နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဥရောပအပြောင်းအရွှေ့ ဈေးကွက်ကို အပြတ်အသတ် ဦးဆောင်ခဲ့ပြန်တဲ့ ပရီးမီးယားလိဂ်

အောက်တိုဘာလ ၅ ရက်နေ့မှာတော့ အပြောင်းအရွှေ့ရာသီ ပိတ်သိမ်းခဲ့ပြီး ဥရောပထိပ်သီးလိဂ် ၅ ခုထဲမှာ ပရီးမီးယားလိဂ် ကတော့ ကစားသမား အပြောင်းအရွှေ့အတွက် ထုံးစံအတိုင်း ငွေကြေးအများဆုံး အသုံးပြုပြီး ထိပ်ဆုံးက ရပ်တည်ခဲ့ပြန်ပါတယ်။

လက်ရှိ အပြောင်းအရွှေ့ရာသီမှာ ပရီးမီးယားလိဂ် ကလပ်အသင်းတွေရဲ့ ငွေကြေး သုံးစွဲမှု ပမာဏဟာ ပေါင် ၁.၂၈၁ ဘီလီယံ ထိရှိခဲ့ပြီး ငွေကြေး ဒုတိယ အများဆုံး သုံးစွဲခဲ့တဲ့ စီးရီးအေထက် ထက်ဝက်ကျော်လောက် ပိုပြီး သုံးစွဲခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ရာသီက သုံးစွဲခဲ့တဲ့ ပေါင် ၁.၃၇၆ ဘီလီ ပမာဏထက် ပေါင် ၁၅၈ သန်း လျော့နည်းခဲ့တာ ဖြစ်ပါတယ်။ အပြောင်းအရွှေ့ ဈေးကွက်ရဲ့ နောက်ဆုံးနေ့မှာတော့ ကစား ၁၂ ဦး အပြောင်းအရွှေ့ ဖြစ်ပေါ်ခဲ့ပြီး အပြောင်းအရွှေ့ ရာသီတစ်ခုလုံး အနေနဲ့ကတော့ ကစားသမား ၁၀၂ ဦး အပြောင်းအရွှေ့ ဖြစ်ပေါ် ခဲ့ပါတယ်။ ပရီးမီးယားလိဂ် ကလပ်တွေ အနေနဲ့ ၂၀၁၈ ခုနှစ်က တစ်ရာသီလုံး ၁၀၉ ဦး နောက်ဆုံးနေ့မှာ ၂၆ဦး ၊ ၂၀၁၉ ခုနှစ်က တစ်ရာသီလုံး ၁၀၂ ဦးနဲ့ နောက်ဆုံးနေ့မှာ ၁၈ ဦး အပြောင်းအရွှေ့ ဖြစ်ခဲ့ပါတယ်။

အပြောင်းအရွှေ့ နောက်ဆုံးနေ့ရဲ့ ပြောင်းရွှေ့ကြေး အများဆုံးကစားသမား ကတော့ အက်သလက်တီကို မက်ဒရစ်ကနေ ပေါင် ၄၅.၃ သန်းနဲ့ အာဆင်နယ်ကို ရောက်ရှိလာတဲ့ ဂါနာကွင်းလယ်လူ သောမက်စ်ပါတေး ဖြစ်ပါတယ်။ သောမက်စ်ပါတေး ကိုခေါ်ယူဖို့ အာဆင်နယ်အသင်း အနေနဲ့ ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ရပြီး လပေါင်းများစွာ မျှော်လင့်ခဲ့ရတဲ့ ဂန်းနား ပရိသတ်တွေ အတွက်လည်း ကျေနပ်စရာ အပြောင်းအရွှေ့ကာလ ဖြစ်ခဲ့ပါတယ်။ ပါတေးကို လက်မလွှတ်ချင်တဲ့ အက်သလက်တီကို မက်ဒရစ်နဲ့ တိုက်ရိုက်မဆက်သွယ်ပဲ တခြားနိုင်ငံတွေနဲ့ မတူတဲ့ စပိန်နိုင်ငံရဲ့ ဥပဒေ စည်းမျဉ်းကြောင့်သာ ပါတေးကို လန်ဒန်မြေဆီ အပါခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်အနေနဲ့ သောမက်စ်ပါတေးကို ခေါ်ယူရာမှာ လာလီဂါဘောလုံးအဖွဲ့ချုပ်ဆီ တိုက်ရိုက် ဆက်သွယ်ပြီး စာချုပ်ဖျက်သိမ်းကြေး ကိုလည်း အပြည့်ပေးချေခဲ့ရတယ်တာ ဖြစ်ပါတယ်။ ပါတေးအနေနဲ့ ပရီးမီးယားလိဂ် ကလပ်နဲ့ လေးနှစ်စာချုပ်ချုပ်ဆိုပြီး တစ်ပတ်လုပ်ခ ပေါင် ၂၅၀၀၀၀ရရှိမှာ ဖြစ်သလို ကျောနံပါတ် ၁၈ ဝတ်ဆင်ကစားမယ်လို့ သိရပါတယ်။ အာဆင်နယ် တာဝန်ရှိသူတွေ အနေနဲ့  အခု အပြောင်းအရွှေ့ကာလမှာ နည်းပြ မီခယ်အာတေးတား လိုချင်တဲ့ ဂါဘရီရယ် မန်ဂါလွိုက်စ်၊ ရူနာအဲလ်စ်ရူနာဆင် နဲ့ သောမက်စ်ပါတေးတို့ကို အရခေါ်ယူထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ အသင်းမှာရှိတဲ့ ပြင်သစ်လူငယ် ကွင်းလယ်ကစားသမား ဂွမ်ဒေါင်ဇီနဲ့ ဥရုဂွေးကွင်းလယ်လူ လူးကပ်စ်တော်ရိုင်းယားကိုလည်း အက်သလက်တီကို မက်ဒရစ်ဆီ ပြန်ပြီးအငှားချခဲ့တယ်လို့ သိရပါတယ်။

