နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် – နောက်ဆုံးရအပြောင်းအရွှေ့ သတင်းများ (အာဆင်နယ်၊ မန်ချက်စတာယူနိုက်တက်၊လစ်ဗာပူးလ်)

countdown banner

ဇူလိုင်လ ၂၁ ရက်နေ့ အထိနောက်ဆုံးရရှိထားတဲ့ စိတ်ဝင်စားဖွယ် ပရီးမီးယားလိဂ် အပြောင်းအရွှေ့သတင်းတွေကိုပြည့်ပြည့်စုံစုံစုစည်းဖော်ပြပေးသွားမှာဖြစ်ပါတယ်။အခုတစ်ခါမှာတော့ အပြောင်းအရွှေ့ဈေးကွက်မှာသတင်းတွေကျယ်ကျယ်လောင် ထွက်ပေါ်နေတဲ့ အာဆင်နယ်၊ မန်ချက်စတာယူနိုက်တက်လစ်ဗာပူးလ်ကစားသမားသစ် ခေါ်ယူနိုင်ရေးအတွက် အတည်ပြုနိုင်တဲ့ ကြိုးပမ်းမှုတွေနဲ့ ဖြစ်နိုင်ချေရှိတဲ့ ကောလာဟလတွေကိုလည်းဖတ်ရှုရမှာဖြစ်ပါတယ်။
 

အာဆင်နယ်

လာမယ့်ရာသီအတွက် ပရီးမီးယားလိဂ်ကလပ်အာဆင်နယ်ရဲ့ ကစားသမားသစ် ခေါ်ယူဖို့ ကြိုးပမ်းမှုတွေကတော့ အရင်နှစ်တွေနဲ့ မတူပဲအားရစရာကောင်းနေတယ်လို့ပဲဆိုရမှာဖြစ်ပါတယ်။အာဆင်နယ် အနေနဲ့ လက်ရှိအချိန်ထိအန်ဒါလက်ချ်က ဆမ်ဘီလိုကွန်ညာနဲ့ ဘင်ဖီကာ က နူနိုတာဗာရက်စ်တို့ နှစ်ဦးကိုပဲအတည်ပြုနိုင်တဲ့အပြောင်းအရွှေ့အဖြစ် ခေါ်ယူထားနိုင်ပေမယ့် မကြာသေးခင်ကဘရိုက်တန် နောက်ခံလူဘန်ဝှိုက်ကိုပေါင်သန်း ၅၀ နဲ့ ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်းသတင်းတွေမှာဖော်ပြထားပါတယ်။

နည်းပြ မီခယ်အာတေးတားအနေနဲ့ အသင်းရဲ့ ကွင်းလယ်အတွက်အရည်အသွေးရှိတဲ့ ကစားသမားတစ်ဦးကိုခေါ်ယူအားဖြည့်နိုင်ဖို့ ကြိုးစားနေဆဲဖြစ်ပြီးနောက်ဆုံးရရှိတဲ့ သတင်းတွေအရပစ်မှတ်ထားနေတဲ့ စာရင်းမှာလစ်ဗာပူးလ် ကွင်းလယ်ကဂျော်ဒန်လည်းပါဝင်လာခဲ့ပြီလို့ သိရပါတယ်။ဟန်ဒါဆင် အနေနဲ့ လစ်ဗာပူးလ်နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ အဆင်မပြေဖြစ်ခဲ့တာကြောင့် အခုနှစ်နွေရာသီအစောပိုင်းမှာပဲအသင်းကနေထွက်ခွာဖို့ ရှိနေတာဖြစ်ပါတယ်။ တစ်ဖက်မှာလည်းမန်ဝဲလ်လိုကတ်တယ်လီကိုခေါ်ယူနိုင်ဖို့ အတွက် ဆာဆွယ်လိုအသင်းတောင်းဆိုထားတဲ့ ပေါင် ၃၄ သန်းအပြင် အပိုဆုကြေးတွေနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ကစားသမားကတော့ ဂျူဗင်တပ်စ် ဆီသာပြောင်းရွှေလိုတာကြောင့် အာဆင်နယ်ဟာဒုတိယဦးစားပေးအဖြစ် ဆက်ရှိနေဆဲဖြစ်ပါတယ်။

