နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းများ (ပရီးမီးယားလိဂ်)

အခုတစ်ခါ မှာတော့ မေလ ၂၅ ရက်နေ့ အထိ နောက်ဆုံး ရရှိထားတဲ့ ပရီးမီးယားလိဂ် ထိပ်သီး အသင်းတွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို စုစည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ပါအူ တောရက်စ်ကို မရရတဲ့ နည်းနဲ့ ခေါ်ချင်နေတဲ့ တန်ဟက်ဂ်

မန်ချက်စတာယူနိုက်တက် အသင်း နည်းပြ တန်ဟက်ဂ် ကတော့ ဗီလာရီးရဲယ် ဗဟိုခံစစ် ကစားသမား ပါအူ တောရက်စ်ကို မရရတဲ့နည်းနဲ့ ခေါ်ယူချင်နေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြနေပါတယ်။ တန်ဟက်ဂ် အနေနဲ့ ခံစစ်ကနေ တိုက်စစ် အထိ သက်တောင့်သက်သာ လိုက်ပါ ကစားနိုင်တဲ့ ခံစစ်မှူး တစ်ဦးကို အလိုရှိနေတာ ဖြစ်ပြီး တောရက်စ်ဟာ တန်ဟက်ဂ် လိုချင်နေတဲ့ အရည်အချင်းတွေနဲ့ ပြည့်စုံနေတာကြောင့် ယူနိုက်တက် တာဝန်ရှိသူတွေ ကလည်း အရခေါ်ယူပေးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ပရီးမီးယားလိဂ် ထိပ်သီး ကတော့ အသက် ၂၅ နှစ် အရွယ် စပိန်သား အတွက် ပေါင် ၄၃ သန်းအထိ အသုံးပြုသွားဖို့ ရှိနေပြီး တောရက်စ်ရဲ့ အေးဂျင့် ကတော့ အခုတစ်ပတ် အတွင်းမှာပဲ မန်ချက်စတာကို သွားပြီး ဆွေးနွေးမှုတွေ စတင်ပြုလုပ်သွားမယ်လို့လည်း ဖော်ပြနေကြပါတယ်။ တောရက်စ်ဟာ အရပ် ၆ ပေ ၃ လက်မ ရှိပြီး အမြင့်ဘောတွေ အတွက် အားကိုးရသူ ဖြစ်ပြီး ခံစစ် အတွက်လည်း စိတ်ချရတဲ့ ကစားသမား ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အဓိက ပြိုင်ဘက် မန်ချက်စတာစီးတီး အသင်းဟာ တိုက်စစ် အတွက် နော်ဝေ ကြယ်ပွင့် အာလင်းဟာလန်းနဲ့ အားဖြည့်ထားနိုင်ပြီ ဖြစ်တာကြောင့် လစ်ဗာပူးလ် ဟာလည်း တိုက်စစ်မှူး တစ်ဦး မဖြစ်မနေ လိုအပ်နေတယ်လို့ ဒေးဗစ် ဂျိမ်းစ်က ယူဆနေတာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးကို အသာရရေး လစ်ဗာပူးလ်ကို တိုက်စစ် အင်အား ဖြည့်တင်းစေလိုတဲ့ ဒေးဗစ် ဂျိမ်းစ်

မန်ချက်စတာယူနိုက်တက်ဟာ ပါအူ တောရက်စ်ကို ပြီးခဲ့တဲ့ နွေရာသီ ကတည်းက ခေါ်ယူလိုခဲ့ပေမယ့် ကစားသမားရဲ့ ငြင်းဆန်ခြင်း ခံထားခဲ့ရတာ ဖြစ်ပါတယ်။ သတင်းတွေ အရ ဆိုရင်တော့ ဗီလာရီးရဲယ် အသင်းဟာ ဘဏ္ဏာရေး အကြပ်အတည်းနဲ့ ရင်ဆိုင်နေရတာကြောင့် သင့်တော်တဲ့ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းလာခဲ့ရင်တော့ ရောင်းထုတ်သွားမယ်လို့ သိရပြီး တောရက်စ်ရဲ့ စာချုပ်ဖျက်သိမ်းကြေး ကတော့ ပေါင်သန်း ၅၀ ဖြစ်ပါတယ်။ တောရက်စ်ကို ယူနိုက်တက် အပြင် ရီးရဲယ်မက်ဒရစ် အသင်းကလည်း စိတ်ဝင်စားနေတာကြောင့် တန်ဟက်ဂ် အနေနဲ့ လက်ဦးမှု ရယူလိုနေတာ ဖြစ်ပြီး အကယ်၍ ဒီကစားသမားသာ ရောက်ရှိလာခဲ့ရင်တော့ မက်ဂွိုင်းယား နေရာ ပျောက်သွားနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။ ဒါ့အပြင် ယူနိုက်တက် အနေနဲ့ တန်ဟငက်ဂ်ရဲ့ အသင်းဟောင်း အေဂျက်စ် ဆီက တင်ဘာ ကို ခေါ်ယူဖို့လည်း ချဉ်းကပ်နေတယ်လို့ သိရပါတယ်။