ပါတေးအနေနဲ့ ပရီးမီးယားလိဂ်ကလပ်နဲ့ လေးနှစ်စာချုပ်ချုပ်ဆိုပြီး တစ်ပတ်လုပ်ခ ပေါင် ၂၅၀၀၀၀ရရှိမှာ ဖြစ်သလို
အက်သလက်တီကို မက်ဒရစ်ကနေ ပေါင် ၄၅.၃ သန်းနဲ့ခေါ်ယူခဲ့တဲ့ အာဆင်နယ်ကစားသမား သောမက်စ်ပါတေး

အပြောင်းအရွှေ့နောက်ဆုံးနေ့ရဲ့ နောက်ထပ် ကြေးအများဆုံး ကစားသမားကတော့ နော့ဝစ်ချ်စီးတီးကနေ အဲဗာတန်ကို ပြောင်းရွှေ့လာခဲ့တဲ့  အင်္ဂလန်နောက်ခံလူ ဘန်ဂေ့ဖရေး ဖြစ်ပြီး အသက်၂၂ နှစ်အရွယ် ဗဟိုခံစစ်ကစားသမားအတွက် ပေါင် ၂၅ သန်းလောက် သုံးစွဲခဲ့ရပါတယ်။ အဲ့နောက်မှာလည်း ရိုးမားဂိုးသမား ရော်ဘင် အိုလ်ဆင်ကို ကိုလည်း တစ်ရာသီအငှားနဲ့ ခေါ်ယူနိုင်ခဲ့ပြီး အသင်းက တိုက်စစ်မှူး သီယိုဝဲလ်ကော့တ်ကို ဆောက်သမ်တန်ဆီ တစ်ရာသီအငှား၊ ဆန်ဒရို ရာမီးရက်ဇ်ကို စပိန်ကလပ် ဟျူးစကားဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခွင့်ပေးခဲ့ပါတယ်။

အစောပိုင်းက ကစားသမားသစ်တွေ ခေါ်ယူနိုင်ခြင်းမရှိလို့ အသင်းပရိသတ်တွေရဲ့ ဝေဖန်ခြင်းခံနေရတဲ့ ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာယူနိုက်တက် ကတော့ နောက်ဆုံးနေ့မှာ ကစားသမား ၄ ဦးထိ ခေါ်ယူနိုင်ခဲ့ပါတယ်။ ကာလအတန်ကြာ ကြိုးပမ်းခဲ့တဲ့ ဒေါ့မန်တိုက်စစ်မှူး ဂျေဒန်ဆန်ချို ကို ခေါ်ယူဖို့ လက်လျှော့ခဲ့ရပြီးနောက် အလွတ်ပြောင်းရွှေ့ကြေးနဲ့ အက်ဒီဆင် ကာဗာနီကို ခေါ်ယူခဲ့ပြီး ပေါ်တို ဘယ်နောက်ခံလူ အဲလက်စ်တဲလက်စ်ကို ‌ပေါင် ၁၅ သန်းအပြင် ထပ်ပေါင်း အပိုဆုကြေးနဲ့ ခေါ်ယူခဲ့ပါတယ်။ အသက် ၁၈နှစ်အရွယ် ဥရုဂွေး လူငယ်တောင်ပံကစားသမား ဖာကွန်ဒို ပယ်လီစထရီကိုလည်း ပေါင် ၉ သန်းနဲ့ခေါ်ယူနိုင်ခဲ့ပြီး ဖြစ်ပေမယ့် နောက်ထပ် တောင်ပံကစားသမားဖြစ်တဲ့ အာမဒ် ဒိုင်ရယ်လို ထရာအိုရီ ကတော့ အလုပ်ပါမစ်ကြောင့် ဇန်နဝါရီလမှ လာရောက် ကစားနိုင်မှာလည်း ဖြစ်ပါတယ်။ အဲ့ဒီ လူငယ်ကြယ်ပွင့်အတွက် ကိုတော့ ပေါင် ၂၁သန်းနီးပါး ပေးချေရဖွယ်ရှိနေပါတယ်။ ယူနိုက်တက်အနေနဲ့ ဘာစီလိုနာက အူစမန်နီ ဒမ်ဘီလီကိုလည်း တစ်ရာသီအငှားနဲ့ အရင်ဆုံး ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် ကတ်တာလန်ကလပ် ဘက်က အပြတ်ရောင်းချချင်တာကြောင့် အပြောင်းအရွှေ့ မအောင်မြင်ခဲ့ပဲ ဝက်ဖိုဒ့်က အစ္စမေးလားဆား ကိုလည်း ခေါ်ယူနိုင်ခြင်းတော့ မရှိခဲ့ပါဘူး။