 
ဒေးလီးမေးလ် သတင်းရဲ့ အဆိုအရတော့ ဂန်းနားတို့ လက်စတာစီးတီးကွင်းလယ်ဖန်တီးရှင် ဂျိမ်းစ် မက်ဒီဆင်ကိုခေါ်ယူဖို့ အတွက် ပြောင်းရွှေ့ကြေးအပြင် လူငယ်ကစားသမားတွေဖြစ်တဲ့ ရီးလ်နဲလ်ဆင်နဲ့ အိန်စလေမစ်လန်းနိုင်းလ်စ် ကိုပါ အလိုက်ပေးကမ်းလှမ်းသွားဖို့ ရှိကြောင်းသိရပါတယ်။ ဂျိမ်းစ် မက်ဒီဆင်ရဲ့ ဒီရာသီအာဆင်နယ် အတွက် အဓိကပစ်မှတ်ကစားသမားဖြစ်ပြီးအဆိုပါ အင်္ဂလန် ကွင်းလယ်ကြယ်ပွင့်ကိုသာခေါ်ယူနိုင်ခြင်းမရှိခဲ့ဘူးဆိုရင် လိုင်လီကရီနာတိုဆန်းချက်စ်ကိုပြန်လည် ကြိုးပမ်းမယ့် သဘောရှိတယ်လို့ သိရပါတယ်။ နာမည်ကြီးသုံးသပ်သူတွေကတော့ အာဆင်နယ် အနေနဲ့ လက်စတာစီးတီးအတွက် အဓိကကစားသမားဖြစ်နေတဲ့ ဂျိမ်းစ် မက်ဒီဆင်ကိုကမ်းလှမ်းတာထက် ကလပ် အသင်းအချင်းချင်းဆက်ဆံရေးကောင်းမွန်တဲ့ လိုင်လီဆီကရီနာတိုဆန်းချက်စ်ကိုကြိုးပမ်းတာကပိုပြီးဖြစ်နိုင်ချေရှိနေတယ်လို့လည်းဆိုပါတယ်။ ဂါဘရီရယ်၊ နီကိုလာစ် ပေပေတို့လိုကစားသမားတွေကိုခေါ်ယူခဲ့ဖူးတဲ့ အာဆင်နယ် အနေနဲ့ အမှန်တကယ်သာကမ်းလှမ်းလာမယ်ဆိုရင် လိုင်လီဘက်ကလည်းရီနာတိုဆန်းချက်စ်ကိုရောင်းချဖို့ အဆင်သင့် ရှိနေတယ်လို့လည်းတချို့သောသတင်းတွေမှာဖော်ပြထားပါတယ်။ တချို့သတင်းတွေမှာတော့ စပိန် ထိပ်သီးမှာပဲကစားဖို့ ဆုံးဖြတ်ထားတဲ့ မာတင်အိုဒီဂွာကိုရီးရဲယ်မက်ဒရစ် ဘက်ကလုပ်ခလစာပေးချေဖို့ အခက်အခဲရှိတာကြောင့် အာဆင်နယ် အသင်းထံရောင်းချချင်နေတယ်လို့ သိရသလိုလိုင်ယွန်ကဟော့ဆန် အာဝါး၊ ဝုဗ်ကရူဘက်နားဗက်စ်တို့ကိုလည်းပစ်မှတ်ထားနေတယ်လို့ ဖော်ပြနေကြပါတယ်။

ဒါ့အပြင် အသက် ၂၃ နှစ်အရွယ် အင်္ဂလန် တိုက်စစ်မှူးတမ်မီအေဗရာဟမ်ကိုတစ်ရာသီအငှားနဲ့ အရင်ခေါ်ယူပြီးရာသီအကုန်မှာပေါင်သန်း ၄၀ နဲ့ အပြီးသတ် ဝယ်ယူခွင့် ပါတဲ့ စာချုပ်နဲ့ ချဲလ်ဆီးဘက်ကကမ်းလှမ်းချက်ကိုအာဆင်နယ် ဘက်ကလက်ခံနိုင်ဖွယ် ရှိနေတယ်လို့လည်းသိရပါတယ်။
 

အတည်ပြုနိုင်တဲ့ အပြောင်းအရွှေ့များ

အဝင် – နူနိုတာဗာရက်စ် – ဘင်ဖီကာ၊ ဆမ်ဘီလိုကွန်ညာ

အထွက်-ဒန်နီဆယ်ဘာလော့စ်၊ မတ်ရွိုင်ယန်၊ မာတင်အိုဒီဂွာ၊ ဒါးဗစ်လူးဝစ်ဇ်၊ မက်ခ် မက်ဂင်းနက်စ်၊ ဘန်ရှက်ဖ်၊ ထရေးကွိုင်လီ၊ ဇက်ချ်မက်ခ်လီ၊ ဒီနိုအန်ဗရိုပါးနို့စ် (အငှား)၊ ဒန်နီရယ်ဘဲလ်လော့ဒ် (အငှား)၊ မတ်စမစ် (အငှား)
 

