နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နောက်ဆုံးရပရီးမီးယားလိဂ် အပြောင်းအရွှေ့သတင်းများ

၂၀၂၀-၂၀၂၁ ဘောလုံးရာသီအတွက် ဥရောပကလပ်အသင်းကြီး တော်တော်များများဟာ အသင်းအတွက် ကစားသမား အင်အားဖြည့်တင်းမှုတွေ ဆက်တိုက် ပြုလုပ်နေကြပြီး ပရီးမီးယားလိဂ် ထိပ်သီး အာဆင်နယ်၊ မန်ချက်စတာယူနိုက်တက်၊ လက်စတာစီးတီး၊ အဲဗာတန်အစရှိတဲ့ အသင်း‌တွေရဲ့ ကစားသမားသစ် ခေါ်ယူမယ့် သတင်းတွေကလည်း ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပါတယ်။ ဒီတစ်ခါမှာတော့ SBOTOP ဘောလုံးပရိသတ်တွေ အတွက်  ပရီးမီးယားလိဂ် ကစားသမား အပြောင်းအရွှေ့ နောက်ဆုံးရသတင်းတွေကို ဖော်ပြပေးသွားပါမယ်။

အပြောင်းအ‌‌ရွှေ့ကာလမှာ ခြေငြိမ်နေတဲ့ လက်စတာစီးတီး တို့ ကစားသမားခေါ်ယူဖို့ စတင်ပြင်ဆင်လာပြီလို့ သိရပါတယ်။ ချဲလ်ဆီးကို ပြောင်းဖို့ စိတ်၀င်စားနေတဲ့ ဘန်ချေးလ်ဝဲလ်ရဲ့ နေရာမှာ အစားထိုးဖို့ အတွက် အေဂျက်စ်အသင်းက အသက် ၂၇နှစ်အရွယ် အာဂျင်တီးနား ဘယ်နောက်ခံလူ နီကိုးလပ်စ် တဂ်လီယာဖီဂိုကို စိတ်ဝင်စားနေတယ်လို့သိရပါတယ်။

ယူရိူပါလိဂ် ကွာတားဖိုင်နယ်ထိရောက်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ ရလဒ်ကောင်းတွေရရှိခဲ့တဲ့ ဝုဗ်တို့ဟာ ကစားသမားသစ်ခေါ်ယူဖို့  ခက်ခဲနေတယ်လို့ သိရပါတယ်။ နည်းပြ ဆန်းတို့စ်ကတော့ ကစားသစ်တွေ ခေါ်ယူရာမှ ငွေကြေးလိုအပ်ချက်ရှိနေလို့ အဒမ်မာထရာအိုရေး ကို ရောင်းထုတ်မယ့် အခြေအနေမှာ ရှိနေပါတယ်။ စပိန်ကစားသမား ထရာအိုရေးကို ခေါ်ယူဖို့ ဥရောပထိပ်သီး အသင်းတော်တော်များများက စိတ်၀င်စားနေပြီး ကစားသမားဘက်ကလည်း အသင်းပြောင်းချင်နေတယ်လို့ သိရပါတယ်။ ‌ထရာအိုရေးရဲ့ နေရာမှာတော့ ဆီဗီလာက အသက် ၂၆နှစ်အရွယ် ခြေစွမ်းပြတောင်ပံကစားသမား လူးကပ်စ် အိုကမ်ပိုစ့်ကို ခေါ်ယူအစားထိုးဖို့ ပြင်ဆင်နေတယ်လို့သိရပါတယ်။

ပရီးမီးယားလိဂ်မှာ အသင်းကို ပြန်လည်တည်ဆောက်ရေး လူငယ်ကြယ်ပွင့်တွေ ဆက်တိုက်ခေါ်ယူနေပါတယ်။
ရက်ပိုင်းအတွင်း လူငယ်ကစားသမား ၃ဦးထိခေါ်ယူထားတဲ့ အာဆင်နယ်

