နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းများ (ပရီးမီးယားလိဂ်)

အခုတစ်ခါ မှာတော့ မေလ ၂၉ ရက်နေ့ အထိ နောက်ဆုံး ရရှိထားတဲ့ ပရီးမီးယားလိဂ် ထိပ်သီး အသင်းတွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို စုစည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ချိခ်ဒူကိုရေး ကို မျက်စိကျနေပြန်တဲ့ အာဆင်နယ်

လန်းစ် ကွင်းလယ် ကစားသမား ချိခ် ဒူကိုရေးကို စိတ်ဝင်စားနေတဲ့ ပရီးမီးယားလိဂ် ကလပ်တွေထဲမှာ အာဆင်နယ် အသင်းပါ ပါဝင်လာခဲ့ပြီလို့ Mirror က ဖော်ပြပါတယ်။ အသက် ၂၂ နှစ် အရွယ် မာလီ လက်ရွေးစင်ဟာ လာမယ့် နွေရာသီမှာ လီဂူးဝမ်း ကလပ် ကနေ ထွက်ခွာမယ်လို့ သတင်းကြီးနေသူ ဖြစ်ပြီး ဘရိုက်တန်၊ ခရစ္စတယ်ပဲလေ့စ်၊ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်နဲ့ အဲဗာတန် တို့ရဲ့ စိတ်ဝင်စားခြင်း ခံနေရသူ ဖြစ်ပါတယ်။ လန်းစ် အသင်း ကတော့ ချိခ် ဒူကိုရေး အတွက် အနည်းဆုံး ပေါင် ၁၈ သန်းလောက် အလိုရှိနေတယ်လို့ သိရပါတယ်။


ရစ်ချာလီဆင်ကို စိတ်ဝင်စားနေတဲ့ စပါး၊ ပီအက်စ်ဂျီနဲ့ ရီးရဲယ်မက်ဒရစ်

ယူအီးအက်ဖ်အေ နေးရှင်းလိဂ်
ချက်သမ္မတနိုင်ငံ
ဆွစ်ဇာလန်
ပထမပိုင်း 1X2 ချက်သမ္မတနိုင်ငံ @ 3.80
ဆွစ်ဇာလန် အာရှ ဟန်းဒီးကပ် -0.25 @ 2.09
ဂိုးပေါ် 2.50 @ 2.25
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အဲဗာတန် အသင်းရဲ့ တိုက်စစ်မှူး ရစ်ချာလီဆင် ကိုတော့ တော့တင်ဟမ်ဟော့စပါး၊ ရီးရဲယ်မက်ဒရစ်နဲ့ ပီအက်စ်ဂျီ ၃ သင်း အပြိုင် စိတ်ဝင်စားနေတယ်လို့ Daily Mail ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ အသက် ၂၅ နှစ် အရွယ် ဘရာဇီးလ် တိုက်စစ်မှူးဟာ အဲဗာတန်နဲ့ စာချုပ်သက်တမ်း ၂ နှစ် ကျန်ရှိနေသူ ဖြစ်ပါတယ်။ တချို့ သတင်းတွေ မှာတော့ အဲဗာတန် အသင်းဟာ လာမယ့် နွေရာသီမှာ ကစားသမား အင်အား ဖြည့်တင်းဖို့ ငွေကြေး လိုအပ်ချက် ရှိနေတာကြောင့် ရစ်ချာလီဆင်ကို တန်ကြေး တစ်ရပ်နဲ့ ရောင်းချသွားဖွယ် ရှိနေတယ်လို့လည်း ဖော်ပြနေကြပါတယ်။ ရစ်ချာလီဆင် ကတော့ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သတ်လို့ တရားဝင် ထုတ်ဖော် ပြောကြားထားခြင်း မရှိသေးပေမယ့် ချန်ပီယံလိဂ် ကစားခွင့်ရတဲ့ အသင်း တစ်သင်းကို ပြောင်းရွှေ့လိုနေတယ်လို့တော့ သတင်းတွေ ထွက်နေပါတယ်။ မကြာသေးတဲ့ အချိန်က ကွန်တီ အနေနဲ့ စပါးမှာ ဆက်ရှိနေမယ်လို့ အတည်ပြုထားခဲ့သလို ချန်ပီယံလိဂ် လည်း ကစားဖို့ ရှိနေတာကြောင့် နွေရာသီ အပြောင်းအရွှေ့မှာ မဖြစ်မနေ ကစားသမား အင်အား ဖြည့်တင်းမှုတွေ ပြုလုပ်သွားဖို့ စီစဉ်နေခဲ့တာ ဖြစ်ပါတယ်။


