နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အနာဂတ်မှာ တောက်ပလာမယ့် ပရီးမီးယားလိဂ်အခြေစိုက် ပေါ်တူဂီနဲ့စပိန် လူငယ် ကြယ်ပွင့် ၅ဦး

အခုတစ်ပတ် အမှတ်ပေးဘောလုံးပြိုင်ပွဲတွေ အားလုံးနီးပါး ရပ်နားထားတဲ့ အချိန်မှာ နိုင်ငံတကာ ခြေစမ်းပွဲတွေနဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်တွေ ကစားထားခဲ့ပြီး ဖြစ်သလို နေးရှင်းလိဂ်အုပ်စု ပွဲစဉ်တွေ ဆက်ပြီးကစားဖို့လည်း ရှိနေ ပါတယ်။ ဥရောပထိပ်သီးကလပ် တွေမှာ ကစားနေတဲ့ လူငယ်ကစားသမား တော်တော်များများဟာ သက်ဆိုင်ရာ မိခင်နိုင်ငံ အသင်းအတွက် ခြေစွမ်းပြ ကစားနေကြတာကိုလည်း တွေ့နေရပါတယ်။ အထူးသဖြင့် မနေ့ညက ကစားခဲ့တဲ့ ပေါ်တူဂီနဲ့ စပိန် ခြေစမ်းပွဲမှာ လူငယ်ကြယ်ပွင့် ကစားသမားတချို့ရဲ့ တောက်ပမှုတွေကို မြင်တွေ့ခဲ့ရပြီး ထူးထူးခြားခြားပဲ အများစုက ပရီးမီးယားလိဂ်မှာ ကစားနေသူတွေ ဖြစ်ပါတယ်။
 

၁။ ဆာဂျီယို ရက်ဂီလွန် (တော့တင်ဟမ်ဟော့စပါး၊ စပိန်)

အင်အားအပြည့်၊ လျင်လျင်မြန်မြန်နဲ့ ကွင်းဘယ်ဘက်ခြမ်း တောက်လျှောက် အတက်အဆင်းလုပ် ကစားနိုင်တဲ့ လူငယ်ကစားသမား တော်တော်များများ ရှိပါတယ်။ အဲ့ဒီထဲကမှ စပိန်သားလေး ဆာဂျီယို ရက်ဂီလွန် ကိုတော့ ဘောလုံး ပရိသတ်တွေ ဒီရက်ပိုင်းမှာ ပိုပြီး သတိထားမိကြလိမ့်မယ်လို့ ထင်ပါတယ်။ အသက် ၂၃ နှစ်သာရှိသေးတဲ့ ရီးရဲယ်မက်ဒရစ် အကယ်ဒမီ ထွက် ကစားသမားလေးရဲ့ ပရော်ရှင်နယ် ကစားသမား သက်တမ်းဟာ ၃ နှစ်လောက်ပဲ ရှိသေးပေမယ့် ပွဲချိန်ပြည့် တက်တက်ကြွကြွနဲ့ ကစားလေ့ရှိပြီး အသက်အရွယ်နဲ့ မလိုက်တဲ့ ရင့်ကျက်မှုရှိတဲ့ ကစားသမားလေး ဖြစ်ပါတယ်။ ရီးရဲမက်ဒရစ် စီနီယာအသင်းမှာ ၂၀၁၈ ခုနှစ် ဇူလိုင်လမှာ စတင်ကစားခွင့် ရခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီက လာလီဂါပြိုင်ဘက် ဆီဗီလာအသင်းဆီကို အငှားချ ခံခဲ့ရပါတယ်။ ဆီဗီလာမှာတော့ ရက်ဂီလွန်အတွက် စွမ်းရည်တွေ ထုတ်ဖော်ပြသဖို့ အခွင့် အရေးရခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲစုံ ၃၉ပွဲ ကစားခဲ့ပြီး ဆီဗီလာတို့ ယူရိုပါလိဂ်ချန်ပီယံ ဖြစ်ရေးအတွက် အဓိကကျတဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။ စပိန်သားပီပီ ဘောလုံးအထိန်းအသိမ်း ကောင်းပြီး ဘောလုံးဆွဲ ပြေးတာနဲ့ တိကျတဲ့ ဖြတ်တင်ပေးပို့မှုတွေကြောင့် ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာတော့ ပရီးမီးယားလိဂ် ထိပ်သီး တော့တင်ဟမ်ဟော့စပါးက အရခေါ်ယူထားပါတယ်။
 

၂။ အဲရစ်ဂါစီယာ (မန်ချက်စတာစီးတီး၊ စပိန်)