ပရီးမီးယားလိဂ်မှာ ရုံးကန်နေရတဲ့ ဖူလ်ဟမ်ကတော့ ချဲလ်ဆီး ကွင်းလယ်တိုက်စစ် ကစားသမား ရူဘင်လော့ဖ်တပ်စ်ချိခ်ကို တစ်ရာသီအငှားနဲ့ ခေါ်ယူနိုင်ခဲ့သလို လိုင်ယွန်က ဂျိုအာချင် အန်ဒါဆင်ကို ပေါင်တစ်သန်းတန် တစ်ရာသီအငှားနဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ မန်စီးတီး ဗဟိုခံစစ်မှူး တိုဆင်အဒါရာဘိုင်အိုယို ကိုလည်း ပေါင် ၂သန်းနဲ့ အပြောင်းအရွှေ့ရာသီ နောက်ဆုံးမိနစ် မတိုင်ခင် ကရေဗင် ကော့တေ့ဂျ်ဆီ အရောက် ခေါ်ယူနိုင်ခဲ့ပါတယ်။

နောက်ဆုံးနေ့ရဲ့ ကျန်အပြောင်းအရွှေ့တွေမှာတော့ ရန်းစ်အသင်းရဲ့ ညာတောင်ပံကစားသမား ရာဖင်ဟာကို ပေါင် ၁၇ သန်းနဲ့ လိဒ်စ်ယူနိုက်တက်က ခေါ်ယူခဲ့ပါတယ်။ လိဒ်စ်ယူနိုက်တက်တို့ ရာဖင်ဟာအတွက် ပေါင် ၁၇ သန်းပေးချေခဲ့ရပြီး တောင်ပံနဲ့ တိုက်စစ်နေရာမှာ ကစားနိုင်တဲ့ အသက် ၂၃ နှစ်အရွယ် ဘရာဇီးလ်ကစားသမား ကတော့ လာမယ့် ၂၀၂၄ ခုနှစ်အထိ အဲလန်ရုတ်ဒ်မှာ ကစားသွားဖို့ရှိနေပါတယ်။

လက်ရှိ အပြောင်းအရွှေ့ဈေးကွက် ပိတ်ချိန်မှာ ပရီးမီးယားလိဂ်ကလပ်အသင်း တော်တော်များများ ဟာ ပစ်မှတ်ထားတဲ့ ကစားသမားတွေကို အရခေါ်ယူနိုင်ခဲ့ပေမယ့် တချို့အသင်းတွေက အားရစရာ အောင်မြင်တဲ့ အပြောင်းအရွှေ့တွေ မပြုလုပ်နိုင်ခဲ့သလို တချို့ကတော့ အကျိုးရှိတဲ့ အပြောင်းအရွှေ့တွေ ဖြစ်မလာသေးတာ တွေ့ရပါတယ်။
 