ဆာလာ နေရာမှာ အန်ကွန်ကူနဲ့ အစားထိုးဖို့ ရည်ရွယ်နေတဲ့ လစ်ဗာပူးလ်

လစ်ဗာပူးလ် အသင်း ကတော့ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုရှင် တိုက်စစ်မှူး မိုဟာမက် ဆာလာ နေရာမှာ လိုက်ပ်ဇစ် ကြယ်ပွင့် ခရစ္စတိုဖာ အန်ကွန်ကူနဲ့ ရေရှည် အစားထိုးဖို့ ရည်ရွယ်နေတယ်လို့ သိရပါတယ်။ လစ်ဗာပူးလ် တာဝန်ရှိသူတွေ ကတော့ ဆာလာကို ၂၀၂၃ ခုနှစ် အကုန်ထိ အသင်းမှာ ဆက်ရှိနေဖို့ မျှော်လင့်နေပေမယ့် အကယ်၍ အကြောင်းကြောင်းကြောင့် ဆာလာ ထွက်ခွာသွားခဲ့ရင် ပြင်သစ် တိုက်စစ်မှူးနဲ့ အစားထိုးနိုင်ဖို့ ကြိုတင် ပြင်ဆင်နေတာ ဖြစ်နိုင်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ဆာလာ ကိုယ်တိုင်က အန်ဖီးလ်မှာ နောက်တစ်ရာသီ ဆက်ရှိနေမယ်လို့ တရားဝင် ထုတ်ဖော်ကြားထားပေမယ့် ရေရှည် အတွက် ဆိုရင်တော့ လစ်ဗာပူးလ်တို့ တိုက်စစ်မှူး တစ်ဦး မဖြစ်မနေ ဖြည့်တင်းဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ အန်ကွန်ကူဟာ အခုနှစ် ဘောလုံးရာသီမှာ လိုက်ပ်ဇစ် အတွက် ၅၂ ပွဲ ကစားပေးထားပြီး ၃၅ ဂိုး အထိ သွင်းပေးထားသူ ဖြစ်ပါတယ်။


ကူကာရယ်လာ အတွက် ပေါင် ၄၅ သန်းနီးပါး ပေးချေရဖွယ် ရှိနေတဲ့ ချဲလ်ဆီး

ဒါ့အပြင် ချဲလ်ဆီးတို့ အသက် ၂၃ နှစ် အရွယ် စပိန် ဘယ်နောက်ခံလူကို ခေါ်ယူဖို့ အတွက် ပရီးမီးယားလိဂ် ပြိုင်ဘက်တွေ ဖြစ်တဲ့ မန်စီးတီး၊ စပါး တို့နဲ့ အပြိုင် ကြိုးပမ်းရဖို့ ရှိနေပါတယ်။
မားကို့စ် အလွန်ဆို နေရာမှာ ကူကာရယ်လာနဲ့ အစားထိုးဖို့ ပြင်ဆင်နေတဲ့ ချဲလ်ဆီး

ချဲလ်ဆီး အနေနဲ့ ဘရိုက်တန် ဘယ်နောက်ခံလူ ကူကာရယ်လာကို ခေါ်ယူဖို့ အတွက် ဆိုရင် အနည်းဆုံး ပေါင် ၄၅ သန်းလောက် အသုံးပြုရဖွယ် ရှိနေတယ်လို့ နာမည်ကြီး The Sun မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ချဲလ်ဆီးတို့ အသက် ၂၃ နှစ် အရွယ် စပိန် ဘယ်နောက်ခံလူကို ခေါ်ယူဖို့ အတွက် ပရီးမီးယားလိဂ် ပြိုင်ဘက်တွေ ဖြစ်တဲ့ မန်စီးတီး၊ စပါး တို့နဲ့ အပြိုင် ကြိုးပမ်းရဖို့ ရှိနေပါတယ်။ ကူကာရယ်လာ ဟာ ပြီးခဲ့တဲ့ ရာသီ ကမှ ဂီတာဖေး ကနေ ပေါင် ၁၅.၄ သန်းနဲ့ ဘရိုက်တန် အသင်းထံ ပြောင်းရွှေ့လာခဲ့တဲ့ ကစားသမား ဖြစ်ပြီး သူ့ရဲ့ ပရီးမီးယားလိဂ် ပွဲဦးထွက်ရာသီ မှာတင်ပဲ ခြေစွမ်းကောင်းတွေ ပြသထားနိုင်သူ ဖြစ်ပါတယ်။ ကူကာရယ်လာဟာ မကြာသေးခင်ကပဲ ဘရိုက်တန် ကနေ ထွက်ခွာလိုကြောင်း အရိပ်အမြွက်ပြထားခဲ့ပြီး သတင်းတွေအရ ဆိုရင်တော့ ချဲလ်ဆီးတို့ စပါးနဲ့ အပြိုင်လုရမယ့် အခြေအနေမှာ ရှိပါတယ်။


ဒီယောင် မရရင် ကိုနေး ကို ခေါ်မယ့် ယူနိုက်တက်

မန်ချက်စတာယူနိုက်တက် အသင်းဟာ ဘာစီလိုနာက ဖရန်ကီ ဒီယောင်ကို ခေါ်ယူနိုင်ဖို့ လက်မလျှော့သေးပေမယ့် မိုချင်ဂလတ်ဘတ် ကြယ်ပွင့် ကူအာဒီယို ကိုနေး ကိုလည်း ပစ်မှတ်ထားနေတယ်လို့ L’Equipe ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ အသက် ၂၁ အရွယ် ပြင်သစ် ကွင်းလယ် ကြယ်ပွင့် ကိုနေးဟာ ဗဟို ကွင်းလယ်မှာ သာမက ကွင်းလယ် ခံစစ် နေရာမှာ ကစားနိုင်သူ ဖြစ်ပြီး ဥရောပ ထိပ်သီး ကလပ် အများစုရဲ့ မျက်စိကျခြင်း ခံနေရသူလည်း ဖြစ်ပါတယ်။ ယူနိုက်တက် အနေနဲ့ အနာဂတ် မသေချာတဲ့ ပေါ့ဘာ နေရာမှာ ရေရှည် အစားထိုးဖို့ အရည်အသွေး ပြည့်ဝတဲ့ ကွင်းလယ်လူ တစ်ဦး အပူတပြင်း ရှာဖွေနေတာ ဖြစ်ပြီး ဖရန်ကီ ဒီယောင်ကို မရရင် ကိုနေးကို အရခေါ်ဖို့ ကြိုးပမ်းဖွယ် ရှိနေတယ်လို့ သိရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်