နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ခံစစ်ပိုင်း အားနည်းချက်ကြောင့် ရာသီသစ်မှာ ရှုံးပွဲစတွေ့သွားတဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ် (ပွဲပြီးသုံးသပ်ချက်)

ဘရိုက်တန် ၂-၁ မန်ချက်စတာယူနိုက်တက်

ပရီးမီးယားလိဂ် ပွဲစဉ် (၂) ရဲ့ အစောဆုံး ပွဲစဉ် အဖြစ် ဘရိုက်တန်နဲ့ မန်ချက်စတာယူနိုက်တက်တို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး အိမ်ရှင် ဇင်ယော်တွေက ၂-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။

ဒီနေ့ပွဲမှာ ဘရိုက်တန်က အဲဗာတန်ကို ဂိုးပြတ် အနိုင်ရခဲ့တဲ့ ပွဲစဉ် ၁ က လူစာရင်းကို တစ်နေရာသာ အပြောင်းအလဲ လုပ်ကာ ပွဲထွက်လာခဲ့ပြီး ဝိုင်ဖာ နေရာမှာ ဂေးလ်မော ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အဲရစ်ခ် တန်ဟက်ဂ်ရဲ့ ယူနိုက်တက် ကလည်း အဖွင့်ပွဲ လူစာရင်း အတိုင်း အပြောင်းအလဲ မရှိ ပွဲထွက်လာခဲ့ပြီး ဂိုးမှာ အိုနာနာ၊ ခံစစ်မှာ မက်ဂွိုင်းယား၊ မာတီနက်ဇ်၊ မက်ဇ်ရာရီ၊ ဒါးလော့တ်၊ ကွင်းလယ်မှာ မိန်းနူးနဲ့ ကတ်စ်မဲရိုး၊ မောင့်နဲ့ တိုက်စစ် မှာတော့ ရက်ရှ်ဖို့ဒ်၊ အာမက်ဒ်နဲ့ ဖာနန်ဒက်စ် တို့ကိုပဲ ကစားစေခဲ့ပါတယ်။ အဖွင့်ပွဲမှာ ဂိုးသွင်းခဲ့တဲ့ ဂျော်ရွှာ ဇီယက်ခ်ဇီးနဲ့ ခံစစ်မှူးသစ် ဒီလစ်ဂျ် တို့ကတော့ အရံလူစာရင်းမှာပဲ ပါဝင်လာခဲ့ပါတယ်။

ဒီနိုင်ပွဲကြောင့် ဘရိုက်တန်ဟာ ၂ ပွဲကစား ၂ ပွဲနိုင် ရမှတ် ၆ မှတ်နဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်ထားနိုင်ခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အလယ် ရောက်သွားတဲ့ ယူနိုက်တက်

