နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လန်ဒန်ဒါဘီက ချဲလ်ဆီးအတွက် နောက်ထပ် သရေပွဲ ဖြစ်လာဦးမှာလား – ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

ဝက်စ်ဟမ်း – ချဲလ်ဆီး

ပရီးမီးယားလိဂ် ထုံးစံအတိုင်း ရာသီကုန်ခါနီးလေ ပွဲကြီးပွဲကောင်းတွေ အားပေးရလေ၊ ရင်ခုန်မှုတွေလည်း အမြင့်ဆုံးကို ရောက်လေပါပဲ။ ဒီတစ်ပတ်ရဲ့ နောက်ထပ် ပရီးမီးယားလိဂ် ပွဲကောင်းတစ်ပွဲကို ပြောပါဆိုရင်တော့ ၀က်စ်ဟမ်းနဲ့ ချဲလ်ဆီးတို့ ကစားမယ့် လန်ဒန်ဒါဘီကို ထပ်ပြီး ညွှန်းရမှာပါ။ ရမှတ်တူ ဂိုးကွာခြားချက်အရ အမှတ်ပေးဇယားရဲ့ အဆင့် ၄နဲ့ ၅ နေရာမှာ ရပ်တည်နေတဲ့ အသင်းနှစ်သင်းရဲ့ တွေ့ဆုံမှုလည်း ဖြစ်နေလို့ ထင်ထားတာထက်ပိုပြီး ရင်ခုန်ရဦးမယ့်ပွဲ ဖြစ်ပါတယ်။

အိမ်ရှင် ၀က်စ်ဟမ်းတို့ တိုက်စစ် ထက်မြတ်နေမှုနဲ့အတူ ရလဒ်တွေ ကောင်းခဲ့ပေမယ့် ပြီးခဲ့တဲ့ပွဲမှာ နယူးကာဆယ်တို့ရဲ့ မထင်မှတ်ထားတဲ့ ရုန်းကန်အားကြောင့် ရှုံးပွဲတွေ့ထားခဲ့ပါတယ်။ ဒါပေမယ့် ဂျက်ဆီလင်ဂတ်၊ ဂျရတ်ဘို၀င် တို့ တိုက်စစ် အတွဲရဲ့ အတွဲအဖက်မိမှုနဲ့အတူ သွင်းဂိုးတွေ မြင်တွေ့နေရဆဲ ဖြစ်ပြီး ပြိုင်ဘက်တိုင်းကို ခြေရည်တူ ကစားနိုင်စွမ်းရှိနေဆဲ ဖြစ်ပါတယ်။ ၁၀ ပွဲကစားပြီး ၉ ဂိုးသွင်းထားတဲ့ ဂျက်ဆီ လင်ဂတ်အနေနဲ့ ဝက်စ်ဟမ်း တိုက်စစ်အတွက် ဘယ်‌လောက်အထိ အကျိုးပြုနိုင်ဦးမှာလဲ ဆိုတာ စောင့်ကြည့်ရပါမယ်။ ဒေးဗစ် မွိုက်စ်ရဲ့ ၀က်စ်ဟမ်းက လက်ရှိရာသီ ပရီးမီးယားလိဂ်မှာ ပုံစံကောင်းတစ်ခုနဲ့ အတူ တစ်ခါမှ မမျှော်လင့်ခဲ့ဖူးတဲ့ ချန်ပီယံလိဂ် ၀င်ခွင့်ရဖို့တောင် ပစ်မှတ်ထားနေတာပါ။ ဒါ့ကြောင့် လျှော့တွက်မိတဲ့ ပြိုင်ဘက်တိုင်းကို ရှုံးပွဲ တွေ့စေနိုင်တဲ့ အသင်းဖြစ်နေတာကို မေ့ထားလို့မရပါဘူး။ ဒါပေမယ့် ခရက်စ်ဝဲလ်၊ ဒီကလန်ရိုက်စ်၊ အန်တိုနီယို တို့ပြင် ခရိတ်ဂ်ျ ဒေါ်ဆင် ကလည်း ပွဲပယ်ပြစ်ဒဏ် ထိထားလို့ အခုလာမယ့်ပွဲကို လွဲချော်ကြပါလိမ့်မယ်။

ဒေးဗစ် မွိုက်စ်ရဲ့ ၀က်စ်ဟမ်းက လက်ရှိရာသီ ပရီးမီးယားလိဂ်မှာ ပုံစံကောင်းတစ်ခုနဲ့ အတူ တစ်ခါမှ မမျှော်လင့်ခဲ့ဖူးတဲ့ ချန်ပီယံလိဂ် ၀င်ခွင့်ရဖို့တောင် ပစ်မှတ်ထားနေတာပါ။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေတဲ့ ဝက်စ်ဟမ်း

