နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အက်ဖ်အေဖလား ယူပေးတဲ့ တန်ဟက်ဂ်ကို အသင်းမှာ ဆက်ထိန်းဖို့ စိတ်ပြောင်းလာတဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ်

countdown banner

ပရီးယားလိဂ် ထိပ်သီး ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ အသင်း ကနေ ထုတ်ပယ်ဖို့ ရှိနေတဲ့ နည်းပြ တန်ဟက်ဂ်ကို ဆက်ထိန်းထားဖို့ စိတ်ပြောင်းလာခဲ့ပြီလို့ သိရပါတယ်။ နယ်သာလန် လူမျိုးနည်းပြဟာ ပြီးခဲ့တဲ့ စနေနေ့က ယှဉ်ပြိုင် ကစားခဲ့တဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ မြိုခံပြိုင်ဘက် မန်ချက်စတာစီးတီးကို ၁-၂ ရလဒ်နဲ့ အနိုင်ရရှိကာ ယူနိုက်တက်ကို ချန်ပီယံ ဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တာကြောင့် ရာထူး ကနေ မထုတ်ပယ်တော့ပဲ အသင်းမှာ ဆက်ထိန်းထားဖိ့း ပြန်လည် စဉ်းစားနေတာ ဖြစ်တယ်လို့ သတင်းတွေက ဖော်ပြနေကြတာ ဖြစ်ပါတယ်။

အဲရစ်ခ် တန်ဟက်ဂ် ဦးဆောင်တဲ့ မန်ချက်စတာ ယူနိုက်တက်က ဒီရာသီမှာ ရလဒ်ဆိုးတွေနဲ့ တောက်လျှောက် ကြုံတွေ့ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အက်ဖ်အေဖလား ဗိုလ်လုပွဲ မှာလည်း ပူပူနွေးနွေး ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာစီးတီးကို အနိုင်မရနိုင်ဘူးလို့ ကြိုတင် တွက်ဆခဲ့ကြပေမယ့် အားလုံးကို အထင်နဲ့ အမြင် လွဲစေခဲ့တာ ဖြစ်ပါတယ်။ တကယ်တမ်း ကစားတဲ့ အချိန်မှာ တန်ဟက်ဂ်ရဲ့ ယူနိုက်တက်ဟာ အားလုံး မမျှော်လင့်ထားတဲ့ အကောင်းဆုံး ခြေစွမ်း၊ ကစားဟန်တွေနဲ့ မန်စီးတီးကို ဒုက္ခပေးပြီး ချန်ပီယံဆုပါ ရယူသွားခဲ့တာ ဖြစ်ပါတယ်။ 

ဒီပွဲမှာ နှစ်သင်းစလုံးက အဓိကကစားသမား အစုံအလင်နဲ့ ပွဲထွက်ကစားခဲ့ကြပြီး ယူနိုက်တက် ဘက်မှာတော့ ဒဏ်ရာကနေ ပြန်လည် သက်သာလာတဲ့ ဗာရန်းနဲ့ မာတီနက်ဇ် တို့ ခြေစွမ်းပြခဲ့ကြပြီး အိုနာနာ ကလည်း ထူးထူးခြားခြားပဲ အံ့မခန်း လက်စွမ်းတွေ ထုတ်ပြသွားခဲ့တာပါ။ ယူနိုက်တက်ဟာ မိန်းနူး၊ ဂါနာချိုတို့ရဲ့ သွင်းဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့ပြီး အနိုင်ရလဒ်ကို ထိန်းဖို့ ကြိုးစားချိန်မှာလည်း ကျစ်လျစ်တဲ့ ခံစစ် ကစားပုံနဲ့ အတူ မန်စီးတီး တိုက်စစ် လမ်းကြောင်းတွေကို ဖြတ်တောက်ပစ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် မန်စီးတီးတို့ ဒိုခုရဲ့ သွင်းဂိုး တစ်ဂိုးသာ ပြန်ရခဲ့ပြီး ဒီဂိုး ကလည်း ဘယ်လ်ဂျီယံသားရဲ့ မထင်မှတ်တဲ့ ကန်ချက် ကနေ ပေးခဲ့ရတာ ဖြစ်ပါတယ်။

ဒါကြောင့် မန်ချက်စတာယူနိုက်တက် အနေနဲ့ မနှစ်က အက်ဖ်အေဖလား ရှုံးကြွေးကို တူညီတဲ့ ရလဒ်နဲ့ ပြန်ဆပ်ကာ ချန်ပီယံ ဖြစ်ခဲ့ပြီး ဘောနက်စ် အနေနဲ့ ယူရိုပါလိဂ် ဝင်ခွင့်ပါ ရရှိသွားခဲ့ပါတယ်။ နောက်ပြီး ပရီးမီးယားလိဂ် ရာသီကြို ဖလားပွဲ ဖြစ်တဲ့ ကွန်မြူနတီဒိုင်းပွဲ ကိုလည်း မန်စီးတီးနဲ့ ကစားရဦးမှာ ဖြစ်ပါတယ်။ ဒီလို အကျိုးအမြတ်တွေ ရရှိသွားတဲ့ ယူနိုက်တက် အနေနဲ့ တန်ဟက်ဂ်ရဲ့ စွမ်းဆောင်ရည် အပေါ် တဖန် ပြန်လည် ယုံကြည်လာပုံရပြီး ဆက်ထိန်းသွားဖို့ စဉ်းစားနေတာ ဖြစ်နိုင်ပါတယ်။ 

မန်ချက်စတာ ညနေခင်းနဲ့ ဒေးလီးမေးလ် တို့ရဲ့ ဖော်ပြချက်တွေအရ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေဟာ တန်ဟက်ဂ်ရဲ့ အနာဂတ်ကို ဆုံးဖြတ်ပေးမယ့် စွမ်းဆောင်ရည် အကဲဖြတ်မှုကို လုပ်ဆောင်နေပြီး အက်ဖ်အေဖလား ချန်ပီယံ ဖြစ်ခဲ့တဲ့ အချက်ကြောင့် တန်ဟက်ဂ်ရဲ့ ယူနိုက်တက် နည်းပြ သက်တမ်း ကလည်း ဆက်လက် တိုးမြင့်သွားနိုင်တဲ့ အခြေအနေမှာ ရှိလာခဲ့တာပါ။ ဒါ့အပြင် ယူနိုက်တက်ဟာ လက်ရှိ အချိန်ထိ နည်းပြသစ် ရှာမတွေ့သေးတဲ့ အချက်၊ ရက်ကလစ်ဖ် ကို မေးမြန်းချိန်မှာ နှုတ်ဆိတ်နေခြင်း စတဲ့ အချက်တွေကြောင့် တန်ဟက်ဂ်ကို ရာသီသစ်မှာ ဆက်လက် မြင်တွေ့ရဖွယ် ရှိနေတာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်