မန်ချက်စတာယူနိုက်တက်

နှစ်စဉ် နှစ်တိုင်းအသင်းကနေထွက်ခွာမယ်လို့ သတင်းတွေထွက်ပေါ်လေ့ရှိတဲ့ မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူပေါလ်ပေါ့ဘာရဲ့ ပရီးမီးယားလိဂ်ကလပ်ကိုစွန့်ခွာမယ်ဆိုတဲ့ အသံတွေလက်ရှိမှာလည်းကျယ်လောင်လာခဲ့ပြန်ပါပြီ။Daily Mirrorရဲ့ ဖော်ပြချက်အရဆိုရင် ပေါ့ဘာရဲ့ အေးဂျင့် ဖြစ်သူမီနိုရွိုင်းအိုလာဟာသူ့ရဲ့ ကစားသမားကိုပြင်သစ်ထိပ်သီးပီအက်စ်ဂျီထံပြောင်းရွှေ့နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးဖို့ နီးကပ်လာတဲ့ ပေါ့ဘာအနေနဲ့ အစောပိုင်းကအသင်းဟောင်းဂျူဗင်တပ်စ် ဆီပြန်မယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် လက်ရှိမှာတော့ ရွိုင်းအိုလာအနေနဲ့ အေးဂျင့်ကြေးမျိုးမျိုးမြတ်မြတ် ရနိုင်ဖို့ အတွက် ပေါ့ဘာကိုပီအက်စ်ဂျီထံပြောင်းရွှေ့နိုင်ရေးစတင် ကြိုးပမ်းလာတာဖြစ်နိုင်ကြောင်းနာမည်ကြီးသတင်းဌာနတွေမှာဖော်ပြထားပါတယ်။

တစ်ဆက်တည်းမှာပဲဂျက်ဆီလင်ဂတ်ကိုခေါ်ယူဖို့ မျက်စိကျနေတဲ့ အသင်းတွေထဲမှာအဲဗာတန် ပါဝင်လာခဲ့ပြီဖြစ်ကြောင်းနာမည်ကြီး The Sun သတင်းစာမှာဖော်ပြထားပါတယ်။ ဒေးလီးမေးလ် မှာတော့ ယူနိုက်တက်ရဲ့ ပေါ်တူဂီညာနောက်ခံလူဒီယေဂိုဒါးလော့တ်ကိုရီးရဲယ်မက်ဒရစ် နည်းပြ အန်ဆယ်လော့တီကခေါ်ယူဖို့ စိတ်ဝင်စားနေသလိုအဲလက်စ်တဲလက်စ်ကိုအငှားစာချုပ်နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေတဲ့ မော်ရင်ဟိုနဲ့ ရိုးမားရဲ့ ကြိုးပမ်းမှုကိုယူနိုက်တက် ဘက်ကသေချာပေါက် ပယ်ချဖို့ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

ကစားသစ် ခေါ်ယူနိုင်ရေးကြိုးပမ်းမှုအရတော့ ယူနိုက်တက်တို့ ရီးရဲယ်မက်ဒရစ် ဗဟိုခံစစ်မှူးရာဖာရယ် ဗာရန်းကိုခေါ်ယူနိုင်ဖို့ နီးစပ်နေပြီးမကြာခင်မှာအတည်ပြုနိုင်တဲ့ သတင်းတွေထွက်ပေါ်လာဖို့ ရှိနေပါတယ်။ ဒါ့အပြင် ဗာရန်းရဲ့ အပြောင်းအရွှေ့နဲ့ အတူဗင်နီးစီးယပ်စ် ဂျူနီယာကိုလည်းယူနိုက်တက် ဘက်ကကြိုးပမ်းလာဖို့ ရှိတယ်လို့ အစောပိုင်းသတင်းတွေမှာဖော်ပြထားပြီးဖြစ်ပါတယ်။ အက်တလက်တီကိုမက်ဒရစ် ညာနောက်ခံလူကီရင် ထရစ်ပီယာကိုခေါ်ယူနိုင်ဖို့ အတွက် ကတော့ အခက်အခဲရှိနိုင်ပြီးစပိန် ကလပ် ဘက်ကအသင်းနဲ့ စာချုပ်သက်တမ်း ၂ နှစ် ကျန်ရှိနေသေးတဲ့ ထရစ်ပီယာကိုအနည်းဆုံးပေါင် ၄၃ သန်းမှ မရရင် ရောင်းချလိုခြင်းမရှိဘူးလို့ သိရပါတယ်။ ပေါင် ၇၃ သန်းနဲ့ သဘောတူညီမှုရရှိပြီးဖြစ်တဲ့ ဂျေဒန် ဆန်ချိုကိုတော့ ယူနိုက်တက် ဘက်ကမကြာခင်မှာမိတ်ဆက်လာဖွယ် ရှိနေပါတယ်။
 

