နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဇင်ယော်တွေကို အမှားအယွင်းမရှိ ကျော်ဖြတ်နိုင်ဖို့ လိုအပ်နေတဲ့ အာဆင်နယ် | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

countdown banner

ဘရိုက်တန် – အာဆင်နယ်

အာဆင်နယ် ကတော့ မနက်ဖြန် ည ၁၁ နာရီမှာ ပရီးမီးယားလိဂ် ပွဲစဉ် ၃၂ အဖြစ် ဘရိုက်တန်နဲ့ ကစားရမှာ ဖြစ်ပါတယ်။ ချန်ပီယံဆု အတွက် စိန်ခေါ်နေတဲ့ အာဆင်နယ်တို့ ဘရိုက်တန်လို ကစားရခက်တဲ့ အသင်းကို အဝေးကွင်းမှာ အကောင်းဆုံး ရင်ဆိုင် ယှဉ်ပြိုင်နိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ဘရိုက်တန်က ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ လစ်ဗာပူးလ်ကို ရှုံးပြီးနောက် ဘရန့်ဖို့ဒ်နဲ့ သရေကျခဲ့ပြီး နိုင်ပွဲ ပျောက်နေခဲ့တာပါ။ ဒါကြောင့် ဘရိုက်တန်တို့ ဥရောပဝင်ခွင့် တစ်နေရာ မျှော်လင့်ချက် အားနည်းလာပြီး လက်ကျန် ပွဲတွေ ကနေ အမှတ်ယူဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။ ဘရိုက်တန်ရဲ့ ဒီရာသီ အိမ်ကွင်း စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင် ၇ ပွဲနိုင်၊ ၆ ပွဲ သရေ ကျပြီး ၁ ပွဲသာ ရှုံးနိမ့်ထားလို့ မဆိုးဘူးလို့ ပြောလို့ ရပါတယ်။ ဘရိုက်တန်ဟာ အာဆင်နယ်ကို အိမ်ကွင်းမှာ ဧည့်ခံကစားထားတဲ့ နောက်ဆုံး ၃ ပွဲဆက် ရလဒ် မကောင်းထားပါဘူး။

အာဆင်နယ် ကတော့ ၂၀၂၄ ခုနှစ် အတွင်း ကစားထားတဲ့ ပရီးမီးယားလိဂ် ၁၀ ပွဲမှာ ၉ ပွဲနိုင်၊ ၁ ပွဲ သရေကျပြီး ရလဒ်တွေ ကောင်းနေပါတယ်။ အဲ့ဒီ ၁၀ ပွဲမှာ ဂိုးမပေးရတဲ့ပွဲ ၆ ပွဲ အထိ ရှိထားပြီး ရဂိုး ၃၅ ဂိုးနဲ့ ပေးဂိုး ကတော့ ၄ ဂိုးသာ ရှိထားတာပါ။ မီခဲလ် အာတေးတားရဲ့ အသင်းက လက်ရှိမှာ ပုံစံကောင်း တစ်ခု ရနေပြီး အသင်းလိုက် ဟန်ချက် ကလည်း ညီလွန်းနေတာ တွေ့ရပါတယ်။ အရင်က အာဆင်နယ်ဟာ ဖေဖော်ဝါရီလ ရောက်တာနဲ့ သူ့အလိုလို ချန်ပီယံလမ်းကြောင်း ကနေ သွေဖယ်သွားတတ်ပေမယ့် ဒီရာသီမှာတော့ အဓိက ပြိုင်ပွဲ နှစ်ခုစလုံးရဲ့ အရေးကြီးတဲ့ အခြေအနေတွေမှာ ဖြတ်သန်းနေဆဲ ဖြစ်ပါတယ်။ အာဆင်နယ်ရဲ့ ဒီရာသီ အဝေးကွင်း စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ ၉ ပွဲနိုင်၊ ၃ ပွဲ သရေ၊ ၃ ပွဲ ရှုံးထားပြီး ကျန်အသင်းတွေ အားလုံးထက် သာလွန်နေတာ တွေ့ရပါတယ်။


