နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် အပါအဝင် ဥရောပ ထိပ်တန်းလိဂ်တွေရဲ့ စိတ်ဝင်စားစရာ အပြောင်းအရွှေ့ သတင်းများ (၂)

countdown banner

ပရီးမီးယားလိဂ် အပါအဝင် ဥရောပ ထိပ်သီး ကလပ်တွေရဲ့ နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းတွေကို ဆက်လက် ဖော်ပြပေးသွားဦးမှာပါ။

ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် အသင်းဟာ တိုက်စစ်မှူး ဒါဝင် နူညက်ဇ် အတွက် ပြောင်းရွှေ့ကြေးကို ပေါင် ၇၃ သန်းကျော် အလိုရှိနေတယ်လို့ သိရပါတယ်။ လက်ရှိမှာ ကစားသမားရဲ့ အေးဂျင့် ဖြစ််တဲ့ ဂျော့ဂျ် မန်းဒက်စ်က ဘာစီလိုနာ အသင်းထံ ပြောင်းရွှေ့ဖို့ ချိတ်ဆက်နေပါတယ်။ မန်းဒက်စ်ဟာ ဘာဆာ ဥက္ကဌ ယိုအန် လာပေါ်တာနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိသူလည်း ဖြစ်တာကြောင့် အပြောင်းအရွှေ့ ဖြစ်နိုင်ဖွယ် ရှိတယ်လို့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

လစ်ဗာပူးလ် အသင်းဟာ အာဆင်နယ်၊ ဘရန့်ဖို့ဒ်နှင့် ဒေါ့မန် တို့က စိတ်ဝင်စားနေတဲ့ ပီအက်စ်ဗွီ အင်ဟိုဗင် တောင်ပံကစားသမား ဂျိုဟန် ဘာကာယိုကို ခေါ်ယူချင်နေတဲ့ အသင်းတွေထဲ ပါဝင်လာခဲ့ပြီ ဖြစ်ပါတယ်။

ဂျူဗင်တပ်စ် အသင်းဟာ မန်ချက်စတာယူနိုက်တက်ရဲ့ ပစ်မှတ် ဖြစ်တဲ့ နောက်ခံလူ ဂလိုက်ဆင် ဘရီမာကို ပေါင် ၅၂ သန်းနဲ့ လက်လွှတ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ တစ်ဖက်မှာလည်း ဂျူဗီက စီးရီးအေ ပြိုင်ဘက် ဘိုလော့ဂ်နာရဲ့ ဗဟိုခံစစ်မှူး ရီကာဒို ကာလာဖီအိုရီကို ခေါ်ယူဖို့ ကြိုးပမ်းနေပြီလို့ သိရပါတယ်။

တစ်ဆက်တည်းမှာပဲ မန်ချက်စတာယူနိုက်တက်ဟာ ကွင်းလယ် ခံစစ်ကစားသမား ကက်စ်မဲရိုးရဲ့ နေရာမှာ အစားထိုးဖို့ အတွက် ဘင်ဖီကာက ယာအို နီးဗက်စ်ကို ခေါ်ယူတော့မှာ ဖြစ်ပါတယ်။ ဒါက ယူနိုက်တက် အတွက် နွေရာသီ အပြောင်းအရွှေ့ရဲ့ ပထမဦးဆုံး ကစားသမားသစ် ခေါ်ယူမှု ဖြစ်လာနိုင်ပါတယ်။

နာပိုလီ တိုက်စစ်မှူး ဗစ်တာ အိုဆင်မ်ဟန်ဟာ ပီအက်စ်ဂျီ ကို ပြောင်းရွှေ့ဖို့ထက် ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် သို့မဟုတ် ချဲလ်ဆီးသို့ ပြောင်းရွှေ့ဖို့ပဲ ပိုပြီး အာရုံစိုက်နေတယ်လို့ သိရပါတယ်။
အိုဆင်မ်ဟန်ကို ခေါ်ယူချင်နေတဲ့ အာဆင်နယ်နဲ့ ချဲလ်ဆီး

နောက်ထပ် ပရီးမီးယားလိဂ် ထိပ်သီး ကလပ် ဖြစ်တဲ့ အာဆင်နယ်က အသက် ၁၈ နှစ် အရွယ် အေဂျက်စ် ဗဟိုနောက်ခံလူ ဂျော်ရယ်လ် ဟာတိုကို ယခုနွေရာသီမှာ အရခေါ်ယူချင်နေတယ်လို့ သိရပါတယ်။ ဆက်လက်ပြီး အာဆင်နယ်က အဲဗာတန် ဂိုးသမား ဂျော်ဒန် ပစ်ခ်ဖို့ဒ်ကို ချဲလ်ဆီး အသင်းနဲ့ အပြိုင် ခေါ်ယူချင်နေပြီး အာရွန် ရမ်းစ်ဒေးလ်ရဲ့ နေရာမှာ အစားထိုးဖို့ စဉ်းစားနေပါတယ်။