အပြောင်းအရွှေ့မပိတ်သိမ်းမီအချိန်အထိ ဘာစီလိုနာနဲ့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ခဲ့တဲ့ အဲရစ်ဂါစီယာ ကတော့ အသက် ၁၉ နှစ်သာရှိသေးတဲ့ ဗဟိုခံစစ်မှူးတစ်ဦး ဖြစ်ပါတယ်။ ပေါ်တူဂီနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ လူးဝစ်အင်းနရစ်ရဲ့ ပထမလူစာရင်းမှာ ပါဝင်ခဲ့တဲ့ ဂါစီယာအနေနဲ့ ပွဲချိန်မိနစ် ၈၀ ကျော်လောက် ကစားခွင့်ရခဲ့ပြီး ပေါ်တူဂီရဲ့ တိုက်စစ်က အန်ဒရီဆေးလ်ဗား၊ ထရင်ကာအို၊ ဘရာနာဒိုဆေးလ်ဗားတို့ကို တိုက်စစ်ဆင်ခွင့်မပေးပဲ ထိန်းချုပ် ကစားသွားနိုင်ခဲ့တဲ့အပြင် အဓိက ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ထိုးဖောက်မှုတွေကို လော်ရန်တေးနဲ့အတူ ကာကွယ်သွားနိုင် ခဲ့တာဖြစ်ပါတယ်။ မန်စီးတီးအကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ စပိန်ကစားသမားလေးဟာ နည်းပြ ပပ်ဂွာဒီယိုလာရဲ့ စိတ် ကြိုက်ကစားသမား ဖြစ်လာပြီး မန်စီးတီးစီနီယာအသင်း အတွက် အဓိက ပြိုင်ပွဲကြီး ၁၈ပွဲမှာ ဝင်ရောက် ကစားပေးထားခဲ့ ပါတယ်။ ဖျက်ထုတ်မှု ၃၁ကြိမ်၊ ခေါင်းတိုက်ရှင်းထုတ်မှု ၁၄ကြိမ်၊ ကြားဖြတ်လုယူမှု ၁၈ကြိမ် နဲ့ ကန်တင်ပေးပို့မှု ၉၃ ရာခိုင်နှုန်းအထိရှိခဲ့တာကို ကြည့်ခြင်းအားဖြင့် ဂါစီယာကို ဘာစီလိုနာတို့ အသည်းအသန်လိုချင်နေတာ မဆန်းပါဘူး။
 

၃။ အဒမ်မာ ထရာအိုရေး (ဝုဗ်၊ စပိန်)

ပြီးခဲ့တဲ့နှစ် ပရီးမီးယားလိဂ် မှာကတည်းက ပရိသတ်တွေ စိတ်ဝင်စားခဲ့ကြတဲ့ တောင်ပံတိုက်စစ် ကစားသမားဖြစ်ပါတယ်။
ခန္ဓာကိုယ် ပြောင်းလဲမှု ပြုလုပ်ပြီး ပရိသတ်တွေကို အံ့အားသင့်စေခဲ့တဲ့ အဒမ်မာထရာအိုရေး

အသက် ၂၄ နှစ်အရွယ် အဒမ်မာ ထရာအိုရေးကတော့ ပြီးခဲ့တဲ့နှစ် ပရီးမီးယားလိဂ် မှာကတည်းက ပရိသတ်တွေ စိတ်ဝင်စားခဲ့ကြတဲ့ တောင်ပံတိုက်စစ် ကစားသမားဖြစ်ပါတယ်။ လာမာစီယာအကယ်ဒမီ ကနေ ထွက်ပေါ် လာခဲ့တဲ့ ခပ်ပိန်ပိန် စပိန်သားလေးဟာ နှစ်ပိုင်းအတွင်းမှာ ကြီးမားတောင့်တင်းတဲ့ ကြွက်သားအပြည့်နဲ့ ကစားသမားတစ်ဦး အဖြစ် ပြောင်းလဲ ခဲ့တာကြောင့် အားလုံးက အံ့အားသင့်ခဲ့ ရပါတယ်။ ဘောလုံးသမားတစ်ဦးထက် ရက်ဘီ ကစား သမားနဲ့ ပိုတူနေတဲ့ အဒမ်မာဟာ စီနီယာကစားသမားဘဝကို အက်စတွန်ဗီလာအသင်း မှာ စတင်ခဲ့တာပါ။ မစ်ဒယ်ဘရော့ဂ်နဲ့ ချန်ပီယံရှစ်မှာ ၂ ရာသီ ကစားပြီး ဝုဗ်အသင်းကို ၂၀၁၈ ခုနှစ်မှာ ပြောင်းရွှေ့ခဲ့ပါတယ်။ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တောင်ပံကစားသမား တွေထဲမှာ တစ်ဦးအပါအဝင် ဖြစ်တဲ့ ထရာအိုရေးကတော့ ပြီးခဲ့တဲ့ ပေါ်တူဂီနဲ့ ပွဲမှာလည်း ဝင်ကစားခွင့်ရတဲ့ ၂၈မိနစ်အတွင်းမှာ အကောင်းဆုံး စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့လို့ နည်းပြ လူးဝစ်အင်းနရစ်ခ် ကိုယ်တိုင်တဖွဖွ ချီးကျူးတာ ခံနေရသူလည်း ဖြစ်ပါတယ်။ တောင်ပံကနေ ဘောလုံးတောက် လျောက်ဆွဲပြေးလာတဲ့ အဒမ်မာကို တားဆီးဖို့ ပြိုင်ဘက်အသင်း အနေနဲ့ ကစားသမား ၂ ဦးကနေ ၃ ဦးလောက်အထိ အသုံးပြုရလေ့ရှိပြီး သူ့ရဲ့ တောင့်တင်းတဲ့ ခန္ဓာကိုယ်ကို အကောင်းဆုံးအသုံးချပြီး တဟုန်ထိုးဘောလုံးဆွဲ‌ပြေးနိုင်တဲ့ ထရာအိုရေးဟာ တိကျတဲ့ ဖြတ်တင်ပေးပို့မှုတွေလည်း ပြုလုပ်နိုင်သူလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ ထရာအိုရေးကို စပိန်ထိပ်သီး ဘာစီလိုနာက ခေါ်ယူမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ် နေခဲ့ပါတယ်။
 