နှစ်ဖက်အသင်း သတင်းများ

အာဆင်နယ် ကတော့ ၂၀၂၄ ခုနှစ် အတွင်း ကစားထားတဲ့ ပရီးမီးယားလိဂ် ၁၀ ပွဲမှာ ၉ ပွဲနိုင်၊ ၁ ပွဲ သရေကျပြီး ရလဒ်တွေ ကောင်းနေပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရှိနေတဲ့ အာဆင်နယ်

အခု ပွဲကိုတော့ ဘရိုက်တန် ဘက်က မာ့ချ်၊ မီတိုမာ၊ မီလ်နာ၊ ဟင်ရှဲလ်ဝုဒ်၊ ဂေးလ်မော တို့ လွဲချော်ဖို့ ရှိပြီး ဖာဂူဆန် ကလည်း ပါဝင်ကစားဖို့ မသေချာသေးပါဘူး။
အာဆင်နယ် မှာတော့ တင်ဘာ လွဲချော်ဦးမှာ ဖြစ်ပြီး ဆာကာ ကတော့ ပါဝင်လာဖို့ မသေချာသေးပါဘူး။


ဖြစ်နိုင်ဖွယ် လူစာရင်း

ဘရိုက်တန် – ဗာဘရက်ဂျန်၊ လမ့်ပ်တေး၊ ဒန့်ခ်၊ ဟက်ကီ၊ အက်စတူပီနန်၊ ဘယ်လ်ဘာ၊ ဂရော့စ်၊ အက်ဒင်ဂရာ၊ မိုဒါ၊ အန်စီဆို၊ ဝဲလ်ဘက်ခ်

အာဆင်နယ် – ရာယာ၊ ဝှိုက်၊ ဆလီဘာ၊ ဂါဘရီရယ်၊ ခီဗီယော၊ အိုဒီဂတ်၊ ဂျော်ဂျင်ဟို၊ ရိုက်စ်၊ ဆာကာ၊ ဟာဗက်ဇ်၊ မာတင်နယ်လီ


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ၁၆ ကြိမ် တွေ့ဆုံရာမှာ ဘရိုက်တန်က ၆ ကြိမ်နိုင်၊ ၃ ကြိမ် သရေကျပြီး အာဆင်နယ်က ၇ ကြိမ် အနိုင်ရခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး တွေ့ဆုံမှု ၅ ကြိမ်မှာ ၂ ကြိမ်စီ အနိုင်ရထားကြပြီး ၁ ကြိမ် ကတော့ သရေကျခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၅ ပွဲ စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ ဘရိုက်တန်က ၂ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၂ ပွဲ ရှုံးခဲ့ပြီး အာဆင်နယ် ကတော့ ၄ ပွဲနိုင်၊ ၁ ပွဲ သရေကျခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ ဘရိုက်တန် နိုင်ရင် ၄.၈ ဆ၊ အာဆင်နယ် နိုင်ရင်တော့ ၁.၅၆ ဆ၊ သရေ ဆိုရင်တော့ ၄ ဆ နီးပါး ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ အာဆင်နယ်က တစ်လုံး တစ်ဝက်စား၊ ၁ လုံး သရေ၊ ၁ လုံး အရှုံးကြေးတွေ ပေးထားပြီး ဂိုးပေါင်း ကတော့ နှစ်သင်းပေါင်း ၄ လုံး သွင်းဖို့ လိုအပ်ပါတယ်။ အာဆင်နယ်ရဲ့ လက်ရှိခြေစွမ်းနဲ့ စိတ်ဓာတ်ပိုင်းအရ ဘရိုက်တန်ကို အနိုင်ယူနိုင်စွမ်းရှိတယ်လို့ မြင်ပါတယ်။ အရင်တွေ့ဆုံမှုတွေမှာ ဘရိုက်တန်ဟာ အာဆင်နယ်ကို ဒုက္ခပေးနိုင်ခဲ့ပေမယ့် လက်ရှိ အာဆင်နယ်ရဲ့ စိတ်ဓာတ်ပိုင်းက အမြင့်ဆုံး ရောက်နေလို့ လွယ်ကူမှာ မဟုတ်ပါဘူး။ အာဆင်နယ် အနိုင်သေချာပါတယ်။ ဂိုးပေါင်း အောက်လည်း ကြိုက်ပါတယ်။

ခန့်မှန်းရလဒ်

ဘရိုက်တန် ၀-၂ အာဆင်နယ်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်