နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ယူနိုက်တက်ရဲ့ အလားအလာနဲ့ တန်ဟက်ဂ်ရဲ့ အနာဂတ် | ပရီးမီးယားလိဂ်

countdown banner

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် အသင်းရဲ့ နည်းပြ အဲရစ်ခ်တန်ဟက်ဂ် အနေနဲ့ လာမယ့် ရာသီ အသင်းမှာ ဆက်ရှိနေဖို့ မဖြစ်နိုင်ဘူးလို့ ဒေးဗစ် ဂျိမ်းစ်က သုံးသပ်‌ ပြောဆိုလိုက်ပါတယ်။

ဂျိမ်းစ်က “ ယူနိုက်တက် အသင်းနဲ့ အစဉ်အလာအရ မန်နေဂျာတွေရဲ့ အလုပ်က ချန်ပီယံလိဂ် အောင်မြင်မှု အပေါ် မှီခိုနေရပါတယ်” လို့ ဂျိမ်းစ်က Stats Perform ကို ပြောခဲ့တာ ဖြစ်ပါတယ်။ ဆက်လက်ပြီး ဂျိမ်းစ်က “ သူတို့ ချန်ပီယံလိဂ် ဝင်ခွင့် ရမယ် မထင်ပါဘူး။ နောက်နှစ်မှာ အခြေခံကနေ ပြန်စချိန် သူ့အနေနဲ့ အသင်းမှာ ရှိနေတော့မယ် မထင်ပါဘူး။

“နောက်ပြီး သူက သူ့ရဲ့ အသင်း ရှုံးနေရင်တောင် အမြဲတမ်း စွမ်းဆောင်ရည် ကောင်းတယ် ဆိုပြီး ပြောပါတယ်။ ရှုံးတဲ့ ပွဲကနေတောင် စွမ်းဆောင်ရည် ကောင်းခဲ့တာတွေကို ရွေးပြောပါတယ်။ ကျနော့် အထင်တော့ ဒါက မန်ချက်စတာယူနိုက်တက်နဲ့ မတူပါဘူး။

ကျွန်တော် တစ်ဦးတစ်ယောက်ချင်း အမြင်အရ ကမ္ဘာ့အကြီးဆုံး ကလပ်အသင်းတွေ ထဲက တစ်သင်း ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်ကို တာဝန်ယူနေတဲ့ နည်းပြ တစ်ဦး ဆီက ဒီလို အကြောင်းအရာတွေကို မကြားရသင့်ဘူး ထင်ပါတယ်။ ကြားသင့်တယ်လို့ ထင်တာတွေလည်း ကျနော် မကြားရပါဘူး။ ဒါကြောင့် လာမယ့်ရာသီမှာ သူအဲဒီမှာ ဆက်ရှိမယ် မထင်ပါဘူး။” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ယူနိုက်တက်က ပရီးမီးယားလိဂ်မှာ အဆင့် ၆ နေရာ ရောက်နေပေမယ့် အဆင့် ၄ နေရာက ဗီလာထက် တစ်ပွဲလျော့ ကစားပြီး ၉ မှတ် ကွာဟနေပါတယ်။
လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ မသေချာ ဖြစ်နေတဲ့ မန်ချက်စတာယူနိုက်တက်

ဒါ့အပြင် ပိုင်ရှင်သစ် ဆာဂျင် ရက်ကလစ်ဖ်ဟာ ယခုနှစ်အစောပိုင်းမှာ ကလပ်ရဲ့ ရှယ်ယာ 27.7 ရာခိုင်နှုန်းကို ဝယ်ယူရန် အတည်ပြုခဲ့ပြီး အသင်းကို ပြောင်းလဲမှုတွေ ပြုလုပ်မယ်လို့ သတင်းတွေ ထွက်နေခဲ့တာ ဖြစ်ပါတယ်။ ဒီအချက်ကြောင့်လည်း တန်ဟက်ဂ်ဟာ လာမယ့်နှစ်မှာ ယူနိုက်တက်ရဲ့ စီမံကိန်းမှာ ပါဝင်မှာ မဟုတ်ဘူးလို့ James က ယုံကြည်သည်။

သရဲနီတွေဟာ လက်တလော ပရီးမီးယားလိဂ် ဇယား အဆင့် (၆) နေရာမှာ ရပ်တည်နေပြီး ပရိသတ်တချို့က အဲရစ်ခ် တန်ဟက်ဂ်ကို အစားထိုးဖို့ တောင်းဆိုမှုတွေ ဆက်တိုက် ပြုလုပ်နေပါတယ်။ အဓိက ကတော့ ချန်ပီယံလိဂ် အုပ်စုအဆင့်ကနေ ထွက်ခဲ့ရတာကြောင့် ပါပါလိမ့်မယ်။

