နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းများ | ပရီးမီးယားလိဂ်

ဇွန်လ ၂၄ ရက်နေ့ ညနေပိုင်း အထိ ရရှိထားတဲ့ ပရီးမီးယားလိဂ် အသင်းတွေရဲ့ အပြောင်းအရွှေ့နဲ့ သက်ဆိုင်တဲ့ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ကစားသမားသစ် ထပ်ခေါ်မှာ မဟုတ်ကြောင်း ပြောလာတဲ့ ကလော့ပ်

တစ်စုံ တစ်ယောက် ဒဏ်ရာရတာ ဒါမှမဟုတ် ရောင်းထုတ်လိုက်တာမျိုး မရှိခဲ့ရင် အခု အပြောင်းအရွှေ့မှာ လစ်ဗာပူးလ်ကို ကစားသမားသစ် ထပ်ရောက်လာဖို့ မရှိဘူးလို့ ဂျာဂျင်ကလော့ပ်က ပြောကြားလိုက်ပါတယ်။

ပရီးမီးယားလိဂ် ထိပ်သီး လစ်ဗာပူးလ်ဟာ နွေရာသီ အပြောင်းအရွှေ့ ကာလ အစောပိုင်းမှာ ကတည်းက ဒါဝင် နူညက်ဇ်၊ ဖေဘီယို ကာဗယ်လ်ဟို၊ ကယ်ဗင်ရမ်ဆေး တို့ ၃ ဦးကို ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။ လက်တလော မှာတော့ ကွင်းလယ်လူ တစ်ဦး ထပ်မံ ခေါ်ယူဖို့ ချိတ်ဆက်နေတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။ ဒေါ့မန်က ဂျူ့ဒ် ဘယ်လင်ဂမ်နဲ့ စပို့တင်းလစ္စဘွန်းက မားသီးယက်စ် နူနက်စ် တို့ကို ပစ်မှတ်ထားနေကြောင်း ဖော်ပြနေချိန်မှာ ကလော့ပ်က အခုလိုမျိုး ရှင်းရှင်းလင်းလင်း ပြောကြားလိုက်တာ ဖြစ်ပါတယ်။

Sky Sportsရဲ့ ကစားသမားသစ် ထပ်ပြီး ခေါ်ယူဖို့ ရှိဦးမလား ဆိုတဲ့ မေးခွန်းကို ကလော့ပ်က “ဒဏ်ရာရ ကစားသမား မရှိရင် ဒါမှမဟုတ် မရောင်းဖြစ်ရင် ထပ်ပြီး ခေါ်ယူတော့မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့မှာ နောက်ရာသီ အတွက် အစုအဖွဲ့ ရှိနေပြီးသားပါ။ ဒဏ်ရာရတဲ့သူ မရှိလာဖို့ပဲ မျှော်လင့်ရပါတယ်။ ဒီလောက်ဆို လစ်ဗာပူးလ် ပရိသတ်တွေ တခြား ကိစ္စတွေကို အာရုံစိုက်နိုင်လောက်ပြီ ထင်ပါတယ်” လို့ ဖြေကြားသွားခဲ့ပါတယ်။

လာလီဂါ
အိုဆာစူနာ
ဆီဗီလာ FC
1X2 သရေ @ 3.10
ဂိုးအောက် 2.00 @ 2.11
ပထမပိုင်း ဂိုးပေါ် 1.00 @ 2.40
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အခု အပြောင်းအရွှေမှာ ကလော့ပ်ရဲ့ အဓိက ခေါ်ယူမှု နှစ်ခုစလုံး ကတော့ လက်ရှိ အချိန်ထိ ကျေနပ်စရာ ကောင်းနေတယ်လို့ ပြောလို့ ရပါတယ်။ လူငယ်ကစားသမား ကာဗယ်လ်ဟို အနေနဲ့ အထင်ကြီးစရာ ခြေစွမ်းမျိုး ပြသနေသလို ယူရို သန်း ၁၀၀ ပေးပြီး ခေါ်ယူခဲ့ရတဲ့ ဒါဝင် နူညက်ဇ် ကလည်း ပြီးခဲ့တဲ့ လိုက်ပ်ဇစ်နဲ့ ပွဲမှာ တစ်ဦးတည်း ၄ ဂိုးသွင်းပြီး သူ့ အတွက်‌ ပေးချေရတဲ့ တန်ကြေးနဲ့ ထိုက်တန်ကြောင်း ပြသထားနိုင်ခဲ့ပါတယ်။


ဟာလန်း အနေနဲ့ ကြံ့ခိုင်မှု ပြည့်ဝဖို့ အချိန်ယူရဦးမယ်လို့ ဆိုလာတဲ့ ဂွာဒီယိုလာ

အာလင်းဟာလန်း အနေနဲ့ မန်စီးတီး ကစားသမား အဖြစ် ပထမဦးဆုံး ပွဲထွက်ခွင့်ရတဲ့ ပွဲမှာ ဂိုးသွင်းနိုင်ခဲ့ပေမယ့် ကြံ့ခိုင်မှု ပြည့်ဝဖို့ အချိန်ယူရဦးမယ်လို့ နည်းပြ ပပ်ဂွာဒီယိုလာက ပြောကြားလိုက်ပါတယ်။

