နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အင်္ဂလန် လူစာရင်းက နုတ်ထွက်ခဲ့တဲ့ လစ်ဗာပူးလ်နဲ့ မန်စီးတီး ကြယ်ပွင့် (ပရီးမီးယားလိဂ် သတင်းများ)

countdown banner

ဒီတစ်ခါ မှာတော့ စက်တင်ဘာလ ၅ ရက်နေ့ အထိ ရရှိထားသမျှ ပရီးမီးယားလိဂ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


အင်္ဂလန် လူစာရင်းက နုတ်ထွက်ခဲ့တဲ့ လစ်ဗာပူးလ်နဲ့ မန်စီးတီး ကြယ်ပွင့် 

ထရန့်အလက်ဇန္တား အာနိုးလ်နဲ့ ဂျက် ဂရီးလစ်ရှ် တို့ဟာ ဒဏ်ရာကြောင့် အင်္ဂလန် လက်ရွေးစင် လူစာရင်း ကနေ နုတ်ထွက်သွားခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။ 

လစ်ဗာပူးလ် နောက်ခံလူနဲ့ မန်စီးတီး ကြယ်ပွင့် တို့ဟာ စက်တင်ဘာ နိုင်ငံတကာ အားလပ်ရက် အတွင်း ကစားသွားမယ့် အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ ပွဲစဉ်တွေ အတွက် ပြီးခဲ့တဲ့ အပတ်က ဂါရတ်သ် ဆောက်ဂိတ်ရဲ့ လူစာရင်းထဲမှာ ခေါ်ယူခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။

 ယူရို ၂၀၂၄ ခြေစစ်ပွဲ အဖြစ် ယူကရိန်း၊ စကော့တလန်တို့နဲ့ ကစားရမယ့် ပွဲစဉ်မှာ ပါဝင်ကစားပေးဖို့ စီစဉ်ထားခဲ့ပေမယ့်လည်း လက်ရှိမှာတော့ နှစ်ဦးစလုံး ပါဝင်ကစားပေးနိုင်မှာ မဟုတ်ဘူးလို့ အင်္ဂလန် လက်ရွေးစင်အသင်းက အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတာ့ ပရီးမီးယားလိဂ် အပါအဝင် ဥရောပ ထိပ်တန်းလိဂ်တွေကို ရပ်နားထားမှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်
အဲဗာတန်
အာဆင်နယ်
1X2 သရေ (Draw) @ 4.20
ဂိုးပေါ် 3.00 @ 2.12
ဂိုးပေါင်း 2-3 @ 1.99
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

မလေးမစားလုပ်ခံခဲ့ရတဲ့ အင်္ဂလန် ကြယ်ပွင့်ကို အနားယူဖို့ ပြောခဲ့တဲ့ ဖာဒီနန် 

ရီယို ဖာဒီနန်က ဂျိမ်းစ် ဝါ့ဒ်ပရောက်စ်နဲ့ အခြားကစားသမားတွေလိုသာ ဂါးရတ် ဆောက်ဂိတ်ရဲ့ လစ်လျူရှုခြင်းကို ဆက်ခံရဦးမယ် ဆိုရင် အင်္ဂလန် လက်ရွေးစင် အသင်း ကနေ အနားယူလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။ 

ဆောက်ဂိတ်က ယူကရိန်းနဲ့ ကစားရမယ့် ယူရို ၂၀၂၄ ခြေစစ်ပွဲနဲ့ ပြီးခဲ့တဲ့အပတ် စကော့တလန်နဲ့ ခြေစမ်းပွဲ အတွက် အင်္ဂလန် လက်ရွေးစင် လူစာရင်းကို ကြေညာခဲ့တာ ဖြစ်ပြီး ပုံမှန်အတိုင်း အမြင်ကွဲပြားမှုတွေ ဖြစ်ခဲ့တာဖြစ်ပါတယ်။ 

အများစုဟာ ပွဲကစားချိန် မရခဲ့ကြတဲ့ ဟယ်ရီ မက်ဂွိုင်းယားနဲ့ ကယ်လ်ဗင် ဖီးလစ်တို့ ပါဝင်လာမှုကြောင့် သဘောမကျဖြစ်ခဲ့တာ ဖြစ်ပြီး ဒီကစားသမား ၂ ဦးကြောင့် ဝက်စ်ဟမ်း ကြယ်ပွင့်တွေ ဖြစ်တဲ့ ဝါ့ဒ်-ပရောက်စ်နဲ့ ဂျားရော့ဒ် ဘိုဝင် တို့လို ယခုရာသီကို တောက်ပတဲ့ ပုံစံနဲ့ စတင်နိုင်ခဲ့တဲ့ ကစားသမားတွေက ပါဝင်နိုင်ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန် လက်ရွေးစင် နောက်ခံကစားသမားဟောင်း ရီယို ဖာဒီနန်က ဆောက်ဂိတ်က ဘာကြောင့် ပုံမှန် ခြေစွမ်းမပြသနိုင်ခဲ့တဲ့ ကစားသမားတွေကို ရွေးချယ်ခဲ့တာလဲ ဆိုတာ မသိဘူးလို့ ဝေဖန်ခဲ့ပါတယ်။ 

