားပုံ ကောင်းကောင်းနဲ့ ယူနိုက်တက်ကို ရင်ဆိုင်လာဦးမှာပါ။ ခံစစ်က ကလော့စတာမန် ဒဏ်ရာကြောင့် ပါ၀င်လာနိုင်မှာ မဟုတ်ပေမယ့် ပိုလ်ဆင်၊ အိုလ်မို၊ ဖော့စ်ဘဂ် တို့အပြင် ဆဘစ်ဇာ၊ အန်ကွန်ကု၊ အူပါမီကာနို၊ အိန်ဂျယ်လီနိုလို ကစားသမား ကောင်းတွေ များစွာရှိနေတဲ့ လိုက်ပ်ဇစ်တို့ ယူနိုက်တက်ကို အကောင်းဆုံး ဖိအားပေး ကစားနိုင်ဦးမှာပါ။ ဒီရာသီမှာ လိုက်ပ်ဇစ် တိုက်စစ်က ၇ပွဲကစားပြီး ၁၄ဂိုး ရထားပေမယ့် ပေးဂိုး ကတော့ ၃ဂိုးပဲရှိထားတဲ့အတွက် ခံစစ်တိုက်စစ် မျှမျှတတ ကစားထားနိုင်တဲ့ အသင်းလည်း ဖြစ်ပါတယ်။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ယူနိုက်တက်နဲ့ လိုက်ပ်ဇစ်တို့ တစ်ကြိမ်တစ်ခါမှ တွေ့ဆုံဖူးခြင်း မရှိသေးတာတွေ့ရပြီးတော့ အခုပွဲကတော့ ပထမဦးဆုံးအကြိမ် တွေ့ဆုံမှုပါ။ ယူနိုက်တက်တို့ မနှစ်ကရာသီသိမ်းခါနီးမှာ နိုင်ပွဲတွေ တောက်လျောက် ရခဲ့လို့ ရာသီသိမ်း ချိန်မှာ အဆင့် ၃နေရာ ရရှိပြီး ချန်ပီယံလိဂ် တိုက်ရိုက်၀င်ခွင့်ရခဲ့တာ ဖြစ်သလို တစ်ဖက်က လိုက်ပ်ဇစ် ဟာလည်း ဘွန်ဒက်စ်လီဂါ မှာ အဆင့် ၃နေရာကနေ ချန်ပီယံလိဂ် ၀င်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
မန်ချက်စတာယူနိုက်တက် Vs လိုက်ပ်ဇစ် အချိန်ပြည့် 1×2 အိမ်ရှင် @ ၂.၂၈ဆ
အောက်တိုဘာလ ၂၉ ရက်, မနက် ၂:၃၀ နာရီ (GMT + ၆:၃၀)

1×2ရဲ့ ပေါက်ကြေးအရ အိမ်ရှင်ဘက်က ၂.၂၈ ဆ၊ ဧည့်သည်ဘက်က ၂.၉၈   ဆနဲ့ သရေအတွက်  ၃.၃၅   ကြေးဖွင့်ထားပါတယ်။ ဒီနှစ်သင်းရဲ့ လက်ရှိ ခြေစွမ်းပိုင်းအရ ကြည့်မယ်ဆိုရင် ယူနိုက်တက်ရဲ့ ခြေစွမ်းပိုင်း မတည်ငြိမ်သေးပေမယ့် နောက်ပိုင်းပွဲတွေမှာ နိုင်ပွဲပြန်ရလာပါတယ်။ ပီအက်စ်ဂျီနဲ့ပွဲမှာ ယူနိုက်တက်ရဲ့ ကစားပုံကောင်းခဲ့သလို နယူးကာဆယ်နဲ့ ပွဲမှာလည်း ပုံစံကောင်း ပြန်ရခဲ့တယ်ဆိုတာ မြင်သာခဲ့ပါတယ်။ နောက်ပြီး အဲလက်စ်တဲလက်စ် နဲ့ အက်ဒီဆင်ကာဗာနီတို့ ပိုင်ဆိုင်ထားပြီ ဖြစ်လို့ အိုးထရက်ဖို့ဒ်မှာ လာကစားမယ့် တောင့်တင်းတဲ့ လိုက်ပ်ဇစ်ကို ြငင်းပယ်ပြီး အိမ်ကွင်းနိုင်ပွဲစယူမယ့် မန်ချက်စတာယူနိုက်တက် ဘက်မှာပဲ ရပ်တည်ချင်ပါတယ်။ အပြန်အလှန် သွင်းဂိုးတွေ ရှိနိုင်ပြီး ယူနိုက်တက် အနိုင်ရဖို့ သေချာပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်