နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကင်းပါဝါမှာလက်စတာစီးတီးတို့နိုင်ပွဲပြန်ရှာဖို့ အချိန်တန်ပြီ| လက်စတာစီးတီး- ဝက်ဖို့ဒ် (ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်)

လက်စတာစီးတီး-ဝက်ဖို့ဒ်

ဒီနှစ် ပရီးမီးယားလိဂ်မှာမှန်းချက်နဲ့ နှမ်းထွက် မကိုက် ဖြစ်နေတဲ့ လက်စတာစီးတီးအတွက် ဝက်ဖို့ဒ်ဟာခက်ခဲတဲ့ ပြိုင်ဘက် ဖြစ်လာဦးမှာပါ။ယူနိုက်တက်ကိုဂိုးပြတ် အနိုင်ယူပြီးစိတ်ဓာတ် တက်နေတဲ့ ဝက်ဖို့ဒ်တို့ ပရီးမီးယားလိဂ် ရလဒ်ဆိုးတွေအောက်ကရုန်းထွက်နိုင်ဖို့ ကြိုးစားလာမယ့် လက်စတာကိုဘယ်လိုပုံစံနဲ့ တုန့်ပြန်လာဦးမလဲဆိုတာစောင့်ကြည့်ရဖို့တော့ ရှိပါတယ်။

ဘရန်ဒန် ရော့ဒ်ဂျားစ်ရဲ့ အသင်းကတော့ ဒီရာသီပရီးမီးယားလိဂ်မှာတော်တော်လေးကိုရုန်းကန်နေရတာအားလုံးလည်းသိကြပြီးဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ် ၁၂ ပွဲကစားပြီးချိန်မှာနိုင်ပွဲ ၄ ပွဲသာရရှိထားပြီးသရေ ၃ ပွဲ၊ ရှုံးပွဲ ၅ ပွဲရှိထားတဲ့ လက်စတာတို့ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၆ ပွဲမှာ ၁ ပွဲသာအနိုင်ရထားပါတယ်။ ယူရိုပါလိဂ်ကိုအာရုံစိုက်နေတဲ့ အတွက် ပြည်တွင်းပြိုင်ပွဲမှာရလဒ်ပိုင်းယိမ်းယိုင်နေတဲ့ သဘောရှိပြီးပြီးခဲ့တဲ့ အိမ်ကွင်းပွဲစဉ် ၂ ပွဲမှာအာဆင်နယ်နဲ့ ချဲလ်ဆီးကိုဂိုးပြတ် အရေးနိမ့်ထားခဲ့ပါတယ်။ လက်ရှိအမှတ်ပေးဇယားအဆင့် ၁၂ နေရာအထိရောက်ရှိနေပေမယ့် အဆင့် ၅ နေရာကအာဆင်နယ်နဲ့ ၅ မှတ်ပဲကွာဟနေသေးလို့ သိပ်တော့ စိုးရိမ်စရာမရှိသေးပါဘူး။လက်စတာရဲ့ဒီရာသီနံပါတ် ၁ ပြသနာကယူရီတေးလီမန့်စ်၊ ဖိုဖာနာ၊ ဂျက်စတင်၊ ပရဲရား၊ အောလ်ဘရိုက်တန်၊ အရိုဇီပီရက်ဇ်တို့ မကြာခဏကြံ့ခိုင်မှုမပြည့်ဝတာနဲ့ ဒဏ်ရာပြသနာတွေရှိနေတာဖြစ်ပြီးနံပါတ် ၂ပြသနာကတော့ ခံစစ် ကစားပုံမတည်ငြိမ်မှုဖြစ်ပါတယ်။ ဒါ့အပြင် ဂျေမီဗာဒီဆီကသွင်းဂိုးတွေ မျှော်လင့်လို့ မရတဲ့ အချိန်မှာအီယန်နာချို၊ မက်ဒီဆင် တို့ကလည်းအားကိုးလို့ မရဖြစ်နေတာပါတယ်။ ကွင်းလယ်ကယူရီတေးလီမန့်စ် မပါတဲ့ အချိန်မှာဆူမာရေးရုန်းပေးနေပေမယ့် တိုက်စစ်ကိုပံ့ပိုးနိုင်မှုအပိုင်းမှာအားနည်းချက်တွေရှိနေပြီးအမာတေး၊ ဆိုယွန်ချူး၊ ဂျွန်နီအီဗန့်စ် တို့ရဲ့ ခံစစ်ကလည်းတစ်ပွဲနဲ့ တစ်ပွဲခြေစွမ်းပုံမှန် မရှိပါဘူး။ အဲ့အတွက် ဒီရာသီမှာလက်စတာတိုက်စစ်ကတစ်ပွဲ ၁ ဂိုးနှုန်းရထားပေမယ့် ခံစစ် ကတော့ ၂ ဂိုးနှုန်းလောက်ကိုပြန်ပေးနေရတာဖြစ်ပါတယ်။ ဝါဆောကို ၃-၁ နဲ့ အနိုင်ရတဲ့ ပွဲကခြေစွမ်းကိုထိန်းထားနိုင်မယ် ဆိုရင်တော့ လက်စတာတို့ ကင်းပါဝါမှာနိုင်ပွဲပြန်ရနိုင်ချေရှိပြီးဆူမာရေး၊ အန်ဒီဒီ၊ မက်ဒီဆင်၊ ဒါကာ၊ ဘန်းစ် တို့ရဲ့ လုပ်အားနှုန်းကောင်းကောင်းနဲ့ ကစားနိုင်ဖို့ပဲ မျှော်လင့်ရပါတယ်။

