နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တော့တင်ဟမ်ဟော့စပါးတို့ နိုင်ပွဲရှာတွေ့ချိန် တန်ပါပြီ – ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

countdown banner

တော့တင်ဟမ်ဟော့စပါး vs ဖူလ်ဟမ်

အခုတစ်ခါမှာတော့ လာမယ့် ဒီဇင်ဘာလ ၃၁ ရက်နေ့ ည ၁၂:၃၀ နာရီ အချိန်မှာ ကစားမယ့် တော့တင်ဟမ်ဟော့စပါး နဲ့ ဖူလ်ဟမ်တို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ကို SBOTOP ပရိသတ်တွေ အတွက် ပွဲကြို ခန့်မှန်းသုံးသပ်ပေးချင်ပါတယ်။ ပရီးမီးယားလိဂ်မှာ နောက်ဆုံး ၄ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေခဲ့တဲ့ တော့တင်ဟမ်ဟော့စပါးတို့ ခြေစွမ်းမကောင်းတဲ့ ဖူလ်ဟမ်နဲ့ ကစားရမှာ ဖြစ်လို့ နိုင်ပွဲ ပြန်ရှာနိုင်မယ့် အခွင့်အရေးတော့ ရှိနေခဲ့ပါတယ်။

တော့တင်ဟမ်ဟော့စပါးတို့ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၄ ပွဲဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးခဲ့ပြီး နောက်ဆုံးကစားခဲ့တဲ့ ပွဲမှာဆိုရင် ဝုဗ်ဗာဟမ်တန် ဝမ်းဒါးရားစ် အသင်းကို ၁ ဂိုးစီ သရေကျခဲ့ပါတယ်။ လက်ရှိမှာ စပါးတို့ အမှတ်ပေးဇယား အဆင့် ၇ နေရာအထိ ရောက်ရှိနေပြီး နိုင်ပွဲ ပျောက်ဆုံးနေခဲ့တာ တစ်လနီးပါး ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ နည်းပြ ဂျိုဆေးမော်ရင်ဟို ကိုယ်တိုင် သူ့ရဲ့ အသင်းကို ဝေဖန်ထားပြီး ပွဲတစ်ပွဲကို ဘယ်လို အပြီးသတ်ရမယ်ဆိုတာ တောင် မသိဘူးလို့ ဆိုထားပါတယ်။ မော်ရင်ဟို ပြောတဲ့ အတိုင်းပဲ စပါးတို့ နိုင်ပွဲ တစ်ပွဲရဖို့ထက် သရေ တစ်မှတ် အတွက် ကစားနေသလားလို့ ထင်ရလောက်အောင် အခြေအနေ ဆိုးရွားနေခဲ့ပါပြီ။ အာဆင်နယ်ကို ၂ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ် ပြီးကတည်းက စပါးတို့ နိုင်ပွဲ ပျောက်ဆုံးနေခဲ့တာ ဖြစ်ပြီး ခရစ္စတယ်ပဲလေ့စ်နဲ့ တစ်ဂိုးစီသရေ၊ လစ်ဗာပူးလ်ကို ၂-၁၊ လက်စတာစီးတီးကို ၀-၂ တို့နဲ့ ရှုံးနိမ့်ခဲ့ကာ ဝုဗ်ကိုတော့ ၁-၁ နဲ့ သရေကျခဲ့တာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့တဲ့အထိ အခြေအနေကောင်း တစ်ခုကို ပိုင်ဆိုင်ခဲ့ပေမယ့် ဆွန်ဟောင်မင်နဲ့ ကိန်းတို့ ခြေစွမ်းကျဆင်းမှုနဲ့အတူ စပါးတို့ တောက်လျောက် ရလဒ်တွေ ဆိုးရွားနေပါတယ်။ ဒီရာသီ စပါးတို့ရဲ့ အိမ်ကွင်းစွမ်းဆောင်ရည် ကိုကြည့်မယ်ဆိုရင် ၇ ပွဲကစားထားရာမှာ ၃ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၂ ပွဲရှုံးပြီး သိပ်ပြီး အားရစရာတော့ မရှိတာ တွေ့ရပါတယ်။