လက်ရှိ နွေရာသီ အပြောင်းအရွှေ့မှာ ဒေါ့မန် ကနေ ပေါင် ၅၁ သန်းနဲ့ ပြောင်းရွှေ့လာတဲ့ အသက် ၂၂ နှစ် နော်ဝေ တိုက်စစ်မှူး မန်စီးတီးရဲ့ ကလပ် အမေရိကနဲ့ ခြေစမ်းပွဲမှာ ပါဝင်ခဲ့ခြင်း မရှိသလို ဘေယန်မြူးနစ်နဲ့ ပွဲမှာလည်း မိနစ် ၄၀ နီးပါးပဲ ပွဲထွက်ကစားနိုင်ခဲ့ပါတယ်။

ဟာလန်း အနေနဲ့ ပြီးခဲ့တဲ့ နှစ်နှစ်ခွဲ ကာလ အတွင်း ဒေါ့မန် အတွက် ၈၉ ပွဲ ကစားပြီး ၈၆ ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် မကြာခဏ ဒဏ်ရာကြောင့် အနားယူခဲ့ရသူလည်း ဖြစ်ပါတယ်။ လက်ရှိမှာလည်း ကြံ့ခိုင်မှု မပြည့်ဝသေးတာကြောင့် ပပ်ဂွာဒီယိုလာက သူ့ရဲ့ ကစားသမားကို နောက်ထပ် ၂ ပတ် ကနေ ၃ ပတ် လောက်အထိ အနားယူရဦးမယ် ဆိုတဲ့ သဘောမျိုး ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။


ဆကမ်မက်ကာ အတွက် အပြည့်အဝ သဘောတူညီမှု ရခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ ဆာဆွယ်လို

ပရီးမီးယားလိဂ် ကလပ် ဝက်စ်ဟမ်း အနေနဲ့ သူတို့ရဲ့ အဓိက ပစ်မှတ် အာမန်ဒို ဘရိုဟာကို ခေါ်ယူဖို့ နှောင့်နှေးနေတဲ့ အချိန်မှာ အီတလီ လက်ရွေးစင် လူငယ် တိုက်စစ်မှူးကို အရခေါ်ယူသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဆကမ်မက်ကာကို ယူရို သန်း ၄၃ သန်းနဲ့ ခေါ်ယူနိုင်ခဲ့တဲ့ ဝက်စ်ဟမ်း

ဆကမ်မက်ကာရဲ့ အပြောင်းအရွှေ့အတွက် ဝက်စ်ဟမ်းနဲ့ အပြည့်အဝ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်း ဆာဆွယ်လို အမှုဆောင် အရာရှိချုပ် ဂျီယိုဗန်နီ ကာနီဗယ်လီက အတည်ပြုခဲ့ပါတယ်။ ပရီးမီးယားလိဂ် ကလပ် ဝက်စ်ဟမ်း အနေနဲ့ သူတို့ရဲ့ အဓိက ပစ်မှတ် အာမန်ဒို ဘရိုဟာကို ခေါ်ယူဖို့ နှောင့်နှေးနေတဲ့ အချိန်မှာ အီတလီ လက်ရွေးစင် လူငယ် တိုက်စစ်မှူးကို အရခေါ်ယူသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

Corriere dello Sport နဲ့ အင်တာဗျူးမှာ ကာနီဗယ်လီက “ကျွန်တော်တို့ ဝက်စ်ဟမ်းနဲ့ သဘောတူညီမှု ရပြီးပါပြီ။ သူ့အနေနဲ့ အရမ်းကောင်းတဲ့ အရာတွေ စွမ်းဆောင်နိုင်ပါလိမ့်မယ်။ သူဟာ အရည်အချင်း အရမ်း ရှိပြီး တော်တဲ့သူ တစ်ယောက်ပါ” လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၃ နှစ် အရွယ် အီတလီ တိုက်စစ်မှူးဟာ ဆာဆွယ်လို အသင်း အတွက် ပြီးခဲ့တဲ့ ရာသီက ၃၆ ပွဲ ကစားပြီး ၁၆ ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ပီအက်စ်ဂျီနဲ့ အာဆင်နယ် တို့လို အသင်းတွေရဲ့ ပစ်မှတ် ဖြစ်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ ဝက်စ်ဟမ်း အသင်းကိုသာ ရောက်ရှိသွားခဲ့တာလည်း ဖြစ်ပါတယ်။

လန်ဒန် ကလပ်ဟာ ဆကမ်မက်ကာ အတွက် ယူရို ၄၃ သန်း ပေးချေရဖို့ ရှိပြီး ကနဦး ယူရို ၃၆ သန်း၊ စွမ်းဆောင်ရည် ပေါ် မူတည်ပြီး အပိုဆုကြေး ပေါင် ၇ သန်း ထပ်မံ ပေးချေရမှာ ဖြစ်ပါတယ်။ သတင်းတွေ အရ ဆိုရင် ဝက်စ်ဟမ်းတို့ ဆကမ်မက်ကာကို ခေါ်ယူခဲ့ပေမယ့် ချဲလ်ဆီးက အဲလ်ဘေးနီးယား လူငယ် ကြယ်ပွင့် ဘရိုဟာ ကိုလည်း ဆက်လက် ကြိုးပမ်းသွားဦးမယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒေးဗစ် မွိုက်စ်ရဲ့ အသင်းဟာ ဂျက်ဆီ လင်ဂတ်ကို ခေါ်ယူနိုင်ခြင်း မရှိခဲ့တာကြောင့် ကွင်းလယ် တိုက်စစ် ကစားသမား တစ်ဦး ထပ်မံ ခေါ်ယူဖို့ ရှိနေသေးတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်