တစ်ဖက်မှာလည်း ချဲလ်ဆီးက ရာသီအကုန်မှာ အက်စတွန်ဗီလာ ဂိုးသမား အီမီလီယာနို မာတီနက်ဇ်ကို ခေါ်ယူနိုင်ဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။

လက်ရှိ ဂီရိုနာမှာ အငှားထွက် ကစားနေတဲ့ မန်စီးတီး ညာနောက်ခံလူ ရန် ကူတို ကတော့ လေဗာကူဆင်၊ ဂျူဗင်တပ်စ်နဲ့ ပရီးမီးယားလိဂ် ကလပ် အသင်းများစွာရဲ့ ပစ်မှတ် ဖြစ်နေတယ်လို့ သိရပါတယ်။

ဝက်စ်ဟမ်း ကွင်းလယ်လူ လူးကပ်စ် ပက်ကေးတား အနေနဲ့ လောင်းကစား ကိစ္စကြောင့် စုံစမ်းစစ်ဆေးမှု ခံရဖွယ် ရှိနေပါတယ်။ ဒါကြောင့် ဒီကိစ္စနဲ့ ပတ်သတ်လို့ မကြာခင် အချိန်အတွင်‌ေ အဖြေမပေါ်ရင် မန်စီးတီး ဘက်က ဘရာဇီးလ် လက်ရွေးစင် ကစားသမား အပေါ် စိတ်ဝင်စားမှုတွေ အဆုံးသတ်သွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။

ဝက်စ်ဟမ်း ကတော့ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ဟိုဆေးလူကို အငှားနဲ့ ခေါ်ယူချင်နေတယ်လို့ သိရပြီး ဒါဟာ နည်းပြသစ် လိုပက်တက်ဂီရဲ့ ပထမဦးဆုံး ကစားသမားသစ် ခေါ်ယူမှု ဖြစ်လာနိုင်ပါတယ်။

နာပိုလီ တိုက်စစ်မှူး ဗစ်တာ အိုဆင်မ်ဟန်ဟာ ပီအက်စ်ဂျီ ကို ပြောင်းရွှေ့ဖို့ထက် ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် သို့မဟုတ် ချဲလ်ဆီးသို့ ပြောင်းရွှေ့ဖို့ပဲ ပိုပြီး အာရုံစိုက်နေတယ်လို့ သိရပါတယ်။

ဘွန်ဒက်စ်လီဂါမှာ ခြေစွမ်းပြနေတဲ့ ဇာဗီ ဆီမွန်ဟာ အခုနွေရာသီမှာ လိုက်ပ်ဇစ်နဲ့ အငှားစာချုပ် သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပေမယ့် ပီအက်စ်ဂျီကို ပြန်လိုခြင်း မရှိဘူးလို့ သိရပါတယ်။ ဒါကြောင့် ကလပ် နှစ်ခု အကြား အမြဲတမ်း သဘောတူညီမှု ရဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပေမယ့်လည်း အင်္ဂလိပ် အသင်း အများအပြားက စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ တချို့ သတင်းတွေမှာလည်း ပီအက်စ်ဂျီက ဆီမွန်ကို နောက်ထပ် အငှားနဲ့ စေလွှတ်ဖို့ မျှော်လင့်နေပေမယ့် ဘာစီလိုနာ အသင်းထံ ပြန်လည် ရောင်းချသွားမှာတော့ မဟုတ်ဘူးလို့ သိရပါတယ်။

စီးရီးအေ ကလပ် အေစီမီလန် ကတော့ တော့တင်ဟမ်ဟော့စပါး ကနေ ရောင်းထုတ်ဖို့ ရှိနေတဲ့ ညာနောက်ခံလူ အီမာဆန် ရွိုင်ရယ်ကို အလိုရှိနေပါတယ်။ ဒီကစားသမား အတွက် အေစီမီလန်က ယူရို သန်း ၃၀ အသုံးပြုရဖို့ ရှိနေပါတယ်။

နောက်ထပ် သတင်းတွေ မှာတော့ ဘာစီလိုနာ အသင်းဟာ အသက် ၂၇ နှစ် အရွယ် ပေါ်တို ကြယ်ပွင့် ပီပီကို ခေါ်ယူပြီး သူတို့ရဲ့ တောင်ပံကို အားဖြည့်ဖို့ အလိုရှိနေပါတယ်။ ရီးယဲလ်မက်ဒရစ်ဟာ အက်စ်ပန်ညို ကနေ အငှားနဲ့ ခေါ်ယူထားတဲ့ တိုက်စစ်မှူး ဟိုဆေးလူကို တစ်နှစ် စာချုပ်နဲ့ ကမ်းလှမ်းဖို့ အသင့်ရှိနေတယ်လို့ သိပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်