 
ဖူလ်ဟမ်ကတော့ ရာသီအစမှာ တောက်လျောက် ရလဒ်ဆိုးရွားခဲ့ပေမယ့် လက်ရှိမှာတော့ ခြေစွမ်းပြန်တက်လာတာ တွေ့ရပါတယ်။ မန်ချက်စတာစီးတီး  ကို ၂ ဂိုးပြတ် ရှုံးနိမ့်ပြီးကတည်းက နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၄ ပွဲဆက်တိုက် သရေကျထားပါတယ်။ လစ်ဗာပူးလ်၊ ဘရိုက်တန်၊ နယူးကာဆယ်၊ ဆောက်သမ်တန်တို့လို့ အသင်းတွေကို သရေကျထားတာ ဖြစ်လို့ ဖူလ်ဟမ်တို့ တောက်လျောက် ခြေစွမ်းပြန်ကောင်းလာတယ်ဆိုတာ သိသာပါတယ်။ တိုက်စစ်က ကာဗယ်လီယို၊ လော့ဖ်တပ်စ်ချိခ်၊ မီထရိုဗစ်၊ ကီဘာနိုတို့ သွင်းဂိုး ရဖို့ ရုန်းကန်နေရဆဲ ဖြစ်ပေမယ့် ခံစစ်ကစားပုံ ကောင်းမွန်လာတာကြောင့် တတ်နိုင်သမျှ အမှတ်တွေ စုဆောင်းနေနိုင်တာ ဖြစ်ပါတယ်။ ဖူလ်ဟမ်တို့ ပရီးမီးယားလိဂ် မှာ ၁၅ ပွဲကစားပြီးချိန်အထိ ၂ ပွဲနိုင်၊ ၅ ပွဲသရေ၊ ၈ ပွဲရှုံးထားပြီး အမှတ်ပေးဇယား အဆင့် ၁၈ နေရာမှာ ရပ်တည်နေပါတယ်။

မန်ချက်စတာစီးတီး  ကို ၂ ဂိုးပြတ် ရှုံးနိမ့်ပြီးကတည်းက နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၄ ပွဲဆက်တိုက် သရေကျထားပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၈ နေရာမှာ ရပ်တည်နေတဲ့ ဖူလ်ဟမ်

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

လန်ဒန်မြို့ခံပြိုင်ဘက် နှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုကို ပြန်ကြည့်မယ်ဆိုရင် တော်တင်ဟမ်ဟော့စပါးက ၅၁ ကြိမ်အနိုင်ရပြီး ဖူလ်ဟမ်ကတော့ ၁၈ ကြိမ်ပဲ အနိုင်ရထားပါတယ်။ သရေပွဲကတော့ ၂၉ ပွဲအထိရှိထားပြီး ၁၀ စုနှစ် တစ်ခု အတွင်း ထိပ်တိုက်တွေ့ဆုံမှု ၁၂ ကြိမ်မှာတော့ စပါးတို့ ၁၀ ကြိမ်အထိ အနိုင်ရထားပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
တော့တင်ဟမ်ဟော့စပါး vs ဖူလ်ဟမ် 1X2 တော့တင်ဟမ်ဟော့စပါး @ 1.48
ဒီဇင်ဘာလ ၃၁ ရက်, ည ၁၂:၃၀နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၁.၅၉ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၅.၆၀ဆ ကြေးဖွင့် ပြီး သရေအတွက် ၃.၈၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ တော့တင်ဟမ်ဟော့စပါးတို့ ရလဒ် ကောင်းတွေ ပြန်ရှာရမယ့် အချိန်ကို ရောက်နေပါပြီ။ ဖူလ်ဟမ်လို ခြေစွမ်းမကောင်းတဲ့ အသင်းကိုမှာ အနိုင်မကစားနိုင်ရင် စပါးတို့ နောက်ပိုင်းပွဲတွေမှာ ထပ်ပြီး ရုန်းကန်ရဖို့ပဲ ရှိပါတယ်။ ပြီးခဲ့တဲ့ ပွဲတွေတုန်းက ရလဒ်မကောင်းခဲ့တာကို မော်ရင်ဟို အနေနဲ့ အဖြေရှာပြီး ဖြစ်မယ်ထင်ပါတယ်။ ဖူလ်ဟမ်ကတော့ ခံစစ်ကစားပုံကောင်းလာပြီး အခုပွဲမှာ တတ်နိုင်သမျှ သရေ ၁ မှတ် အတွက် အားစိုက်လာနိုင်ပေမယ့် စပါးတို့ပဲ လန်ဒန်ဒါဘီမှာ ၂-၁ လောက်နဲ့ အနိုင်ရသွားမယ် ထင်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်