နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဟာလန်း တစ်ယောက် ရော်နယ်ဒိုရဲ့ ချန်ပီယံလိဂ် ဂိုးသွင်းစံချိန်ကို လိုက်မှီနိုင်မလား???

countdown banner

ဒီကနေ့ မန်ချက်စတာစီးတီး တိုက်စစ်မှူး အာလင်း ဟာလန်းရဲ့ ချန်ပီယံလိဂ် ဂိုးသွင်း မှတ်တမ်း ကတော့ တော်တော်လေးကို ချီးကျူးစရာ ကောင်းနေပါပြီ။

ညက ယန်းဘွိုင်းစ်နဲ့ ပွဲမှာ ၂ ဂိုးသွင်းခဲ့ပြီးနောက် သူက ချန်ပီယံလိဂ် ၃၄ ပွဲ ကစားပြီး ၃၈ ဂိုး အထိ သွင်းခဲ့ပြီးပါပြီ။ ဒါက တစ်ပွဲကို တစ်ဂိုးနှုန်း သွင်းယူထားခဲ့တာ ဖြစ်ပြီး သူ့ရဲ့ အသက်အရွယ်နဲ့ နှိုင်းယှဉ်မယ် ဆိုရင် ဒါက တော်တော်လေးကို မြင့်မားတဲ့ ဂိုးသွင်းနှုန်းလည်း ဖြစ်ပါတယ်။

ဟာလန်းက အခုမှ အသက် ၂၃ နှစ်ပဲ ရှိသေးတာပါ။ ဒီဂိုးသွင်းနှုန်း ကိုသာ သူ ဆက်ထိန်းထားနိုင်ဦးမယ် ဆိုရင် ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ချန်ပီယံလိဂ် သွင်းဂိုး အများဆုံး စံချိန်ကို လိုက်မီဖို့ မျှော်လင့်နိုင်မှာပါ။ ရော်နယ်ဒိုက ဂိုးပေါင်း ၁၄၀ ကျော် သွင်းယူထားတာ ဖြစ်ပြီး ဟာလန်းက ဂိုး ၁၀၀ ကျော် သွင်းပြဖို့တော့ လိုအပ်နေပါသေးတယ်။ သူ့ရဲ့ ခြေစွမ်း၊ ဂိုးသွင်းအားနဲ့ ဆိုရင် ဒါက မဖြစ်နိုင်စရာ မရှိတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒါပေမယ့် သူ ချန်ပီယံလိဂ် ဘောလုံး ရာသီ တစ်ခုမှာ ၁၀ ဂိုးနဲ့ အထက် သွင်းနေဖို့တော့ အရေးကြီးပါတယ်။

ဒါပေမယ့် သူ ချန်ပီယံလိဂ် ဘောလုံး ရာသီ တစ်ခုမှာ ၁၀ ဂိုးနဲ့ အထက် သွင်းနေဖို့တော့ အရေးကြီးပါတယ်။
မန်စီးတီး အတွက် ၆၉ ပွဲ ကစားပြီး ၆၅ ဂိုး သွင်းထားတဲ့ ဟာလန်း

ပပ် ဂွါဒီယိုလာ လက်အောက်မှာ ကစားရင်း တစ်ပွဲထက် တစ်ပွဲ ပိုပိုကောင်းလာတဲ့ တိုက်စစ်မှူး အဖြစ် ရုပ်လုံးပေါ်လာတဲ့ ဟာလန်းက အသင်းကြီး အသင်းငယ် မရွေးကို ဂိုးသွင်းနိုင်စွမ်း ရှိနေတာ ဖြစ်ပါတယ်။ လက်ရှိမှာ ဟာလန်းက မန်စီးတီး အတွက် ၆၉ ပွဲ ကစားပြီး ၆၅ ဂိုး သွင်းယူထားပါတယ်။ ပြီးခဲ့တဲ့ အသင်းတွေမှာ သူကစားခဲ့တဲ့ ပွဲနဲ့ သွင်းဂိုးတွေကို ပြန်ကြည့်ရင် ဒေါ့မန် အတွက် ၈၉ ပွဲမှာ ၈၆ ဂိုး၊ ဆဲလ်ဘာ့ဂ်မှာ ၂၇ ပွဲ ကစား ၂၉ ဂိုး၊ မိုးလ်ဒ် အတွက် ၄၈ ပွဲ ကစား ၁၉ ဂိုး သွင်းယူပေးခဲ့တာပါ။ ဒါက သာမန်ထက် ပိုလွန်းတဲ့ အားရစရာ စွမ်းဆောင်ရည်မျိုး ဖြစ်ပါတယ်။

အရေးကြီးပွဲတွေမှာ သူ့အနေနဲ့ ဂိုးပေါက် ပျောက်နေတတ်ပေမယ့် ပုံမှန်အားဖြင့်တော့ ဒီခြေစွမ်း အတိုင်း ဆိုရင် သူ့ရဲ့ ချန်ပီယံလိဂ် သွင်းဂိုး အရေအတွက်က အများကြီး မြင့်တက်လာဦးမှာ သေချာပါတယ်။ နော်ဝေ ဂိုးသွင်းစက် အနေနဲ့ ဒဏ်ရာမရဖို့ အတွက်ပဲ ဆုတောင်းရပါမယ်။ ဒါဆိုရင်တော့ အေးအေးဆေးဆေးပါပဲ။ တစ်ပွဲပြီး တစ်ပွဲ သွင်းဂိုးတွေ ရေတွက်နေရုံပါပဲ။

ဒီရာသီ ချန်ပီယံလိဂ်မှာ ၄ ပွဲကစား အပြီး ၃ ဂိုးအထိ သူ သွင်းပြီးပါပြီ။ မန်စီးတီးက အုပ်စု အဆင့် ကနေ သေချာပေါက် တက်ရောက်သွားပြီ ဖြစ်လို့ သူက အနည်းဆုံး နောက်ထပ် ၄ ပွဲ အထိ ကစားရဦးမှာပါ။ အဲဒီ ၄ ပွဲမှာ သူ ဘယ်နှစ်ဂိုးလောက် ထပ်ရမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

 လက်ရှိမှာ ကမ္ဘာ့အကောင်းဆုံး နံပါတ် ၉ တိုက်စစ်မှူးတွေ ထဲက တစ်ဦးလို့ သတ်မှတ်ခံထားရတဲ့ ဟာလန်း တစ်ယောက် ချန်ပီယံလိဂ်မှာ လိုက်မီဖို့ မလွယ်ကူတဲ့ ရော်နယ်ဒိုရဲ့ ဂိုးသွင်း အများဆုံး စံချိန်ကို အမီလိုက်နိုင်မလား ဆိုတာ စိတ်ဝင်စားစရာ ကောင်းနေသလို နောက်လာမယ့် နှစ်တွေမှာ ဘယ်လွန်ဒေါဆုကို သိမ်းပိုက်နိုင်သူ ဖြစ်လာမလား ဆိုတာ ကလည်း တော်တော်လေးကို စောင့်ကြည့်ချင်စရာ ကောင်းနေပြီ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်