ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ ဘေယန်မြူးနစ် ဘယ်နောက်ခံလူ အဲလ်ဖွန်ဆို ဒေးဗီးစ်ကို ခေါ်ယူဖို့ ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။ ကနေဒါ လက်ရွေးစင် ကစားသမား အဲလ်ဖွန်ဆို ဒေးဗီးစ် ကိုတော့ ရီးရဲလ်မက်ဒရစ်က ခေါ်ယူနိုင်ဖို့ နီးစပ်နေတာ ဖြစ်ပြီး ဘေယန်မြူးနစ်၊ ရီးရဲလ်မက်ဒရစ် တို့ထက် ပိုများတဲ့ ပမာဏနဲ့ ကမ်းလှမ်းသွားဖို့ပါ စီစဉ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။
လက်ရှိ မန်ချက်စတာယူနိုက်တက်ရဲ့ ဘယ်ခြမ်း ခံစစ်မှာ လုခ် ရှောနဲ့ တိုင်ရဲလ် မာလာစီယာ တို့လို ကစားသမားတွေ ရှိနေပါတယ်။ ဒါပေမယ့်လည်း အဆိုပါ ကစားသမား ၂ ဦးစလုံးက မကြာခဏ ဆိုသလို ဒဏ်ရာပြဿနာတွေ ရှိနေခဲ့တာကြောင့် ထိပ်တန်း အဆင့် ကစားသမား တစ်ဦးနဲ့ အစားထိုးဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက်ရဲ့ အဓိက ဘယ်နောက်ခံလူ ဖြစ်တဲ့ အင်္ဂလန်သား လုခ် ရှောဟာ ပြန်ကစားနိုင်လိုက်၊ မကြာခင်မှာ ဒဏ်ရာ ပြန်ရလိုက်နဲ့ ဖြစ်နေသူပါ။
ဒါကြောင့် ယူနိုက်တက်က နည်းပြ ရူဘင် အမော်ရင် လက်ထက် လာမယ့် နွေရာသီ ဈေးကွက်မှာ ကြံခိုင်မှုကောင်းတဲ့ ဘယ်နောက်ခံ ကစားသမား တစ်ဦးကို ခေါ်ယူသွားဖို့ ပြင်ဆင်နေခဲ့ပြီး ဘေယန်မြူးနစ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် အဲလ်ဖွန်ဆို ဒေးဗီးစ်ကို ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ် ကလပ်ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့က ချိန်ရွယ်ခဲ့ဖူးတဲ့ ဘုန်းမောက်က ဟန်ဂေရီ လက်ရွေးစင် မီလို့စ် ကာကစ်ဇ် ကိုလည်း ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။
ဒီကစားသမား နှစ်ဦးထဲကမှ ယူနိုက်တက်က နည်းပြသစ် ရူဘင် အမော်ရင်ရဲ့ ကစားဟန်နဲ့ ပိုပြီး လိုက်ဖက် အံ့ဝင်နိုင်မယ့် ကနေဒါသား အဲလ်ဖွန်ဆို ဒေးဗီးစ်ကို ပိုမို အလိုရှိနေတယ်လို့လည်း သိရပါတယ်။ ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြုးနစ် ကတော့ သူတိုရဲ့ အသင်းရဲ့ ကစားသမားကို လာမယ့် နွေရာသီမှာ အလွတ်နဲ့ လက်မလွှတ်ချင်တာကြောင့် စာချုပ်သစ် ကမ်းလှမ်းထားပြီး ရီးရဲလ်မက်ဒရစ် ကလည်း ဒီကစားသမားကို အလိုရှိနေတာ ဖြစ်ပါတယ်။
လက်ရှိ ကမ္ဘာ့အကောင်းဆုံး ဘယ်နောက်ခံ ကစားသမား တွေထဲက တစ်ဦး အဖြစ် သတ်မှတ်ခံထားရတဲ့ အဲလ်ဖွန်ဆို ဒေးဗီးစ်ဟာ လက်ရှိ ကလပ် ဘေယန်မြူးနစ်နဲ့ စာချုပ်သက်တမ်းတိုးဖို့ ဒါမှမဟုတ် ရီးရဲလ်မက်ဒရစ်ဆီ အလွတ်နဲ့ ပြောင်းရွှေ့ဖို့ အခြေအနေ ပိုများနေပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက် ကတော့ ရီးရဲလ်ကို ကျော်ပြီး လက်ဦးမှု ရယူကာ ခေါ်ယူနိုင့်ဖို အရှိန်အဟုန်မြှင့် ကြိုးပမ်းဖို့တော့ ရှိနေပါတယ်။
သတင်းတွေ အရ ဆိုရင်တော့ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်က လက်ရှိမှာ အဲလ်ဖွန်ဆို ဒေးဗီးစ်ကို စာချုပ်သစ် တစ်ရပ် ကမ်းလှမ်းထားတဲ့ ဘေယန်မြူးနစ်နဲ့ ဘယ် နောက်ခံလူ နေရာ အတွက် ဒေးဗီးစ်ကို ပစ်မှတ်ထားနေတဲ့ ရီးရဲလ်မက်ဒရစ် တို့နဲ့တော့ အဓိကထား ယှဉ်ပြိုင် ကြိုးပမ်းရမှာ ဖြစ်ပါတယ်။ ဒီလို အသင်းတွေနဲ့ ယှဉ်ရင်တော့ ယူနိုက်တက် အနေနဲ့ ပိုပြီး များပြားတဲ့ ပမာဏနဲ့ ကမ်းလှမ်းရဖို့ ရှိနေပြီး ပေးချေဖို့လည်း အဆင်သင့် ရှိနေကြောင်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.