နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် – ၂၀၂၁-၂၀၂၂ ခုနှစ်ရဲ့ လုပ်ခလစာ အမြင့်ဆုံးကစားသမား ဖြစ်လာတဲ့ ရော်နယ်ဒို

Forbes မဂ္ဂဇင်းရဲ့ ထုတ်ပြန်ချက်အရ ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို ဟာ ၂၀၂၁-၂၀၂၂ ခုနှစ် အတွက် လုပ်ခလစာ အမြင့်ဆုံး ဘောလုံးသမား ဖြစ်လာခဲ့ပါတယ်။ စီရော်နယ်ဒို အနေနဲ့ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီမှာ စုစုပေါင်း ဝင်ငွေ ပေါင် ၉၁.၅ သန်း (အမေရိကန်ဒေါ်လာ ၁၂၅ သန်း) အထိ ရရှိမှာ ဖြစ်ပြီး လီယွန်နယ် မက်ဆီထက် ပေါင် ၁၀ သန်းတိတိ ပိုပြီး ရရှိမှာလည်း ဖြစ်ပါတယ်။

 
ဘောလုံးလောကရဲ့ထာဝရအကောင်းဆုံးကစားသမားနှစ်ဦးဖြစ်တဲ့စီရော်နယ်ဒိုနဲ့မက်ဆီဟာတိုက်ဆိုင်စွာနဲ့အခုနှစ်ဘောလုံးရာသီအစပိုင်းမှာအသင်းကိုယ်စီပြောင်းရွှေ့ခဲ့သူတွေဖြစ်ပါတယ်။ မက်ဆီဟာ နှစ်ပေါင်း များစွာ ကစားလာခဲ့တဲ့ ကတ်တာလန် ကလပ်ကို စွန့်ခွာပြီး ပြင်သစ် ထိပ်သီး ပီအက်စ်ဂျီ အသင်းထံ ပြောင်းရွှေ့ခဲ့ပေမယ့် စီရော်နယ်ဒို ကတော့ စီးရီးအေ ကလပ် ဂျူဗင်တပ်စ်ကို စွန့်ခွာပြီး အသင်းဟောင်း မန်ချက်စတာယူနိုက်တက် ဆီကို ဒရာမာ ဆန်ဆန် ပြန်လည် ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

မက်ဆီ အနေနဲ့ ပီအက်စ်ဂျီ အသင်းဆီ ကနေ လုပ်ခ လစာ အနေနဲ့ တစ်ရာသီကို ပေါင် ၅၄.၉၄ သန်း ရရှိမှာ ဖြစ်ပြီး စီရော်နယ်ဒို ကတော့ ပရီးမီးယားလိဂ် ထိပ်သီး ဆီကနေ တစ်နှစ် လုပ်ခ လစာ ၅၁.၂၅ သန်းနဲ့ စွမ်းဆောင်ရည် အပေါ် မူတည်ပြီး အပိုဆုကြေး ရရှိမှာ ဖြစ်ပါတယ်။ ဒါပေမယ့်စီရော်နယ်ဒိုဟာနှစ်စဉ်ကြော်ငြာစပွန်ဆာကြေးအဖြစ်ပေါင်သန်း၄၀အထိရရှိနေပြီးမက်ဆီကတော့ပေါင်၂၅.၆သန်းသာရရှိတဲ့အတွက်စုစုပေါင်းဝင်ငွေပမာဏမှာရော်နယ်ဒိုထက်နည်းသွားခဲ့တာဖြစ်ပါတယ်။

ဒီစာရင်းအရဆိုရင်လုပ်ခလစာအများဆုံးရရှိနေတဲ့ကစားသမားစာရင်းမှာပရီးမီးယားလိဂ်က၃ဦး၊လီဂူးဝမ်းက၃ဦး၊လာလီဂါက၂ဦး၊ဘွန်ဒက်စ်လီဂါနဲ့ဂျေလိဂ်က၁ဦးစီပါဝင်နေတာတွေ့ရမှာဖြစ်ပါတယ်။
ပရီးမီးယားလိဂ် မှာရော်နယ်ဒိုပြီးရင် လုပ်ခလစာအမြင့်ဆုံးရရှိသူဖြစ်လာတဲ့ မိုဟာမက် ဆာလာ