ယူနိုက်တက်ဟာ ဒီနေ့ပွဲမှာလည်း ကစားပုံ ကောင်းခဲ့ပြီး ဘရိုက်တန်ကို အကောင်းဆုံး ရင်ဆိုင်နိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ အိမ်ရှင် ဘရိုက်တန် ထက်တောင် ဘောလုံး ပိုင်ဆိုင်မှု၊ ဂိုးပေါက် ခြိမ်းခြောက်မှုတွေမှာ ပိုသာခဲ့ပြီး အဆုံးသတ်ပိုင်း အားနည်းခဲ့လို့သာ ဂိုးမရခဲ့တာ ဖြစ်ပါတယ်။ ဘရိုက်တန် ကတော့ အခွင့်အရေး ရရင် ရသလို အသုံးချနိုင်ခဲ့ပြီး ပွဲချိန် ၃၂ မိနစ် မှာတော့ ဝဲလ်ဘက်ခ်က ဦးဆောင်ဂိုး သွင်းပေးခဲ့ပါတယ်။ အဲ့နောက် ဒုတိယပိုင်းမှာ ယူနိုက်တက်က ချေပဂိုး ပြန်သွင်းနိုင်ဖို့ အားစိုက်လာခဲ့ပြီး ပွဲချိန် မိနစ် ၆၀ မှာ အာမက်ဒ် ဒီယာလိုကြောင့် ဂိုးရခဲ့ပါတယ်။ အဲ့နောက် ပွဲက ပိုမြိုင်လာခဲ့ပြီး နှစ်သင်းစလုံး အပြန်အလှန် ထိုးဖောက်နေရင်း ကနေ ယူနိုက်တက်တို့ ဦးဆောင်ဂိုး သွင်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဂါနာချိုရဲ့ ကန်သွင်းမှုက လူကျွံနေတဲ့ ဇီယက်ခ်ဇီးနဲ့ ထိပြီး ဂိုးဝင်သွားခဲ့တာကြောင့် VAR ပြန်ကြည့်ပြီး ပယ်ဖျက်ခံခဲ့ရပါတယ်။ ပွဲချိန် ကြာလာလေ ဘရိုက်တန်က ပွဲကို ပိုမို စိုးမိုးနိုင်လေ ဖြစ်ခဲ့ပြီး သာမန် ပွဲကစားချိန် ပြည့်ပြီး နာကျင် အချိန်ပိုမှာတော့ ဘရိုက်တန်တို့ အနိုင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ပါတယ်။ ဒီဂိုးကို ပြန်ကြည့်ရင် ယူနိုက်တက် နောက်တန်းရဲ့ နေရာယူပုံ အားနည်းချက်ကြောင့်ဆိုတာ သိသာခဲ့ပြီး ယာအို ပက်ဒရိုက အပိုင်အသုံးချကာ ခေါင်းတိုက် အဆုံးသတ်သွားခဲ့တာ ဖြစ်ပါတယ်။

ဒီနိုင်ပွဲကြောင့် ဘရိုက်တန်ဟာ ၂ ပွဲကစား ၂ ပွဲနိုင် ရမှတ် ၆ မှတ်နဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်ထားနိုင်ခဲ့ပါတယ်။ ယူနိုက်တက် ကတော့ ပွဲစဉ် ၂ မှာတင် ရှုံးပွဲ စတွေ့ခဲ့ပြီ ဖြစ်တာကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၁ နေရာ အထိ ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဒီပွဲမှာ ခြေစွမ်းပိုင်း တိုးတက် ကောင်းမွန်လာခဲ့ပေမယ့် နေရာစုံမှာ အားနည်းချက်တွေတော့ ရှိနေဆဲ ဆိုတာ သိသာခဲ့ပါတယ်။ ဘရိုက်တန် ကတော့ ရော်ဘတ်တို ဒီဇာဘီ ထွက်ခွာသွားခဲ့ပေမယ့် အသက် ၃၁ နှစ် အရွယ်သာ ရှိသေးတဲ့ လူငယ် နည်းပြ ဖေဘီယန် ဟာဇယ်လာ လက်ထက်မှာ ပုံစံကောင်း တစ်ခုနဲ့ ရှေ့ဆက်နေဆဲ ဆိုတာ မြင်တွေ့ခဲ့ရပါတယ်။ ဘရိုက်တန် ကတော့ လာမယ့် တစ်ပတ် ကြားရက်မှာ ခရော်လီနဲ့ ခရာဘောင်ဖလား ဒုတိယအဆင့် ပွဲစဉ် ဆက်လက် ကစားရဖို့ ရှိပါတယ်။ ယူနိုက်တက် ကတော့ လာမယ့် တစ်ပတ် စနေနေ့မှာ ပရီးမီးယားလိဂ် ပွဲစဉ် ပြန်ကန်ရမှာ ဖြစ်ပြီး အင်္ဂလန် ဒါဘီ ခါးသီး ပြိုင်ဘက် လစ်ဗာပူးလ်ကို အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်