ဂျိမ်းစ် ဝ့ါဒ်ပရောက်စ် တို့က အခြားလူငယ်ကစားသမား ဖြစ်တဲ့ ကစားသမားတွေက ဘယ်လိုဖြစ်ပြီး လစ်လျူရှုခံခဲ့ရတာလဲ ဆိုပြီး အံ့အားသင့်ခဲ့ကြမှာ ဖြစ်ပြီး မက်ဂွိုင်းယားနဲ့ ဖိလစ်ပ်စ် တို့လို ကစားသမားတွေကို ဆက်သုံးနေမယ် ဆိုရင် ၎င်းသာဆိုရင် အနားယူမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ 


ဆုံးဖြတ်ချက် မှားယွင်းခဲ့တယ်လို့ ပြစ်တင်ခံခဲ့ရတဲ့ လစ်ဗာပူးလ် ကြယ်ပွင့် 

ဂရာဗင်ဘာ့ချ်ဟာ အပြောင်းအရွှေ့ စျေးကွက် နောက်ဆုံးနေ့မှာ ပေါင် ၃၄ သန်းနဲ့ ဘေယန်မြူးနစ် ကနေ ပရီးမီးယားလိဂ် ကလပ်ကို ပြောင်းရွှေ့လာခဲ့တာပါ။
နယ်သာလန် နည်းပြတွေရဲ့ ပြစ်တင် ဝေဖန်ခြင်းခံနေရတဲ့ ဂရာဗင်ဘော့ချ်

လစ်ဗာပူးလ် ကစားသမားသစ် ရိုင်ယန် ဂရာဗင်ဘာ့ချ်ဟာ ဒတ်ချ်ယူ-၂၁ အသင်းရဲ့ ခေါ်ယူမှုကို ငြင်းပယ်ခဲ့တဲ့ အတွက် နယ်သာလန် နည်းပြတွေရဲ့ ပြစ်တင်ဝေဖန်ခြင်း ခံခဲ့ရပါတယ်။ ဂရာဗင်ဘာ့ချ်ဟာ အပြောင်းအရွှေ့ စျေးကွက် နောက်ဆုံးနေ့မှာ ပေါင် ၃၄ သန်းနဲ့ ဘေယန်မြူးနစ် ကနေ ပရီးမီးယားလိဂ် ကလပ်ကို ပြောင်းရွှေ့လာခဲ့တာပါ။

အသက် ၂၁ နှစ်အရွယ် ကစားသမားဟာ နယ်သာလန် ယူ-၂၁ အတွက် ကစားပေးဖို့ အခွင့်အရေးကို ငြင်းပယ်ခဲ့တာကြောင့် လစ်ဗာပူးလ် အတွက် ပွဲဦးမထွက်ခင် စက်တင်ဘာ နိုင်ငံတကာ ပွဲစဉ် အားလပ်ရက် အတွင်းမှာ ကောင်းကောင်း အနားယူနိုင်တော့မှာ ဖြစ်ပါတယ်။ 

ဒီဆုံးဖြတ်ချက်ဟာ ယူ-၂၁ နည်းပြ မိုက်ကယ် ရိုင်ဇီဂါနဲ့ လက်ရွေးစင် နည်းပြ ရော်နယ် ကိုးမန်းတို့ကို ဒေါသထွက်စေခဲ့ပါတယ်။ ဒါကြောင့် မဝေးလှတဲ့ အနာဂတ်မှာ နယ်သာလန် လက်ရွေးစင် အသင်း အတွက် ကစားပေးနိုင်မယ့် အခွင့်အရေးကို ထိခိုက်စေတော့မှာ ဖြစ်ပါတယ်။ ကိုးမန်းဟာ ဂရာဗင်ဘာ့ချ်ကို လာမယ့် လက်ရွေးစင် လူစာရင်းတွေမှာ ချန်လှပ်သွားနိုင်ပြီး တနင်္လာနေ့က သတင်းစာ ရှင်းလင်းပွဲမှာ လစ်ဗာပူးလ် ကြယ်ပွင့်ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး မပျော်ရွှင်ဘူးလို့ ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်