ဒါပေမယ့် ယူနိုက်တက်ဟာ အက်ဖ်အေဖလား ကွာတားဖိုင်နယ် အဆင့်မှာ ခါးသီး ပြိုင်ဘက် လစ်ဗာပူးလ်ကို ၄-၃နဲ့ အနိုင်ရရှိပြီးနောက် ဆီမီးဖိုင်နယ် အဆင့်ကို တက်လှမ်းထားနိုင်ခဲ့ပါတယ်။ ယူနိုက်တက်ဟာ အချိန်ပို ၁၂၁ မိနစ် အရောက်မှ အာမက် ဒီယာလိုက သွင်းယူပေးခဲ့တဲ့ ဂိုးနဲ့ လစ်ဗာပူးလ်ကို အသဲခွဲခဲ့တာ ဖြစ်ပြီး ဒီပွဲမှာ ယူနိုက်တက်ရဲ့ ခြေစွမ်းကောင်း တစ်ချို့ကို မြင်တွေ့ခဲ့ရသလို စိတ်ဓာတ်ပိုင်း ဆိုင်ရာ အရလည်း မြင့်မားစွာနဲ့ အောင်ပွဲ တစ်ခု ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်
နယူးကာဆယ် ယူနိုက်တက်
ဝက်စ်ဟမ်း ယူနိုက်တက်
1X2 ဝက်စ်ဟမ်း ယူနိုက်တက် @ 3.70
ဂိုးပေါ် 3.25 @ 2.05
ဂိုးပေါင်း 0-1 @ 4.53
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒါကြောင့် အဲ့ဒီပွဲ အပြီး မှာလည်း အဲရစ်ခ် တန်ဟက်ဂ်က သူတို့ အသင်းရဲ့ ရည်မှန်းချက်က ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ အက်ဖ်အေဖလားမှာ ချန်ပီယံ ဖြစ်ရေးလို့ ကြုံးဝါး ပြောဆိုခဲ့ပြီး ဒီစကားနဲ့ ပတ်သတ်လို့လည်း တချို့က လှောင်ပြောင် ပြောဆိုနေကြတာ တွေ့ရပါတယ်။ နည်းပြ တန်ဟက်ဂ်က လစ်ဗာပူးလ်နဲ့ တွေ့ဆုံခဲ့တဲ့ ၃ ကြိမ်မှာ တစ်ကြိမ်မှ အနိုင်မရခဲ့ဖူးပေမယ့် ဒီရာသီ အန်ဖီးလ်မှာ ကစားခဲ့တဲ့ ပွဲစဉ် မှာတော့ ဂိုးမရှိ သရေရအောင် ကစားနိုင်ခဲ့သလို အခု ၄ ကြိမ်မြောက် တွေ့ဆုံခဲ့တဲ့ အက်ဖ်အေဖလား ပွဲစဉ် မှာလည်း အချိန်ပို အသဲခွဲဂိုးနဲ့ လစ်ဗာပူးလ်ကို အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲ အနိုင်ရလိုက်တာကြောင့် ယူနိုက်တက်ဟာ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ကို ရောက်ရှိခဲ့သလို ချန်ပီယံရှစ် ကလပ် ကိုဗင်ထရီနဲ့ တွေ့ဆုံခဲ့လို့ ကံကောင်းခဲ့တယ်လို့ပဲ ဆိုရမှာပါ။ ဒါ့အပြင် ယူနိုက်တက်က ပရီးမီးယားလိဂ်မှာ အဆင့် ၆ နေရာ ရောက်နေပေမယ့် အဆင့် ၄ နေရာက ဗီလာထက် တစ်ပွဲလျော့ ကစားပြီး ၉ မှတ် ကွာဟနေပါတယ်။ အဆင့် ၅ နေရာက စပါးနဲ့တော့ ပွဲအရေအတွက်တူ ၆ မှတ် အကွာ ကနေ လိုက်လံ ဖိအားပေးနေဆဲ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ လက်ကျန် ပွဲစဉ်တွေ အဖြစ် ဘရန့်ဖို့ဒ်၊ ချဲလ်ဆီး၊ လစ်ဗာပူးလ်၊ ဘုန်းမောက်၊ နယူးကာဆယ်၊ ကိုဗင်ထရီ၊ ဝက်စ်ဟမ်း တို့နဲ့ ယှဉ်ပြိုင်ကစားရဦးမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်