နွေရာသီ အပြောင်းအရွှေ့မှာ ပေါင်သန်း ၁၅၀ သုံးဖို့ ရှိနေတဲ့ အာဆင်နယ်

အာဆင်နယ် ကတော့ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ကစားသမား ခေါ်ယူရေး အတွက် ပေါင် သန်း ၁၅၀ အသုံးပြုသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကစားသမား ရောင်းထုတ်လို့ ရတဲ့ ငွေကြေး တစ်ရပ်ကိုပါ အာတေးတား အနေနဲ့ အသုံးပြုခွင့် ရထားတယ်လို့လည်း သတင်းတွေက ဖော်ပြပါတယ်။ ဂန်းနားတို့ အနေနဲ့ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ နီးစပ်ခဲ့ပေမယ့် ယူရိုပါလိဂ်နဲ့ပဲ ကျေနပ်ခဲ့ရတာကြောင့် လာမယ့် ရာသီမှာတော့ ဝေးကွာနေတဲ့ ချန်ပီယံလိဂ် ဝင်ခွင့် ပြန်ရဖို့ အတွက် ပြင်ဆင်မှုတွေ ဆက်လက် ပြုလုပ်သွားဖို့ ရှိနေတာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ အထောင်တိုက်စစ်မှူး တစ်ဦး မဖြစ်မနေ ခေါ်ယူဖို့ ပြင်ဆင်နေပြီး လက်တလော ပစ်မှတ် ကစားသမားတွေ ထဲမှာ မန်ချက်စတာစီးတီးက ဂါဘရီရယ် ဂျီဆုစ်၊ နာပိုလီက ဗစ်တာ အော့ဆီမန်နဲ့ ရစ်ချာလီဆင် တို့ ပါဝင်နေတယ်လို့ သိရပါတယ်။ လက်တလော မှာတော့ ယူရိုပါလိဂ် ကစားရလည်း ဖြစ်တယ် ဆိုတဲ့ ယူရီ တေးလီမန့်စ်ကို ပေါင် ၂၅ သန်းနဲ့ စတင် ကမ်းလှမ်းဖို့ ပြင်ဆင်ထားပြီး လက်စတာစီးတီး ဘက်ကတော့ ပေါင်သန်း ၃၀ လောက်ရရင် ရောင်းထုတ်သွားဖွယ် ရှိနေပါတယ်။

