နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မိန်းနူးရဲ့ နောက်ကျဂိုးနဲ့ ဝုဗ်ကို အဝေးကွင်းမှာ အနိုင်ရခဲ့တဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ် (ပွဲပြီးသုံးသပ်ချက်)

countdown banner

ပရီးမီးယားလိဂ် ပွဲစဉ် (၂၀) ရဲ့ နောက်ကျပွဲ အဖြစ် ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ မိုလီနက်စ်ကွင်းမှာ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြတာ ဖြစ်ပါတယ်။ ဒီပွဲမှာ အပြန်အလှန် သွင်းဂိုးတွေနဲ့ မြိုင်ဆိုင်ခဲ့ပြီး ယူနိုက်တက်တို့ လူငယ်ကစားသမားလေး ကိုဘီ မိန်းနူးရဲ့ နောက်ကျဂိုးနဲ့ အနိုင်ရသွားခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ အိမ်ရှင် ဝုဗ်က ဆား၊ ဒေါဆန်၊ ကေးလ်မန်း၊ ဂိုမက်စ်၊ ဒွိုင်းလ်၊ လီမီနာ၊ ဒိုဟာတီ၊ ဆီမီဒို၊ နီတို၊ ကွန်ဟာ၊ ဘယ်လီဂရိတ် တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ယူနိုက်တက် ကတော့ အိုနာနာ၊ ဗာရန်း၊ မာတီနက်ဇ်၊ မိန်းနူး၊ ကတ်စ်မဲရိုး၊ ဖာနန်ဒက်စ်၊ ဂါနာချို၊ ရက်ရှ်ဖို့ဒ်၊ ဟွိုက်ဂျ်လန်း တို့နဲ့ ဝုဗ်ကို ရင်ဆိုင်သွားခဲ့ပါတယ်။ ပွဲစကတည်းက ယူနိုက်တက်တို့ အိမ်ရှင် ဝုဗ်ကို ဖိအားပေး ကစားနိုင်ခဲ့ပြီး ရက်ရှ်ဖို့ဒ်ရဲ့ လှပတဲ့ အဝေးကန်ချက်နဲ့ စောစောစီးစီး ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ဟွိုက်ဂျ်လန်းက ပွဲချိန် ၂၂ မိနစ်မှာ ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံသွင်းယူပေးနိုင်ခဲ့လို့ ပထမပိုင်း အပြီးမှာပဲ ယူနိုက်တက်တို့ ၀-၂ နဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ 

ဒုတိယပိုင်းမှာ ဝုဗ်ရဲ့ မထင်မှတ်ထားတဲ့ ရုန်းအားတွေကြောင့် ယူနိုက်တက်တို့ ရုန်းကန်လာရပြီး ဂိုးတွေ ပြန်ပေးခဲ့ရပါတယ်။ ဝုဗ်ရဲ့ ပထမ ချေပဂိုး ကိုတော့ ဆာရာဘီယာက ပင်နယ်တီက တဆင့် သွင်းယူပေးခဲ့ပြီး ၇၅ မိနစ် မှာတော့ ယူနိုက်တက်က တော်မီနေးက တတိယမြောက်ဂိုးကို သွင်းယူပေးခဲလို့ ၃-၁ ဖြစ်သွားခဲ့ပါတယ်။ အဲ့နောက် ၈၅ မိနစ်နဲ့ ၉၀+၅ မှာ ဝုဗ်တို့ နှစ်ဂိုးဆက် ရခဲ့လို့ တစ်ဖက် ၃ ဂိုးစီ သရေရလဒ်နဲ့ ပြီးဆုံးမလို ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပွဲပြီးခါနီးမှာ လူငယ်ကစားသမားလေး ကိုဘီ မိန်းနူးက ဝုဗ် ကစားသမား ၅ ယောက်လောက်ကို သွေးအေးအေးနဲ့ ကျော်ဖြတ်ပြီး အနိုင်ဂိုးကို သွင်းယူသွားခဲ့လို့ ယူနိုက်တက်တို့ ၃-၄ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ်
ဘန်လေ
ဖူလ်ဟမ်
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ဒီနေ့ပွဲမှာ ယူနိုက်တက် ဘက်က ချီးကျူးရမယ့် ကစားသမားကို ပြပါဆိုရင်တော့ တိုက်စစ်မှူး ရက်စ်မက်စ် ဟွိုက်ဂျ်လန်း၊ ဖာနန်ဒက်စ်နဲ့ ကိုဘီ မိန်းနူး တို့ပဲ ဖြစ်ပါတယ်။ ဟွိုက်ဂျ်လန်း အနေနဲ့ ရက်ရှ်ဖို့ဒ်ရဲ့ အဖွင့်ဂိုးကို ဖန်တီးပေးနိုင်ခဲ့သလို ကိုယ်တိုင်လည်း တစ်ဂိုး သွင်းနိုင်ခဲ့ပါတယ်။ သူသွင်းယူခဲ့တဲ့ ဂိုးကို ပြန်ကြည့်ရင် အထောင်တိုက်စစ်မှူး တစ်ဦးရဲ့ တာဝန်ကို ကျေပွန်သွားခဲ့တာ တွေ့ရပြီး ဝုဗ် နောက်ခံလူတွေ လိုက်လံတားဆီးနေတဲ့ ကြားက ခက်ခက်ခဲခဲ ပြေးဝင် ပိတ်သွင်းသွားခဲ့တာပါ။ နောက်တစ်ဦး ကတော့ နည်းပြ တန်ဟက်ဂ်ကို အသက်ရှူချောင်စေခဲ့တဲ့ ကိုဘီ မိန်းနူး ဖြစ်ပြီး အသက် ၁၈ နှစ် အရွယ်သာ ရှိသေးတဲ့ ကစားသမား တစ်ဦးရဲ့ သွေးအေးမှု ကတော့ လက်ဖျားခါလောက်စရာပါပဲ။ မိန်းနူးရဲ့ သွင်းဂိုးသာ မကယ်ရင် ယူနိုက်တက်တို့ ပရီးမီးယားလိဂ် ၃ ပွဲဆက် နိုင်ပွဲ ပျောက်နေဦးမှာ ဖြစ်ပြီး နည်းပြ တန်ဟက်ဂ်လည်း ဖိအားတွေ အောက်ကို ထပ်မံ ရောက်ရှိသွားမှာ ဖြစ်ပါတယ်။ 

ပွဲအပြီးမှာ ယူနိုက်တက်က ရမှတ် ၃၅ မှတ်နဲ့ ပရီးမီးယားလိဂ် အဆင့် ၇ နေရာအထိ ပြန်လည် တက်လှမ်းလာနိုင်ခဲ့ပြီး အဆင့် ၅ နေရာက ဗီလာနဲ့တော့ ၈ မှတ် ကွာဟနေဆဲ ဖြစ်ပါတယ်။ ရှုံးပွဲ မရှိမှု ရပ်တန့်သွားခဲ့တဲ့ ဂယ်ရီ အိုနီးလ်ရဲ့ ဝုဗ် ကတော့ အဆင့် ၁၁ နေရာမှာပဲ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။ယူနိုက်တက်ဟာ လာမယ့် ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ ဝက်စ်ဟမ်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ဆက်လက် ကစားရဖို့ ရှိပြီး ဝုဗ် ကတော့ ချဲလ်ဆီးနဲ့ ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်