သောမက်စ်တူဟယ်ရဲ့ အသင်းက ပြီးခဲ့တဲ့ပွဲမှာသာ ဘရိုက်တန်ကို အနိုင်ရခဲ့မယ်ဆိုရင် အခုချိန်မှာ ပရီးမီးယားလိဂ် အဆင့် ၃ နေရာ အထိ တက်လှမ်းထားနိုင်မှာပါ။ ဒါပေမယ့် နာမည်ကြီး ထမင်းငတ် တိုက်စစ် ကစားသမားတွေကြောင့် သရေ ၁ မှတ်နဲ့ပဲ ကျေနပ်ထားခဲ့ရပါတယ်။ တစ်ချက်ရှိတာက ချဲလ်ဆီးဟာ ချန်ပီယံလိဂ်၊ အက်ဖ်အေဖလား တို့ကို အာရုံစိုက်နေခဲ့တာကြောင့် ပရီးမီးယားလိဂ် ကိုတော့ ပေါ့သွားပုံပေါ်ပါတယ်။ ဒါ့ကြောင့် အခု ၀က်စ်ဟမ်းနဲ့ လန်ဒန်ဒါဘီ ကိုတော့ မဖြစ်မနေ အာရုံပြန်စိုက်မယ့် သဘောရှိပြီး ချန်ပီယံလိဂ် ၀င်ခွင့် လက်မှတ် သေချာပေါက်ရဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ ဒီပွဲပြီးရင် ရီးရဲယ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ကစားဖို့ ရှိလို့ ဘယ်လိုပုံစံနဲ့ ပွဲထွက်လာမလဲ ဆိုတာ ကိုတော့ စောင့်ကြည့်ရပါလိမ့်မယ်။ သေချာတာကတော့ ကိုဗာချစ်ခ်နဲ့ သီယာဂိုဆေးလ်ဗား ကတော့ ဒဏ်ရာပြသနာတွေကြောင့် လွဲချော်ပါလိမ့်မယ်။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဝက်စ်ဟမ်းနဲ့ လစ်ဗာပူးလ်တို့ရဲ့ နောက်ဆုံးတွေ့ဆုံမှု အကြိမ် ၂ဝ မှာ ၀က်စ်ဟမ်းတို့ ၆ ကြိမ်သာ အနိုင်ရခဲ့ပြီး ချဲလ်ဆီး ကတော့ ၁၀ ကြိမ် အထိ အနိုင်ရထားပါတယ်။ နောက်ဆုံး ၅ ပွဲမှာ သရေ ၁ ပွဲပဲ ရှိခဲ့ပြီး တစ်သင်းကို ၂ ပွဲစီ အနိုင်ရထားပါတယ်။ ဒီရာသီ ပထမအကျော့ ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ ချဲလ်ဆီးက စတန်းဖို့ဒ်ဘရစ်ခ်ျမှာ ၃-၀ ရလဒ်နဲ့ ဂိုးပြတ်အနိုင်ရထားပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ဝက်စ်ဟမ်း – ချဲလ်ဆီး အချိန်ပြည့် 1X2 သရေ @ 3.55
ဧပြီလ ၂၄ ရက်, ည ၁၁:၀၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ကြေးဖွင့်မှုအရ အိမ်ရှင်အတွက် ၄.၃၃ ဆ၊ သရေအတွက် ၃.၅၀ ဆနဲ့ ဧည့်သည်အတွက် ၁.၈၅ ဆ ကြေးဖွင့်လှစ်ထားတာ တွေ့ရပါတယ်။ ဒီနှစ်သင်းရဲ့ နောက်ပိုင်း ထိပ်တိုက်တွေ့ဆုံမှု တော်တော်များများဟာ အပြန်အလှန် ရှိခဲ့ကြပါတယ်။ ဒါ့ကြောင့် ခန့်မှန်းရလည်း ခက်ပါတယ်။ လန်ဒန်ကွင်းမှာ ချဲလ်ဆီးတို့ နောက်ဆုံး ၃ကြိမ်စလုံး နိုင်ပွဲမရှာနိုင်ခဲ့တာကိုလည်း ထည့်တွက်ရပါမယ်။ ဒါ့ကြောင့် အနိုင်အရှုံးထက် သရေကို ပိုသဘောကျပြီး နှစ်သင်းပေါင်း သွင်းဂိုး ၃ဂိုးနဲ့ အထက် မြင်တွေ့ရလိမ့်မယ် ထင်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်