၄။ ဒီယိုဂို ဂျော့တာ (လစ်ဗာပူးလ်၊ ပေါ်တူဂီ)

‌ထရာအိုရေးလိုပဲ ဝုဗ်အသင်းနဲ့အတူ နာမည်ကြီးလာတဲ့ ကစားသမားဆိုလည်း မမှားပါဘူး။ အရပ်အမောင်း ၅ ပေ ၁၀လက်မ ပဲရှိတဲ့ ပေါ်တူဂီသား ဂျော့တာကတော့ မကြာသေးခင်ကမှ ဝုဗ်ကနေ ပရီးမီးယားလိဂ်ချန်ပီယံ လစ်ဗာပူးလ်အသင်းဆီ ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး ပေါ်တို နဲ့ ဝုဗ်တို့မှာ ၄နှစ်နီးပါး ကစားထားခဲ့ပါတယ်။ ဘယ်တောင်ပံနဲ့့ တိုက်စစ်နေရာ နှစ်မျိုးစလုံးမှာ ကစားနိုင်တဲ့ ဂျော့တာဟာ ဘယ်/ညာခြေနှစ်ဖက်လုံး အသုံးပြုပြီး ဂိုးသွင်းနိုင်တဲ့ ကစား သမားလည်း ဖြစ်ပါတယ်။ ဂိုးဧရိယာ အတွင်းမှာဆိုရင် အဆုံးသတ်ပိုင်းမှာ စိတ်ချရသလို အခွင့်အရေး ဖန်တီးမှုတွေ၊ အဓိက ကျော်ဖြတ်မှုတွေနဲ့ တိကျသေချာတဲ့ ပေးပို့မှုတွေကြောင့် လစ်ဗာပူးလ်နည်းပြ ဂျာဂျင်ကလော့ပ် ကိုယ်တိုင် ချီးကျူးထားပြီး အနာဂတ်မှာ ပေါ်တူဂီနဲ့ လစ်ဗာပူးလ် တိုက်စစ်ရဲ့ အဓိကကစားသမား ဖြစ်လာဖို့ အလားအလာရှိနေသူလည်း ဖြစ်ပါတယ်။
 

၅။ ရူဘင် ဒီးရာ့စ် ( မန်ချက်စတာစီးတီး၊ ပေါ်တူဂီ)

နောက်ဆုံးတစ်ယောက် ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကမှ မန်ချက်စတာစီးတီးတို့ ပေါင် ၆၂ သန်းကျော်ပေးပြီး ဘင်ဖီကာ ကနေ ပူပူနွေးနွေး ခေါ်ယူထားခဲ့တဲ့ ခံစစ်မှူး ရူဘင်ဒီရာ့စ်ပဲဖြစ်ပါတယ်။ အသက် ၂၃ နှစ်အရွယ်သာရှိသေးတဲ့ ရူဘင်ဒီရာ့စ်ဟာ အရပ်အမောင်း ၆ ပေ၊ ၂ လက်မ ရှိပြီး အမြင့်ဘောဖျက်ထုတ်မှု၊ ပိတ်ဆို့ကာကွယ်မှု၊ ကြားဖြတ် လုယူမှု တွေအပြင် ဘောလုံးဖြန့်ဝေမှု၊ တိကျတဲ့ပေးပို့မှုတွေနဲ့ ကိုယ်တိုင်လည်း ခေါင်းတိုက်ဂိုးသွင်းယူမှုတွေ ပြုလုပ်နိုင်သူ ဖြစ်ပါတယ်။ ဒီးရာစ့်ဟာ သူ့အရင် ပေါ်တူဂီ ခံစစ်နောင်တော်ကြီးတွေဖြစ်တဲ့ ပီပီ၊ ကာဗယ်ဟို၊ ဘရူနိုအဲလ်ဗက်စ်တို့လို ပြိုင်ဘက်ကို ခပ်ကြမ်းကြမ်း တားဆီးတတ်တဲ့ ကစားသမားဖြစ်ပြီး ပပ်ဂွာဒီယိုလာ စိတ်တိုင်းကျ စောင့်ကြည့်ခေါ်ယူ ထားတဲ့ ကစားသမားဖြစ်လို့ ခံစစ်ကစားသမားကောင်း ရှားပါးတဲ့ ပေါ်တူဂီအတွက် ကျိန်းသေပေါက် တောက်ပလာဦးမယ့် ရှားရှားပါးပါး ကျောက်တစ်ပွင့် လို့တောင် ဆိုရမှာပါ။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်