အတည်ပြုနိုင်တဲ့အပြောင်းအရွှေ့များ

အဝင် – တွမ်ဟီတန် (အလွတ်)

အထွက် – ဂျိုဝဲလ်ပရဲရား၊ဆာဂျီယိုရိုမဲရိုး၊တာဟစ်ချောင် (အငှား)၊နေသန်ဘစ်ရှော့ (အငှား)၊ရိစ်ဒီဗိုင်း (အငှား)
 

လစ်ဗာပူးလ်

အစောပိုင်းကအက်တလက်တီကိုမက်ဒရစ်နဲ့ စပိန် ကွင်းလယ်လူဆာအူးလ် နီဂွက်ဇ်ကိုအတွက် ပြောင်းရွှေ့ကြေးနဲ့ အတူရှကီရီ၊ အိုရီဂီတို့ကိုပါ အလိုက်ပေးကမ်းလှမ်းခဲ့တဲ့ လစ်ဗာပူးလ်တို့လက်ရှိမှာတော့ လက်စတာစီးတီးကွင်းလယ်ကြယ်ပွင့် ယိုရီတေးလီမန့်စ်ကိုကြိုးပမ်းလာဖွယ် ရှိနေပါတယ်။ဆာအူးလ် အနေနဲ့ ပရီးမီးယားလိဂ်ထိပ်သီးအသင်းထံပြောင်းရွှေ့ဖို့ စိတ်ဝင်စားခဲ့ပေမယ့် ကလပ်အသင်းဘက်ကကမ်းလှမ်းချက်ကိုပယ်ချခဲ့တာကြောင့် တေးလီးမန့်စ် ဘက်ကို မျှားဦးလှည့်လာခဲ့တာလည်းဖြစ်ပါတယ်။ ဒါကြောင့် လက်စတာစီးတီးဘက်ကတေးလီးမန့်စ်ကိုအလျင်အမြန် စာချုပ်သက်တမ်းတိုးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကလော့ပ်ရဲ့ အသင်းကယူရို ၂၀၂၀ မှာအီတလီနဲ့အတူခြေစွမ်းပြခဲ့တဲ့ အင်တာမီလန် ကွင်းလယ်ကစားသမားနီကိုလိုဘာရယ်လာကိုလည်းစိတ်ဝင်စားနေဆဲလို့ သိရပါတယ်။

တစ်ဖက်မှာတော့ ဂျော်ဒန် ဟန်ဒါဆင် အနေနဲ့ အသင်းကနေထွက်ခွာဖို့ သေချာသလောက် ရှိနေပြီးဆာဘီးယားကွင်းလယ်လူမာကိုဂရူအစ် ကတော့ ပေါ်တိုအသင်းထံပေါင် ၁၀ သန်းခွဲနဲ့ ပြောင်းရွှေ့ဖို့ ရှိနေပါတယ်။ဘင်ဒေးဗီးစ် ကိုတော့ လစ်ဗာပူးလ် ဘက်ကရောင်းချချင်နေပေမယ့် ကစားသမားကတော့ အသင်းမှာပွဲထွက်ခွင့်ရဖို့ပဲဆက်လက် ကြိုးစားချင်နေတယ်လို့ သိရပါတယ်။
 

အတည်ပြုနိုင်တဲ့ အပြောင်းအရွှေ့များ

အဝင် -အီဗရာဟီမာကိုနိတ် – အာဘီလိုက်ပ်ဇစ်၊ ပေါင် ၃၄ သန်း

အထွက် -ဂျော်ဂျီနိုဝိုင်ဂျ်နယ်ဒမ်၊မာကိုဂရူအစ်၊ ဒမ်လူးဝစ်၊ဆက်ပ်ဗန်ဒန်ဘဂျ် (အငှား)၊ ပေါလ်ဂလတ်ဇဲလ် (အငှား)၊ လီယမ်ကွိုင်းလ် (အငှား)၊ ဂျိုးဟာဒီ (အငှား)
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်