နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လူကာကူရဲ့ အပြောင်းအရွှေ့ အတွက် သဘောတူညီမှု ရထားတဲ့ ဗီလာနဲ့ ချဲလ်ဆီး | ပရီးမီးယားလိဂ်

အီတလီက လာတဲ့ သတင်းတွေအရ ဆိုရင် ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ ချဲလ်ဆီးနဲ့ အက်စတွန်ဗီလာ တို့ဟာ တိုက်စစ်မှူး ရိုမယ်လူ လူကာကူရဲ့ အပြောင်းအရွှေ့ အတွက် သဘောတူညီမှု ရရှိထားပြီလို့ သိရပါတယ်။ ဒီသတင်းကို အီတလီ အခြေစိုက် II Mattino သတင်းမီဒီယာ တစ်ခုက အခိုင်အမာ ဖော်ပြလာခဲ့တာ ဖြစ်ပြီး လက်ရှိ အခြေအနေအရ အက်စတွန်ဗီလာက လူကာကူကို နာပိုလီဆီ မရောက်ခင် ကြားဖြတ် ခေါ်ယူနိုင်ဖို့ ရှိနေတာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးက အငှားစာချုပ်ကုန်လို့ အသင်းဆီ ပြန်ရောက်နေတဲ့ လူကာကူကို ဒီတစ်ကြိမ်မှာတော့ အငှားချလိုခြင်း မရှိတော့ပဲ အပြီးသတ် ရှင်းထုတ်ချင်နေတာ ဖြစ်ပါတယ်။ စီးရီးအေ ကလပ် အင်တာမီလန် ကနေ ပြန်လည် ခေါ်ယူခဲ့ပြီးနောက်ပိုင်း အသင်းမှာ ခြေစွမ်းမပြနိုင်တော့သလို အင်တာမီလန်ဆီ ပြန်သွားချင်ကြောင်း ပွင့်ပွင့်လင်းလင်း ဖွင့်ဟခဲ့ပြီးနောက် မှာတော့ လန်ဒန် ကလပ်နဲ့ ကစားသမား အကြားမှာ လုံးဝခွာပြဲသွားခဲ့တာ ဖြစ်ပါတယ်။

ချဲလ်ဆီး ကနေ အစပြုခဲ့တဲ့ ဒီကစားသမားက ချဲလ်ဆီးကို ပြန်လာလိုက် အငှားထွက်လိုက်နဲ့ လုံးချာလည်လိုက်နေတာ တော်တော်ကြာပါပြီ။ ၂၀၁၁ ခုနှစ်မှာ အန်ဒါလက်ချ် ကနေ ချဲလ်ဆီးကို ပြောင်းရွှေ့ခဲ့တဲ့ လူကာကူဟာ အစောပိုင်းမှာ ဝက်စ်ဘရွန်း၊ အဲဗာတန် တို့မှာ အငှားနဲ့ ထွက်ကစားခဲ့ရပြီး ၂၀၁၃ ခုနှစ် မှာတော့ အဲဗာတန် ကို ပြောင်းရွှေ့ခဲ့ပါတယ်။ အဲ့ဒီ ကနေမှ ပရီးမီးယားလိဂ် ပြိုင်ဘက် မန်ချက်စတာယူနိုက်တက်ဆီ ရောက်ရှိခဲ့သလို နှစ်ရာသီ အကြာမှာပဲ အင်တာမီလန်ကို ထပ်မံ ပြောင်းရွှေ့ခဲ့ပါတယ်။ အင်တာမီလန်နဲ့ အတူ ခြေစွမ်းပြပြီး ဆုဖလား အောင်မြင်မှုတွေလည်း ရရှိခဲ့တဲ့ လူကာကူကို ချဲလ်ဆီးက သောမက်စ် တူချယ် လက်ထက်မှာ ပြောင်းရွှေ့ကြေး ကြီးကြီးမားမား ပေးပြီး ပြန်လည် ခေါ်ယူခဲ့ပေမယ့် တစ်ရာသီသာ ကစားပြီး အင်တာမီလန်ကို အငှားပြန်ချခံခဲ့ရပါတယ်။ နောက်ဆုံး မှာတော့ ရိုးမားကို အငှားနဲ့ ရောက်ရှိသွားခဲ့ပြီး လက်ရှိ မှာတော့ ဘူတာဟောင်း ချဲလ်ဆီး ဆီကို ပြန်လည် ရောက်ရှိနေပြီ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးက အငှားစာချုပ်ကုန်လို့ အသင်းဆီ ပြန်ရောက်နေတဲ့ လူကာကူကို ဒီတစ်ကြိမ်မှာတော့ အငှားချလိုခြင်း မရှိတော့ပဲ အပြီးသတ် ရှင်းထုတ်ချင်နေတာ ဖြစ်ပါတယ်။
ဗီလာကို ပြောင်းဖို့ လူကာကူကို တိုက်တွန်းမယ့် ချဲလ်ဆီး

