နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အခွင့်အရေးကောင်းတွေဆိုရင် အရယူတတ်တဲ့ တူဟယ်ရဲ့ အသင်းကိုပဲ အားပေးရမယ် – ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

ချဲလ်ဆီး vs ဘရိုက်တန်

အခုတစ်ပတ်ကြားရက်မှာ ပရီးမီးယားလိဂ် ပွဲစဉ် (၃၂) ရဲ့ လက်ကျန်ပွဲစဉ်တွေ ကစားဖို့ ရှိပြီး ချဲလ်ဆီးတို့ ဘရိုက်တန်ကို စတန်းဖို့ဒ်ဘရစ်ချ်မှာ လက်ခံကစားရမှာ ဖြစ်ပါတယ်။ အခုပွဲဟာ ချဲလ်ဆီးတို့ အတွက် ပရီးမီးယားလိဂ် ထိပ်ဆုံး ၄ နေရာကို ပြန်လည် တက်လှမ်းနိုင်ရေး အရေးပါနေလို့ တူဟယ်တို့ အုပ်စု အမှားလုပ်မယ်တော့ မထင်ပါဘူး။

ချဲလ်ဆီးတို့ သောမက်စ်တူဟယ် ရောက်လာပြီးကတည်းက ၂ ပွဲပဲ ရှုံးပါသေးတယ်။ ပရီးမီးယားလိဂ်မှာ ဝက်စ်ဘရွန်းကို တစ်ယောက်လျော့နဲ့ ကစားပြီး အိမ်ကွင်း ရှုံးပွဲတွေ့ခဲ့တာရယ်၊ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ဒုတိယအကျော့မှာ နောက်တစ်ဆင့်တက်ဖို့ ထိန်းကစားရင်း ၀-၁ နဲ့ ပေါ်တိုကို အိမ်ကွင်းမှာပဲ ရှုံးခဲ့တာရယ်ဟာ ပြောပလောက်စရာတော့ မဟုတ်ပါဘူး။ တူဟယ်အနေနဲ့ စရောက်တဲ့ ရာသီမှာတင် ချဲလ်ဆီးကို ပြိုင်ပွဲကြီး ၂ ခုမှာ အကြိုဗိုလ်လုပွဲနဲ့ ဗိုလ်လုပွဲ အဆင့်တွေထိ ပို့ဆောင်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာဆိုရင် ပပ်ဂွာဒီယိုလာရဲ့ မန်စီးတီးကို ပါးပါးနပ်နပ် ကစားပြီး ပွဲအပြီးမှာ လိုချင်တဲ့ ရလဒ်ကို အပိုင်ယူနိုင်ခဲ့တာဟာ တကယ့်ကို လေးစားစရာပါပဲ။ တိုက်စစ်က ပုံမှန်ဂိုးသွင်းနိုင်တဲ့ တိုက်စစ်မှူး မရှိပေမယ့် သွင်းဂိုးတွေ ရှာတွေ့နေဆဲ ဖြစ်ပါတယ်။ အခုပွဲမှသာ ချဲလ်ဆီးတို့ အနိုင်ရခဲ့မယ်ဆိုရင် အမှတ်ပေးဇယား အဆင့် ၄ နေရာကို အနိမ့်ဆုံး တက်ရောက်နိုင်ဖို့ ရှိနေလို့ လူစုံထုတ်ပြီး ဘရိုက်တန်ကို ရင်ဆိုင်လာမယ့် သဘောမှာ ရှိနေပါတယ်။ အခုပွဲမှာတော့ ကိုဗာချစ်၊ ခရစ္စတင်ဆင်၊ သီယာဂိုဆေးလ်ဗားတို့ ဒဏ်ရာပြသနာတွေကြောင့် ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

 
ဘရိုက်တန် ကတော့ တန်းဆင်းဇုန် အန္တရာယ်ကနေ လွတ်မြောက်နိုင်ဖို့ အားကုန်ရုန်းနေတာ တွေ့ရပြီး နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၅ ပွဲကနေ ၇ မှတ်အထိ ရှာဖွေနိုင်ခဲ့ပါတယ်။ လက်တလော ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၆ နေရာမှာ ရပ်တည်နေတဲ့ ဘရိုက်တန်တို့ တန်းဆင်းဇုန်ထဲက အသင်းနဲ့ ၆ မှတ်သာ ကွာဟနေသေးလို့ စိတ်မချရတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် အခုပွဲမှာလည်း ဂရေဟမ်ပေါ်တာရဲ့ အသင်းက တတ်နိုင်သမျှ အမှတ်ရဖို့ ကြိုးပမ်းလာမှာတော့ သေချာပါတယ်။ ကွန်နော်လီ၊ အန်ဒန်း၊ ဆိုလီမတ်ချ် တို့ကတော့ ဒဏ်ရာပြသနာတွေရှိနေလို့ လွဲချော်ပါလိမ့်မယ်။

ဘရိုက်တန် ကတော့ တန်းဆင်းဇုန် အန္တရာယ်ကနေ လွတ်မြောက်နိုင်ဖို့ အားကုန်ရုန်းနေတာ တွေ့ရပြီး နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၅ ပွဲကနေ ၇ မှတ်အထိ ရှာဖွေနိုင်ခဲ့ပါတယ်။
နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၅ ပွဲမှာ ၂ ပွဲနိုင်၊ ၂ ပွဲရှုံး၊ ၁ ပွဲသရေကျထားတဲ့ ဘရိုက်တန်

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ချဲလ်ဆီးနဲ့ ဘရိုက်တန်တို့ရဲ့ ပြိုင်ပွဲစုံ နောက်ဆုံး တွေ့ဆုံမှု ၉ ကြိမ်မှာ ချဲလ်ဆီးက ၆ ကြိမ် အနိုင်ရထားပြီး ဘရိုက်တန်က ၁ ကြိမ်ပဲ ပြန်လည် အနိုင်ရထားပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး တွေ့ဆုံမှု ၃ ကြိမ်မှာတော့ ချဲလ်ဆီးက ၂ ပွဲ အနိုင်ရထားပြီး ၁ ပွဲသရေကျထားပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ချဲလ်ဆီး vs ဘရိုက်တန် 1X2 ချဲလ်ဆီး @ 1.59
ဧပြီလ ၂၁ ရက်, ည ၁:၃၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၁.၅၇ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၆.၀၀ ဆ ကြေးဖွင့် ပြီး သရေအတွက် ၄.၀၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ တူဟယ်ရဲ့ ချဲလ်ဆီးက စိတ်ဓာတ်ပိုင်းဆိုင်ရာမှာရော၊ ခြေစွမ်းပိုင်းမှာပါ အမြင့်ဆုံးရောက်နေလို့ အခုလို အခြေအနေမျိုးမှာ ဘရိုက်တန်ဆိုတာ ချဲလ်ဆီးအတွက် ပြိုင်ဘက်အဆင့် မရှိပါဘူး။ ဘရိုက်တန်တို့ရဲ့ တန်းဆင်းဇုန် ရုန်းအားကို သတိထားရမှာ မှန်ပေမယ့် အဘက်ဘက်က သာနေတဲ့ ချဲလ်ဆီး ဆီကနေ ၁ မှတ်တောင် ရဖို့ မဖြစ်နိုင်ပါဘူး။ အနိမ့်ဆုံး ၂-၀ လောက်နဲ့ ချဲလ်ဆီးနိုင်သွားလိမ့််မယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်