နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဆောက်ဂိတ်ကို နည်းပြသစ် အဖြစ် ခန့်အပ်ချင်နေတဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ်

countdown banner

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် အသင်း ကတော့ အဲရစ်ခ် တန်ဟက်ဂ်ကို ထုတ်ပယ်ခဲ့ရင် ဂါရက်သ် ဆောက်ဂိတ်ကို နည်းပြ အဖြစ် ခန့်အပ်ချင်နေတယ်လို့ သိရပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ တန်ဟက်ဂ် နေရာမှာ အစားထိုးဖို့ အတွက် ချဲလ်ဆီး နည်းပြဟောင်း ပိုချက်တီနိုကို အစောပိုင်းမှာ ရည်ရွယ်ထားပေမယ့် လက်ရှိမှာတော့ အင်္ဂလန် နည်းပြ ဂါရတ်သ် ဆောက်ဂိတ် ကိုသာ စိတ်ဝင်အစားဆုံး ဖြစ်နေတယ်လို့ The Independent က အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။ 

The Guardian ကနေလည်း ယူနိုက်တက်ဟာ ဒီနေ့မှာပဲ နည်းပြ တန်ဟက်ဂ်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ထုတ်ပြန် ကြေညာသွားမယ်လို့ ဖော်ပြထားခဲ့ပေမယ့်လည်း အခုချိန်ထိတော့ ယတိပြတ် ပြောနိုင်တဲ့ အနေအထားမှာ မရှိသေးဘူးလို့ သိရပါတယ်။ ဒါကြောင့် တန်ဟက်ဂ်နဲ့ ပရီးမီးယားလိဂ် ကလပ်ရဲ့ အနာဂတ်က နောက်တစ်ပတ်လောက်မှသာ အဖြေထွက်မယ့် သဘောရှိပါတယ်။ ဒီသတင်း မတိုင်ခင်မှာပဲ ယူနိုက်တက် ဘက်က တန်ဟက်ဂ် ကိုသာ နည်းပြ ရာထူး ကနေ ထုတ်ပယ်ဖြစ်ခဲ့မယ် ဆိုရင် ချဲလ်လ်ဆီး နည်းပြဟောင်း မော်ရူစီယို ပိုချက်တီနိုကို နည်းပြသစ် အဖြစ် ခန့်အပ်သွားဖို့ ပစ်မှတ်ထားတယ်လို့ ဖော်ပြထား ပေမယ့် Independent က ဒီလာနေး ကတော့ ယူနိုက်တက် ဟာ ဆောက်ဂိတ် ကိုသာ ဦးစားပေး အလိုရှိနေလိမ့်မယ်လို ဖော်ပြထားခဲ့ပါတယ်။

ဆာဂျင်မ် ရက်ကလစ်ဖ်ရဲ့ INEOS ကတော့ နည်းပြသစ် နေရာ အတွက် ပိုချက်တီနို ကိုရော ဆောက်ဂိတ် ကိုပါ သဘောကျ နေပေမယ့်လည်း အင်္ဂလန် လူမျိုး ဖြစ်တဲ့ ဆောက်ဂိတ် နဲ့သာ ပိုမို လက်တွဲသွားချင်နေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း နည်းပြ ဆောက်ဂိတ် ကတော့ ယူရို ၂၀၂၄ ပြိုင်ပွဲ ပြီးတဲ့အထိ အနာဂတ်ကို မဆုံးဖြတ်သေးဘူးလို့ ပြောကြားထားခဲ့ပါတယ်။ ဆောက်ဂိတ် အနေနဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲ ကိုပဲ အာရုံစိုက်ထားမှာ ဖြစ်ပြီး အင်္ဂလန်နဲ့ အတူ အောင်မြင်မှု ရရှိသွားဖို့လည်း မျှော်လင့်နေပါတယ်။

ဆောက်ဂိတ်ဟာ လက်ရှိ အချိန်ထိ အင်္ဂလန် လက်ရွေးစင် အသင်းကို ပွဲပေါင်း ၉၄ ပွဲ ကိုင်တွယ်ထားပြီး ပွဲ ၆၀ နိုင်၊ ၁၈ ပွဲ သရေ၊ ၁၆ ပွဲ ရှုံး ရလဒ် ရရှိအောင် စွမ်းဆောင်ပေးထားပါတယ်။ မှတ်တမ်းတွေအရ ကြည့်မယ် ဆိုရင် ဆောက်ဂိတ်ရဲ့ စွမ်းဆောင်ရည်က မဆိုးလှပေမယ့် ဆုဖလား အောင်မြင်မှုတော့ ရယူထားနိုင်ခြင်း မရှိသေးပါဘူး။ နောက်တစ်ချက်က ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ရဲ့ ကစားဟန်နဲ့ ဆောက်ဂိတ်ရဲ့ နည်းစနစ်ပိုင်း ကိုက်ညီမှု ရှိမရှိ ဖြစ်ပြီး ဒီအချက် ကလည်း ယူနိုက်တက် ပရိသတ်တွေ စိုးရိမ်နေရတဲ့ အခြေအနေ ဖြစ်ပါတယ်။

ယူနိုက်တက် ပရိသတ်တွေ ကတော့ ဆောက်ဂိတ် ကိုရော ပိုချက်တီနိုပါ အသင်း နည်းပြသစ် မမြင်ချင်ကြပဲ သူတို့ ထက်စာရင် လက်ရှိ အသင်း နည်းပြ တန်ဟက်ဂ် ကိုသာ ဆက်ပြီး အချိန်ပေးစေချင်နေကြပြန်ပါတယ်။ ဒါပေမယ့် လတ်တလော ထွက်ပေါ်နေတဲ့ သတင်းတွေအရ ဆိုရင်တော့ တန်ဟက်ဂ်က ယူနိုက်တက်မှာ ဆက်လက် ရှိနေဖို မသေချာသလောက်ကို ဖြစ်နေပြီး ဘယ်နည်းပြက သူ့နေရာကို ဝင်ရောက်လာမလဲဆိုတာသာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်