အခု လက်ရှိ မှာတော့ လူကာကူကို သူ့ရဲ့ ဆရာဟောင်း ဖြစ်တဲ့ အန်တိုနီယို ကွန်တီက နာပိုလီဆီ အရ ခေါ်ယူချင်နေပြီး ချဲလ်ဆီး ကလည်း လူကာကူကို အသင်း ကနေ အပြီးသတ် ရောင်းချသွားချင်နေပါတယ်။ အစောပိုင်းမှာ ရရှိထားတဲ့ သတင်းတွေ အရ နာပိုလီနဲ့ လူကာကူ တို့ အကြားမှာ ကနဦး အနေနဲ့ ပုဂ္ဂိုလ်ရေး ဆိုင်ရာ သဘောတူညီမှု ရရှိထားခဲ့တာပါ။ ဒါပေမယ့်လည်း နာပိုလီက အသင်းရဲ့ တိုက်စစ်မှူး ဗစ်တာ အိုဆင်မ်ဟန်ကို ရောင်းထုတ်ဖြစ်မှသာ လူကာကူနဲ့ ပြန်လည် အစားထိုးဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် လွယ်ကူတဲ့ အပြောင်းအရွှေ့ ကိုတောင် ခက်ခဲအောင် အမြဲ လုပ်တတ်တဲ့ နာပိုလီက အိုဆင်မ်ဟန် ကိုလည်း သူတို့ လိုချင်တဲ့ တန်ကြေးရမှ ရောင်းထုတ်သွားဖို့ ရှိနေတာကြောင့် အပြောင်းအရွှေ့ ၂ ခုစလုံးက ထင်သလောက် မရိုးရှင်းတာ ဖြစ်ပါတယ်။ 

အခုလို ရှုပ်ထွေးနေချိန်မှာ အီတလီ သတင်းမီဒီယာ တစ်ခုက လူကာကူရဲ့ အပြောင်းအရွှေ့ အတွက် ချဲလ်ဆီးနဲ့ အက်စတွန်ဗီလာ တို့အကြား သဘောတူညီမှု ရရှိထားတယ်လို့ ဖော်ပြလာခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အဲ့ဒီ သတင်းမှာ ဖော်ပြထားတာအရ ချဲလ်ဆီး အနေနဲ့ လူကာကူကို ဗီလာဆီ ပြောင်းရွှေ့ဖို့လည်း ဖိအားပေး တိုက်တွန်းသွားမယ်လို့ သိရပါတယ်။ ဒါပေမယ့် လူကာကူ ကတော့ သူ့ရဲ့ ဆရာဟောင်း ရှိရာ နာပိုလီဆီသာ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။အခုလို အပြောင်းအရွှေ့ ကိစ္စတွေ ရှုပ်ထွေးနေချိန် ကစားသမား ဖြစ်တဲ့ လူကာကူဟာ ချဲလ်ဆီးနဲ့ အမေရိကန်မှာ ရာသီကြို ခြေစမ်းပွဲတွေ ပါဝင်ကစားဖို့ ပူးပေါင်းခြင်း မရှိတာ တွေ့ရပါတယ်။ ဒါ့အပြင် လူကာကူ အနေနဲ့ နာပိုလီ ဘက်က ကမ်းလှမ်းချက်ကို စောင့်ဆိုင်းလျက် ရှိပြီး တစ်ဦးတည်း လေ့ကျင့်ခန်းဆင်းလျက်ရှိကြောင်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်