နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဖာနန်ဒက်စ်ကို စာချုပ်သစ် ကမ်းလှမ်းဖို့ ကြန့်ကြာနေတဲ့ ယူနိုက်တက်၊ ဘာနာဒိုဆေးလ်ဗားကို ပေါင်သန်း ၅၀ ရရင် ရောင်းမယ့် မန်စီးတီး | ပရီးမီးယားလိဂ်

countdown banner

ပရီးမီးယားလိဂ် အပါအဝင် ဥရောပထိပ်သီးလိဂ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဆက်လက် စုစည်း ဖော်ပြသွားမှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် အသင်း ကတော့ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ကို စာချုပ်သစ် ကမ်းလှမ်းဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ သိရပါတယ် ကစားသမား ကိုယ်တိုင်ကတော့ အသင်းမှာ ဆက်ရှိနေဖို့ ဆန္ဒ ရှိနေပေမယ့် ယူနိုက်တက် ဘက်က ဖာနန်ဒက်စ်ကို စာချုပ်သစ် ဆက်ချုပ်ဖို့ ကြန့်ကြာနေတာ ဖြစ်ပါတယ်။ ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ်လူ ကို‌တော့ ဆော်ဒီပရိုလိဂ် အသင်းကြီး တစ်သင်း ဖြစ်တဲ့ အဲလ်နာဆာက ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

မန်စီးတီး အသင်း ကတော့ ဘာစီလိုနာက စိတ်ဝင်စားနေတဲ့ ကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗားကို အနည်းဆုံး ပေါင်သန်း ၅၀ ရရင် ရောင်းထုတ်သွားမယ်လို့ သိရပါတယ်။ ဘာစီလိုနာဟာ ဘာနာဒို ဆေးလ်ဗားကို ပြီးခဲ့တဲ့ အပြောင်းအရွှေ့တွေမှာ တောက်လျောက် ချိတ်ဆက်ခဲ့ပြီး မန်စီးတီး ဘက်ကတော့ ဒီနွေရာသီမှာ သူတို့ လိုချင်တဲ့ ငွေကြေး တစ်ရပ် ရရှိရင် လက်လွှတ်သွားဖို့ ရှိနေခဲ့တာ ဖြစ်ပါတယ်။

နောက်ထပ် ပရီးမီးယားလိဂ် ကလပ် တစ်ခု ဖြစ်တဲ့ အာဆင်နယ် ကတော့ လာမယ့် နွေရာသီမှာ အာရွန် ရမ်းစ်ဒေးလ်ကို ထွက်ခွာခွင့်ပေးသွားဖို့ ရှိနေတာပါ။ ဒါကြောင့် သူ့နေရာ အစားထိုး အင်အား ဖြည့်တင်းဖို့ အတွက် ဖီယင်နော့ဒ် အသင်းရဲ့ နယ်သာလန် ဂိုးသမား ဂျက်စတင် ဘစ်ဂျ်လိုးကို ခေါ်ယူဖို့ အဆင်သင့် ဖြစ်နေပြီလို့ သိရပါတယ်။ ရမ်းစ်ဒေးလ် ကိုတော့ နယူးကာဆယ် အသင်းက ခေါ်ယူချင်နေတာ ဖြစ်ပြီး အာဆင်နယ် ဘက်ကတော့ ပေါင် သန်း ၅၀ နီးပါး ရရှိရင် ရောင်းထုတ်သွားဖွယ် ရှိနေတာ ဖြစ်ပါတယ်။

လစ်ဗာပူးလ် အသင်း ကတော့ ဥရောပထိပ်သီး ကလပ်တွေရဲ့ ပစ်မှတ် ဖြစ်တဲ့ လိုင်လီ နောက်ခံလူ လီနီ ယိုရိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ လက်ရှိမှာ ဒီကစားသမားကို လာလီဂါ ထိပ်သီး ရီးယဲလ်မက်ဒရစ်နဲ့ ပြင်သစ် ကလပ် ပီအက်စ်ဂျီ တို့က အပြိုင်အဆိုင် ခေါ်ယူဖို့ ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။

မန်စီးတီး အသင်းဟာ မိုနာကို တိုက်စစ်မှူး မက်ဂ်နက်စ် အက်လီယူချီကို ပီအက်စ်ဂျီ၊ အက်သလက်တီကိုမက်ဒရစ်၊ ဂျူဗင်တပ်စ် တို့နဲ့ အပြိုင် ကြိုးပမ်းသွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။

ဂျူဗင်တပ်စ် ကတော့ အက်တလက်တီကိုမက်ဒရစ် တိုက်စစ်မှူး အယ်လ်ဗာရို မိုရာတာကို အခု နွေရာသီမှာ ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။ ဂျူဗင်တပ်စ် အနေနဲ့ သူတို့ အသင်းရဲ့ ကစားသမားဟောင်း ဖြစ်ခဲ့တဲ့ စပိန် တိုက်စစ်မှူးကို ခေါ်ယူဖို့ ပြောင်းရွှေ့ကြေး ယူရို ၁၅ သန်း အသုံးပြုရဖွယ် ရှိနေတယ်လို့ သိရပါတယ်။

နယူးကာဆယ် အသင်း ကတော့ ဖူလ်ဟမ်က တိုဆင် အဒါရာဘိုင်အိုယိုနဲ့ ဘုန်းမောက်က လွိုက်ဒ် ကယ်လီတို့ကို ခေါ်ယူဖို့ နီးစပ်နေပြီလို့ သိရပါတယ်။

တော့တင်ဟမ်ဟော့စပါး အသင်း ကတော့ ဘုန်းမောက်ကြယ်ပွင့် ဒေါမနစ် ဆိုလန်ကီကို ခေါ်ယူဖို့ ပြင်ဆင်နေပြီး ရီချာလီဆန် ကို‌တော့ ရောင်းထုတ်သွားဖို့ ရှိနေတာ ဖြစ်ပါတယ်။ နည်းပြ အန်ဂျီ ပိုစတီကိုဂလူး အနေနဲ့ အသင်းမှာ ရှိတဲ့ ကစားသမား ၈ ဦးလောက်ကို အရောင်းစာရင်း တင်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

ဗစ်တာ အိုဆင်မ်ဟန် ကတော့ ချယ်လ်ဆီးကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပြီး ပီအက်စ်ဂျီနဲ့ ဆော်ဒီပရိုလိဂ် ကလပ်တွေရဲ့ စိတ်ဝင်စားမှုကို ငြင်းဆန်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

အဲလ်ဘတ် ဆမ်ဘီ လိုကွန်ဂါ ကတော့ အခုနွေရာသီမှာ အာဆင်နယ် ကနေ အငှားနဲ့ တခြားအသင်း တစ်သင်းကို ပြောင်းရွှေ့ ကစားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ဘယ်လ်ဂျီယံ ကွင်းလယ်လူဟာ ပြီးခဲ့တဲ့ ရာသီကလည်း လူတန်တောင်း အသင်းမှာ အငှားနဲ့ သွားရောက် ကစားခဲ့သူ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် အသင်း လေးသင်း ဖြစ်တဲ့ ဝက်စ်ဟမ်းယူနိုက်တက်၊ ဖူလ်ဟမ်၊ ဘရိုက်တန်နဲ့ ခရစ္စတယ်ပဲလေ့စ် တို့ဟာ ကော်ရင်သီယန် တောင်ပံကစားသမား ဝက်စ်လေ ဂတ်စ်ဆိုဗာကို ခေါ်ဖို့ ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်