နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် အပါအဝင် ဥရောပ ထိပ်တန်းလိဂ်တွေရဲ့ စိတ်ဝင်စားစရာ အပြောင်းအရွှေ့ သတင်းများ

countdown banner

အခုဆက်လက်ပြီး ပရီးမီးယားလိဂ် အပါအဝင် ဥရောပ ထိပ်သီး ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ရဲ့ ကင်းထောက်တွေဟာ ဘင်ဖီကာ အတွဲအဖက် ဖြစ်တဲ့ အန်တိုနီယို ဆေးလ်ဗားနှင့် ယာအို နီးဗက်စ် တို့ကို ခေါ်ယူဖို့ အတွက် ကလပ် တာဝန်ရှိသူတွေကို တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။ ဗဟိုခံစစ် ကစားသမား ဆေးလ်ဗားဟာ ပေါင် ၈၇ သန်း တန်ကြေး ရှိပြီး နီးဗက်စ် အတွက် ကိုတော့ ပေါင် ၁၀၃ သန်း ပေးချေရဖွယ် ရှိပါတယ်။

လစ်ဗာပူးလ်ဟာ ဘယ်လ်ဂျီယံ ကလပ် ယူနီယံ စိန့်ဂီလ်လွိုက်စ်မှာ အငှားချထားပြီး ၄၅ ပွဲ ကစား ပြီး ၂၃ ဂိုးကာ ဂိုး ဖန်တီးမှု ၇ ကြိမ် ပြုလုပ်ထားတဲ့ ဝုဖ်ဘတ် တိုက်စစ်မှူး မိုဟာမက် အမိုရာကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ လစ်ဗာပူးလ် အနေနဲ့ အယ်လ်ဂျီးရီးယား လက်ရွေးစင် ကစားသမားကို ပေါင် ၁၇ သန်းနဲ့ ခေါ်ယူနိုင်ဖွယ် ရှိနေတယ်လို့ သိရပါတယ်။

လစ်ဗာပူးလ် စိတ်ဝင်စားတဲ့ နောက်ထပ် ကစားသမားကတော့ အတ္တလန္တာ ကွင်းလယ်လူ တူအန် ကူ့ပ်မိုင်းနား ဖြစ်ပေမယ့် ဂျူဗင်တပ်စ် ကတော့ နယ်သာလန် လက်ရွေးစင်ကို ခေါ်ယူဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။

ပရီးမီးယားလိဂ် ကလပ်ရဲ့ အဓိက ပစ်မှတ် ကစားသမား ၃ ဦး ကတော့ ဒီယောင်၊ နယူးကာဆယ် တိုက်စစ်မှူး အလက်ဇန်းဒါး အိဆက်ခ်နဲ့ ဖရန့်ဖတ် နောက်ခံလူ ဝီလီယံ ပါချို တို့ ဖြစ်ပါတယ်။
ကွင်းလယ်ပိုင်းကို အဓိက အင်အားဖြည့်တင်းဖို့ ပြင်ဆင်နေတဲ့ အာဆင်နယ်

အာဆင်နယ် နည်းပြ မီခဲလ် အာတေးတား အနေနဲ့ ဘာစီလိုနာ ကွင်းလယ်လူ ဖရန်ကီ ဒီယောင်ကို ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပြီး ဒီနွေရာသီ အပြောင်းအရွှေ့ရဲ့ အဓိက ပစ်မှတ် သုံးခု ထဲမှာ ပါဝင်နေတယ်လို့ သိရပါတယ်။ ပရီးမီးယားလိဂ် ကလပ်ရဲ့ အဓိက ပစ်မှတ် ကစားသမား ၃ ဦး ကတော့ ဒီယောင်၊ နယူးကာဆယ် တိုက်စစ်မှူး အလက်ဇန်းဒါး အိဆက်ခ်နဲ့ ဖရန့်ဖတ် နောက်ခံလူ ဝီလီယံ ပါချို တို့ ဖြစ်ပါတယ်။

အာဆင်နယ်နဲ့ ဘာစီလိုနာ နှစ်သင်းစလုံးက စိတ်ဝင်စားနေတဲ့ ကွင်းလယ် ကစားသမား ကတော့ ရီးရဲလ်ဆိုစီဒက်က မာတင် ဇူဘီမန်ဒီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိမှာတော့ သူ့ကို စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ ဂျူဗင်တပ်စ်လည်း ပါဝင်လာခဲ့ပြီလို့ သိရပါတယ်။

မန်စီးတီးနဲ့ တော့တင်ဟမ်ဟော့စပါး အသင်း အနေနဲ့ သူတို့ရဲ့ ကွင်းလယ် ပစ်မှတ် အီဘာရီချီ အီးဇီးကို ခေါ်ယူချင်တယ် ဆိုရင် ပေါင်သန်း ၆၀ အသုံးပြုမှ ရမယ်လို့ သိရပါတယ်။ ဒီကစားသမားနဲ့ လက်ရှိ ကလပ် ခရစ္စတယ်ပဲလေ့စ်ရဲ့ စာချုပ်ဖျက်သိမ်းကြေးက ထင်သလောက် မရိုးရှင်းဘူးလို့လည်း သိရပါတယ်။

ဘရန့်ဖို့ဒ် တိုက်စစ်မှူး အိုင်ဗန် တိုနေးဟာ လက်ရှိမှာ တော့တင်ဟမ်ဟော့စပါးသို့ ပြောင်းရွှေ့ရန် ဖြစ်နိုင်ချေ အရှိဆုံး ဖြစ်ပြီး လန်ဒန် ကလပ် ကတော့ သူ့ကို့ ပေါင်သန်း ၅၀နဲ့ ခေါ်ယူနိုင်မယ်လို့ သိရပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ပီအက်စ်ဂျီ ကနေ ထွက်ခွာလာမယ့် ကီလီယန် အမ်ဘာပေးကို ခေါ်ယူဖို့ အသင့် ဖြစ်နေပြီး လုပ်ခလစာ အများဆုံး ကစားသမား ဖြစ်လာဖို့ ရှိနေပါတယ်။ ပြင်သစ် တိုက်စစ်မှူးဟာ ရာသီကုန်မှာ လီဂူးဝမ်း ချန်ပီယံ အသင်း ကနေ ထွက်ခွာတော့မယ်လို့ သောကြာနေ့ညကပဲ အတည်ပြုထားခဲ့ပါတယ်။ ဘာစီလိုနာ အသင်း ကတော့ “မက်ဆင်ဟို” လို့ ချစ်စနိုး ခေါ်ဝေါ်နေကြတဲ့ ပါလ်မီးရက်စ် ကြယ်ပွင့် အက်စတီဗိုကို ခေါ်ယူဖို့ လုံလောက်တဲ့ ပြောင်းရွှေ့ကြေး မရှိတာကြောင့် လက်ရှိမှာ ချဲလ်ဆီးကို ပြောင်းရွှေ့လာဖွယ် ရှိနေတယ်လို့ သိရပါတယ်။ အက်စတီဗိုဟာ မကြာသေးခင်က ဘေယန်မြူးနစ်နဲ့ သတင်းတွေ ထွက်နေပေမယ့်လည်း ဂျာမန် ကလပ် ဘက်ကတော့ အဆိုပါ ကစားသမားကို ခေါ်ယူဖို့ ကြိုးပမ်းနေခြင်း မရှိဘူးလို့ သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်