နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အပြောင်းအရွှေ့ဈေးကွက်မှာ ဆရာကျနေတဲ့ တော့ဒ်ဘိုလေရဲ့ ချဲလ်ဆီး | ပရီးမီးယားလိဂ်

countdown banner

အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး ကတော့ လက်ရှိ နွေရာသီ အပြောင်းအရွှေ့မှာ ဈေးကွက် စဖွင့်ပြီး နှစ်ပတ် အတွင်းမှာပဲ ကစားသမား ရောင်းချရမှု ကနေ ပြောင်းရွှေ့ကြေး ပေါင် သန်း (၉၀) ဝန်းကျင် ရရှိထားပြီ ဖြစ်ကြောင်း သိရပါတယ်။

ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ အပြောင်းအရွှေ့တွေမှာ ကတည်းက ကစားသမား ခေါ်ယူမှု အတွက် ငွေကြေး အမြောက်အမြား သုံးစွဲခဲ့သလို လက်ရှိ မှာလည်း လူငယ်ကစားသမားတွေကို ဆက်တိုက် ခေါ်ယူနေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တော့ဒ် ဘိုလေရဲ့ အသင်းက ကစားသမား ရောင်းချရမှု ကနေလည်း အတိုင်းအတာ တစ်ခု အထိ ဝင်ငွေတွေ ခပ်များများ ပြန်လည် ရှာဖွေထားနိုင်တာပဲ ဖြစ်ပါတယ်။

တစ်ခု ရှိတာက ပရီးမီးယားလိဂ် ကလပ်က ဒီနွေရာသီမှာ လူငယ်ကစားသမားတွေ ခေါ်ယူထားပေမယ့် ငွေသိပ် မသုံးရသေးတာ ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိမှာ ချဲလ်ဆီးက ကစားသမား (၄) ဦး ရောင်းချရမှု ကနေ စုစုပေါင်း ပေါင်သန်း ၉၀ ဝန်းကျင် အထိ ရှာဖွေထားနိုင်တာ ဖြစ်ပါတယ်။ ပထမဆုံး ကစားသမား ရောင်းချမှု ကတော့ ဘယ်နောက်ခံလူ လီဝစ် ဟောလ် ဖြစ်ပြီး သူ့ကို တစ် ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူထားခဲ့တဲ့ နယူးကာဆယ် အသင်းက ပေါင် (၂၈)သန်းနဲ့ အပြီးသတ် ခေါ်ယူသွားခဲ့တာ ဖြစ်ပါတယ်။ နောက်ထပ် ကစားသမားကလည်း ဘယ်နောက်ခံလူပဲ ဖြစ်ပြီး အီယန် မတ်ဆန် ကို ဗီလာ အသင်းထံ စာချုပ်ဖျက်သိမ်းကြေး ပေါင် (၃၇.၅) သန်းနဲ့ ပြောင်းရွှေ့ခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ပရီးမီးယားလိဂ် ထိပ်သီး တို့က ဘယ်နောက်ခံလူ ၂ ဦး ရောင်းချရမှု ကနေပဲ စုစုပေါင်း ပေါင် ၆၅.၅ သန်း ရရှိခဲ့တာ ဖြစ်ပါတယ်။ နောက်တစ်ဦး ကတော့ ဂါလာတာစာရေး အသင်းထံ အငှားချထားတဲ့ မော်ရိုကို ကြယ်ပွင့် ဟာကင်မ် ဇီယက်ရှ် အတွက် ပေါင် (၄)သန်းခန့်နဲ့ အပြီးသတ် ရောင်းချနိုင်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ ဒီကစားသမား ၃ ဦးရဲ့ အပြောင်းအရွှေ့တွေက တရားဝင် ထုတ်ပြန်ကြေညာထားပြီး ဖြစ်ပါတယ်။ ဒါ့အပြင် မကြာခင်မှာတော့ ဟတ်ချန်ဆန်ကို ဆက်လက် ရောင်းထုတ်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ အစ်ဝစ်ချ်တောင်းမှာ တစ်ရာသီ အငှားနဲ့ ထွက်ကစားခဲ့တဲ့ ညာတောင်ပံ ကစားသမား ဟတ်ချန်ဆန်ကို ပရီးမီးယားလိဂ်ဆီ တန်းတက် ကလပ်က ပေါင် ၂၂.၅ သန်းနဲ့ အပြီးသတ် ခေါ်ယူဖို့ သဘောတူညီမှုပါ ရရှိထားခဲ့တာ ဖြစ်ပါတယ်။

တစ်ဖက်မှာတော့ ချဲလ်ဆီးက ဖူလ်ဟမ် ကနေ တိုဆင် အဒါရာဘိုင်အိုယို၊ ပါးလ်မီးရက်စ် ကနေ အက်စတီဗိုနဲ့ ဗီလာ ကနေ ကယ်လီမန်း တို့ကို ခေါ်ယူထားခဲ့ပြီး မကြာခင်မှာလည်း ခေါ်ယူမှုတွေ ဆက်လက် ပြုလုပ်သွားဖို့ ရှိနေတာ ဖြစ်ပါတယ်။ သတင်းတွေ အရ ဆိုရင် ချဲလ်ဆီးဟာ ကစားသမားသစ်တွေ ခေါ်ယူဖို့နဲ့ အတူ လူကာကူနဲ့ အာမန်ဒို ဘရိုဟာ ကိုလည်း အပြီးသတ် ရောင်းထုတ်သွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် အပြောင်းအရွှေ့ လုပ်ငန်းတွေကိုလည်း ယူရို ၂၀၂၄နဲ့ ၂၀၂၄ ကိုပါအမေရိက ပြိုင်ပွဲတွေ အပြီးမှာ အားစိုက် လုပ်ဆောင်သွားဖို့ ရှိနေကြောင်း သိရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်