ခရစ္စတယ်ပဲလေ့စ် နည်းပြ ပက်ထရစ် ဗီအဲရာရဲ့ ပစ်မှတ်ကစားသမား ဖြစ်တဲ့ အန်ကတ်တီးယား ကတော့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့်အချိန် အသင်း ကနေ ထွက်ခွာဖို့ များနေပြီး ဘယ်လာရင် ကလည်း ဘက်တစ်မှာ ဆက်ကစားလိုကြောင်း ထုတ်ဖော် ပြောကြားထားပါတယ်။ ဒါ့အပြင် မီခယ် အာတေးတား အနေနဲ့ မာဆေးလ် အသင်းထံ အငှားချထားတဲ့ ဝီလျံ ဆယ်လီဘာကို ပြန်လည် ခေါ်ယူလိုနေပေမယ့် ဆယ်လီဘာ ဘက်ကတော့ မာဆေးလ်နဲ့ အတူ ချန်ပီယံလိဂ် ကစားလိုတာကြောင့် ပြင်သစ်မှာပဲ ဆက်ကစားခွင့်ရဖို့ တောင်းဆိုထားခဲ့ပါတယ်။ နောက်ခံလူ ဂါဘရီရယ် မန်ဂါလက်စ် ကိုတော့ ဂျူဗင်တပ်စ် အသင်းက မျက်စိကျနေပြီး အာတူ မယ်လိုနဲ့ အလိုက်ပေး ကမ်းလှမ်းဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ဒါပေမယ့် ကစားသမား ကိုယ်တိုင်က ပရီးမီးယားလိဂ် မှာပဲ ပျော်ရွှင်နေသလို အာဆင်နယ် တာဝန်ရှိသူတွေ ကလည်း ဂါဘရီရယ်ဟာ ရောင်းရန် မဟုတ် ဆိုပြီး ပြတ်ပြတ်သားသား သတ်မှတ်ထားခဲ့ပါတယ်။ လက်တလော မှာတော့ အီဂျစ် ကွင်းလယ်လူ မိုဟာမက် အဲလ်နန်နီနဲ့ ၂၀၂၃ ခုနှစ် အထိ စာချုပ်သစ် ချုပ်ဆိုထားနိုင်ခဲ့ပြီး နောက်ထပ် တစ်ရာသီ သက်တမ်းတိုးခွင့်လည်း ပါဝင်တယ်လို့ သိရပါတယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
လီဗာပူးလ်
ရီးယဲလ်မက်ဒရစ်
1X2 သရေ (Draw) @ 3.40
ဂိုးပေါ် 2.50 @ 1.75
ဂိုးပေါင်း 2-3 @ 1.91
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အခွင့်အရေးရရင် လီဝီကို အန်ဖီးလ်ဆီ ခေါ်ယူချင်တယ်လို့ ဆိုလာတဲ့ ဂိုးသမားဟောင်း ဒေးဗစ်ဂျိမ်းစ်

ဂျာဂျင် ကလော့ပ် အနေနဲ့ ဘေယန်မြူးနစ် အသင်းရဲ့ ဂိုးသွင်းစက် ရောဘတ်လီဝမ်ဒေါစကီးကို ခေါ်ယူဖို့ မသေချာပေမယ့် သူ့အနေနဲ့ အခွင့်အရေး ရမယ် ဆိုရင်တော့ ပိုလန် တိုက်စစ်မှူးကို အန်ဖီးလ်ဆီ ခေါ်ယူချင်တယ်လို့ လစ်ဗာပူးလ် ဂိုးသမားဟောင်း ဒေးဗစ် ဂျိမ်းစ်က ပြောကြားလိုက်ပါတယ်။ ရောဘတ်လီဝမ်ဒေါစကီး ကတော့ စာချုပ်သက်တမ်း ကုန်ရင် ဘေယန်မြူးနစ် ကနေ ထွက်ခွာဖို့ အတည်ပြုထားသူ ဖြစ်ပြီး ဥရောပ ထိပ်သီးအသင်း အများစုရဲ့ စိတ်ဝင်စားခြင်း ခံနေရသူ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အဓိက ပြိုင်ဘက် မန်ချက်စတာစီးတီး အသင်းဟာ တိုက်စစ် အတွက် နော်ဝေကြယ်ပွင့် အာလင်းဟာလန်းနဲ့ အားဖြည့်ထားနိုင်ပြီ ဖြစ်တာကြောင့် လစ်ဗာပူးလ် ဟာလည်း တိုက်စစ်မှူး တစ်ဦး မဖြစ်မနေ လိုအပ်နေတယ်လို့ ဒေးဗစ် ဂျိမ်းစ်က ယူဆနေတာ ဖြစ်ပါတယ်။ လက်ရှိ အချိန်ထိ ကလော့ပ်ရဲ့ အသင်း ကတော့ နွေရာသီ အပြောင်းအရွှေ့နဲ့ ပတ်သတ်လို့ အသံတိတ်နေဆဲ ဖြစ်ပြီး အသင်းမှာ မာနေး၊ ဆာလာ၊ ဂျိုတာ တို့ အပြင် လူးဝစ် ဒီးရာ့ဇ်လည်း ရှိနေတာကြောင့် တိုက်စစ်ပိုင်း အားဖြည့်ဖို့တော့ ရာခိုင်နှုန်း နည်းနေပါတယ်။ တချို့ သတင်းတွေ မှာတော့ လစ်ဗာပူးလ်တို့ မိုနာကို ကွင်းလယ် ကြယ်ပွင့် ချူအာမန်နီကို ရီးရဲယ်မက်ဒရစ်နဲ့ အပြိုင်ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် ပြင်သစ် ကစားသမား ကတော့ ပေါင် ၆၈ သန်းနဲ့ စပိန် ထိပ်သီး အသင်းဆီ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိသွားပြီ ဖြစ်ကြောင်း သိရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်