အာတီတာကတော့ ပရီးမီးယားလိဂ်မှာ အသင်းကို ပြန်လည်တည်ဆောက်ရေး  လူငယ်ကြယ်ပွင့်တွေ ဆက်တိုက်ခေါ်ယူနေပါတယ်။ အသက် ၁၇နှစ်သာရှိသေးတဲ့ ကွင်းလယ်ကစားသမား ဆာလာအက်ဒင်းန်ကို နယ်သာလန်ကလပ် ဖီယင်‌နော့တ်အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလိုက်ပါတယ်။ ပြီးခဲ့တဲ့ရက်ကလည်း ဟက်ဒါဖီးလ်တောင်း အသင်းက တင်မ်အတ်ကင်နိုလာ နဲ့ နော်ဝေကလပ် ဖရန်းမ်လာဗစ်ခ်က ဂျော့ခ်ျလူး၀စ်ကို ခေါ်ယူထားခဲ့ပါတယ်။ ထပ်မံရရှိတဲ့ သတင်းတွေအရဆိုရင် နိုက်စ်က အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် မာလန်းဂ်ဆား ကို ဘာစီလိုနာနဲ့ အပြိုင်စိတ်၀င်စားနေတယ်လို့သိရပါတယ်။ ဘေယန်မြူးနစ်က ဂျာမန်ကွင်းလယ်လူ သီယာဂို အယ်လ်ကန်တာရာ ကို လည်း ခေါ်ယူလိုနေပြီး ဘေယန်မြူးနစ်ဘက်က‌တော့ ပေါင် ၂၃သန်းလောက် အနည်းဆုံးလိုချင်နေပါတယ်။ သီယာဂိုဟာ ဂျာမန်ကလပ်နဲ့ စာချုပ်သက်တမ်း တစ်နှစ်ကျန်ရှိနေပေမယ့် လာမယ့်ရာသီ ပုံမှန်ပွဲထွက်ခွင့်ရဖို့ မသေချာလို့ အသင်းပြောင်းဖို့ စဉ်းစားနေသူလည်း ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ ‌ဒေါ့မန်က အဂ်လန် လူငယ်ကြယ်ပွင့် ဂျေဒန်ဆန်ချိုကို ခေါ်ယူရေး လက်လျှော့သွားပြီလို့ သိရပါတယ်။ သတင်းကြီးခဲ့တဲ့ ဆန်ချိုကတော့ လာမယ့်ရာသီ ဒေါ့မန်အသင်းမှာပဲဆက်ရှိနေဖို့ ရာခိုင်နှုန်းများနေပြီး ယူနိုက်တက်ဘက်ကလည်း နောက်ရာသီမှပဲ ထပ်မံကမ်းလှမ်းမယ့် သဘောရှိပါတယ်။ အဲ့ဒီနောက်မှာတော့ ရိုးမားကနေ အငှားစာချုပ်ပြည့်လို့ မန်ချက်စတာ ပြန်ရောက်လာတဲ့ ခရစ်စမောလင်းကို ခေါ်ယူချင်တဲ့ ပရီးမီးယားလိဂ်အသင်း ၄သင်း လောက်ရှိနေတယ်လို့ သိရပါတယ်။ နောက်ခံလူ စမောလင်းကို ခေါ်ယူဖို့ နယူးကာဆယ်၊ ၀က်စ်ဟမ်း၊ ဖူလ်ဟမ်၊ အဲဗာတန် တို့ဘက်က မကြာခင်ကမ်းလှမ်းမှုတွေ ပြုလုပ်နိုင်ဖွယ်ရှိနေပါတယ်။

အဲဗာတန်အသင်းဟာ ဘရာဇီးလ် တိုက်စစ်မှူး ရစ်ချာလီဆင်ရဲ့ ပြောင်းရွှေ့ကြေးကို ပေါင် ၁၄၃သန်းသတ်မှတ်လိုက်ပါတယ်။ အသက် ၂၃နှစ်အရွယ်တိုက်စစ်မှူးဟာ အဲဗာတန်အတွက် အဓိကကစားသမားတစ်ဦးဖြစ်ပေမယ့် ရာသီသစ်အတွက် ကစားသမားသစ်ခေါ်ယူရာမှာ ဘဏ္ဍာရေးပိုင်း တောင့်တင်းစေဖို့ အခုလိုဆုံးဖြတ်လိုက်တာလည်း ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ကို တကျော့ပြန်ခြေချလာခဲ့တဲ့ လိဒ်စ်ယူနိုက်တက်အသင်း ကတော့ လစ်ဗာပူးလ်က ဘယ်ဂျီယံကစားသမား ဒီဗော့ခ် အိုရီဂီကို ‌ခေါ်ယူဖို့ကြိုစားနေပြီး အသက် ၂၀အရွယ် ဘရူးစတားကိုလည်း အငှားနဲ့ ခေါ်ယူနိုင်ဖို့လည်း ကြိုးပမ်းနေပါတယ်။ နောက်ပြီးတော့ ဗလင်စီယာက အသက် ၂၉နှစ်အရွယ် စပိန်တိုက်စစ်မှူး ရိုဒရီဂိုကိုလည်း ချိတ်ဆက်နေတယ်လို့သိရပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ်, တွစ်တာ, အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်