အကယ်၍မက်ဆီသာစပိန်ကလပ်ဘာစီလိုနာမှာပဲဆက်ကစားဖြစ်မယ်ဆိုရင် ဒီနှစ် ဘောလုံးရာသီအတွက်ဝင်ငွေစုစုပေါင်းပေါင်၉၅.၂၄သန်းရရှိမှာဖြစ်ပြီးရော်နယ်ဒိုထက်သာလွန်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် မက်ဆီ ဟာ ပြီးခဲ့တဲ့ ရာသီက ဘာစီလိုနာမှာ တစ်နှစ်လုပ်ခ ပေါင် ၇၁ သန်း ရရှိမှာ ဖြစ်ပေမယ့် ကတ်တာလန် ကလပ် ကတော့ မက်ဆီကို လုပ်ခလစာ အနေနဲ့ ပေါင် ၁.၁၅ ဘီလီယံ အထိ ပေးချေဖို့ အကြွေးတင်နေကြောင်း ထုတ်ပြန် ကြေညာခဲ့ပြီး မတတ်သာတဲ့ အဆုံးမှာ အသင်း ကနေ ထွက်ခွာခွင့် ပေးခဲ့ရတာ ဖြစ်ပါတယ်။

စီရော်နယ်ဒိုဟာ Nike၊ Herbalife၊ Clear တို့နဲ့လက်တွဲထားတဲ့အပြင် CR7 ထုတ်ကုန်၊ဟိုတယ်လုပ်ငန်းတွေကနေနှစ်စဉ်ဝင်ငွေသန်းပေါင်းများစွာရရှိနေသူဖြစ်ပါတယ်။ မက်ဆီ ကတော့ Adidas၊ Getorade၊ Pepsi၊ Ooredoo၊ Budwiser၊ Konami စတဲ့ နာမည်ကြီး ကုမ္ပဏီ တွေကနေ နှစ်စဉ် စပွန်ဆာကြေး ရရှိနေတာ ဖြစ်ပါတယ်။ ထုံးစံအတိုင်း စီရော်နယ်ဒိုနဲ့ မက်ဆီ ပြီးရင် နေမာ ဂျူနီယာ၊ ကီလီယန် အန်ဘာပေး၊ မိုဟာမက် ဆာလာ တို့ဟာ လုပ်ခလစာ အများဆုံး ရရှိနေတာ တွေ့ရပါတယ်။ တစ်ဆက်တည်းမှာပဲ Forbes ရဲ့ ၂၀၂၁-၂၀၂၂ ခုနှစ် အတွက် လုပ်ခလစာ အများဆုံး ရရှိတဲ့ ဘောလုံးသမား ၁၀ ဦးနဲ့ သူတို့ ရရှိနေတဲ့ ဝင်ငွေ ပမာဏကို ဖော်ပြပေးရမယ် ဆိုရင်…

၁။ ခရစ္စတီယာနို ရော်နယ်ဒို – ပေါင် ၉၁.၅ သန်း (ဒေါ်လာ ၁၂၅ သန်း)

၂။ လီယွန်နယ် မက်ဆီ – ပေါင် ၈၀.၅ သန်း (ဒေါ်လာ ၁၁၀ သန်း)

၃။ နေမာ – ပေါင် ၆၉.၅ သန်း (ဒေါ်လာ ၉၅ သန်း)

၄။ ကီလီယန် အန်ဘာပေး – ပေါင် ၃၁.၅ သန်း (ဒေါ်လာ ၄၃ သန်း)

၅။ မိုဟာမက် ဆာလာ – ပေါင် ၃၀ သန်း (ဒေါ်လာ ၄၁ သန်း)

၆။ ရောဘတ် လီဝမ်ဒေါစကီး – ပေါင် ၂၆ သန်း (ဒေါ်လာ ၃၅ သန်း)

၇။ အန်ဒရီ အင်နီယေစတာ – ပေါင် ၂၆ သန်း (ဒေါ်လာ ၃၅ သန်း)

၈။ ပေါလ် ပေါ့ဘာ – ပေါင် ၂၅ သန်း (ဒေါ်လာ ၃၄ သန်း)

၉။ ဂါရက်သ် ဘေးလ် – ပေါင် ၂၃.၅ သန်း (ဒေါ်လာ ၃၂ သန်း)

၁၀။ အီဒင် ဟာဇက် – ပေါင် ၂၁ သန်း (ဒေါ်လာ ၂၉ သန်း)

ဒီစာရင်းအရ ဆိုရင် လုပ်ခလစာ အများဆုံး ရရှိနေတဲ့ ကစားသမား စာရင်းမှာ ပရီးမီးယားလိဂ်က ၃ ဦး၊ လီဂူးဝမ်းက ၃ ဦး၊ လာလီဂါက ၂ ဦး၊ ဘွန်ဒက်စ်လီဂါနဲ့ ဂျေလိဂ်က ၁ ဦးစီ ပါဝင်နေတာ တွေ့ရမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်