အကောင်းဆုံးနဲ့ အဆိုးရွားဆုံး အပြောင်းအရွှေ့လုပ်ဆောင်ချက်များ

ဒီရာသီ အပြောင်းအရွှေ့ဈေးကွက်ကနေ ကစားသမားတွေ အကျိုးအရှိဆုံးခေါ်ယူနိုင်ခဲ့တဲ့ အသင်းကတော့ အက်စတွန်ဗီလာအသင်းပါ။ ဒီရာသီ ပရီးမီးယားလိဂ် မှာ ရာနှုန်းပြည့် နိုင်ပွဲရရှိထားတဲ့ အက်စတွန်ဗီလာအသင်းဟာ အိုလီဝက်ကင်န်စ်ကို ဘရန့်တ်ဖိုဒ့်ကနေ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၂၈သန်းနဲ့ ခေါ်ယူနိုင်ခဲ့သလို အသက် ၂၄ နှစ်အရွယ် ကစားသမားကတော့ လစ်ဗာပူးလ်ကို ၇ဂိုး၂ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ ပြီးပြည့်စုံတဲ့ ဟက်ထရစ်သွင်းယူပြီး အကောင်းဆုံးပုံစံ ပြသထားနိုင်ပါတယ်။ အက်စတွန်ဗီလာတို့ အာဆင်နယ်ဂိုးသမား မာတီနက်ဇ်၊ လိုင်ယွန် ဘာထရန်ထရာအိုရေး တို့ကို ခေါ်ယူထားသလို ချဲလ်ဆီးက ရောစ်ဘာကလီ နဲ့ ဒရင့်ခ်ဝါးတား တို့ကို အငှားနဲ့ ခေါ်ယူထားနိုင်ပါတယ်။ အဓိကကစားသမား ဂျက်ဂရေးလစ်ရှ်ကိုလည်း ၅ နှစ် စာချုပ်သစ် ချုပ်ဆိုထားနိုင်ခဲ့ပါတယ်။

 
အဲဗာတန် ဟာလည်း အက်စတွန်ဗီလာလိုပဲ ပရီးမီးယားလိဂ် မှာ ၄ ပွဲကစားပြီး ၄ ပွဲစလုံးအနိုင်ရထားတဲ့ အသင်း ဖြစ်ပါတယ်။ အမှတ်ပေးဇယားထိပ်ဆုံးက ဦးဆောင်နေတဲ့ အယ်ဆန်လော့တီရဲ့ အဲဗာတန်အသင်းဟာ အထင်ကရ အပြောင်းအရွှေ့ တော်တော်များများ ပြုလုပ်ထားခဲ့တာ တွေ့ရပြီး မာဆေးလ်က အန်ကွန်ကူ၊ နာပိုလီက အဲလန်၊ ရီးရဲမက်ဒရစ်က ဂျိမ်းစ်ရိုဒရီဂွက်ဇ်၊ ဝက်ဖိုဒ့်က အဘ်ဒူလာရီ ဒူကိုရေး၊ နော့ဝစ်ချ်က ဘန်ဂေါ့ဖရေးနဲ့ ရိုးမားက ရော်ဘင်အိုလ်ဆင် တို့ကို ခေါ်ယူနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီက ရုံးကန်ခဲ့ရတဲ့ အဲဗာတန်ဟာ လက်ရှိရာသီမှာတော့  ဘဏ္ဍာရေး ပေါ်လစီအသစ်နဲ့ အတူ အကောင်းဆုံး တည်ဆောက်ထားနိုင်တာ ဖြစ်ပါတယ်။

မြောက်လန်ဒန်ကလပ် တော့တင်ဟမ်ဟော့စပါး အသင်းဟာလည်း အကျိုးရှိတဲ့ အပြောင်းအရွှေ့ တော်တော်များများ ပြုလုပ်ထားနိုင်ပြီး နည်းပြ ဂျိုဆေးမော်ရင်ဟို အနေနဲ့ ဆောက်သမ်တန်အသင်းက ဟော့ဂျ်ဘဂ်၊ ဝုဗ်က ဒိုဟာတီတို့ကို ခေါ်ယူထားပြီး ဆီဗီလာနဲ့ ယူရိုပါလိဂ်ဖလား ရယူနိုင်ခဲ့တဲ့ ရီးရဲမက်ဒရစ် ကစပိန် ဘယ်နောက်ခံလူ ဆာဂျီယိုရက်ဂီလွန် ကိုလည်း ပေါင်သန်း ၃၀ဝန်းကျင်လောက်နဲ့ အရခေါ်ယူထားနိုင်လို့ အကျိုးရှိတဲ့ အပြောင်းအရွှေ့တွေ ပြုလုပ်ထားနိုင်တယ်လို့ ဆိုရမှာပါ။ ဒါ့အပြင် အပြောင်းအရွှေ့ နောက်ဆုံးရက် မတိုင်ခင် ဘင်ဖီကာတိုက်စစ်မှူး ဗင်နီးစီးယပ်စ်ကို တစ်ရာသီအငှားနဲ့ ခေါ်ယူခဲ့ပါသေးတယ်။ မြောက်လန်ဒန်မြို့ခံ အာဆင်နယ် အနေနဲ့ကလည်း အထက်မှာ ဖော်ပြခဲ့သလိုပဲ စိတ်ကျေနပ်စရာ အပြောင်းအရွှေ့တွေ ဆက်တိုက် ပြုလုပ်ထားနိုင်ပေမယ့် ခေါ်ယူခဲ့တဲ့ ကစားသမားတွေရဲ့အသင်းအပေါ် အကျိုးပြုမပြု ဆိုတာကိုတော့ မကြာခင်မှာ အဖြေထုတ်ပေးပါလိမ့်မယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်