ဝက်ဖို့ဒ်တို့နည်းပြသစ်ရာနီယေးရီလက်အောက်မှာပရီးမီးယားလိဂ်ရှုံးပွဲများနေသေးတယ်ဆိုပေမယ့်အဲဗာတန်နဲ့မန်ချက်စတာယူနိုက်တက်ကိုဂိုးပြတ်အနိုင်ယူပြခဲ့တဲ့ခြေစွမ်းကတော့လုံးဝကိုအားရစရာကောင်းပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယားအဆင့် ၁၆ နေရာမှာရပ်တည်နေတဲ့ ဝက်ဖို့ဒ်

ဝက်ဖို့ဒ်တို့ နည်းပြသစ် ရာနီယေးရီလက်အောက်မှာပရီးမီးယားလိဂ် ရှုံးပွဲများနေသေးတယ် ဆိုပေမယ့် အဲဗာတန်နဲ့ မန်ချက်စတာယူနိုက်တက်ကိုဂိုးပြတ် အနိုင်ယူပြခဲ့တဲ့ ခြေစွမ်းကတော့ လုံးဝကိုအားရစရာကောင်းပါတယ်။ အီတလီနည်းပြကြီးအနေနဲ့ သူကိုင်တွယ်ထားတဲ့ ၅ ပွဲမှာလစ်ဗာပူးလ် တစ်သင်းတည်းကို ၅ ဂိုးပေးခဲ့ရတာကလွဲရင် ကျန်ပွဲစဉ် တွေမှာ ၁ ဂိုးလောက် နဲ့ပဲကပ်ရှုံးခဲ့တာတွေ့ရပါတယ်။ ခံစစ်ကိုကျစ်လျစ်အောင် တည်ဆောက်ပြီးကြံခိုင်မှုအသားပေးကစားဟန်ကြောင့် မကြာခဏပြစ်ဒဏ်ဘောတွေခွင့်ပြုပေးနေရပေမယ့် နောက်ဆုံး ၄ ပွဲမှာရဂိုး ၉ ဂိုး၊ ပေးဂိုး ၅ ဂိုးဆိုတာကတော့ ဝက်ဖို့ဒ်လိုတန်းတက် အသင်းတစ်သင်းအတွက် မဆိုးဘူးလို့ ပြောရမယ့် အခြေအနေပါ။လက်ရှိပရီးမီးယားလိဂ်အဆင့် ၁၆ နေရာမှာရှိနေပေမယ့် အဆင့် ၁၀ နေရာကအသင်းနဲ့ ၃ မှတ်သာကွာဟနေတဲ့ အချက် ကလည်းဝက်ဖို့ဒ် အတွက် အားတက်စရာဖြစ်ပါတယ်။ သေချာတာကတော့ ဝါရင့် နည်းပြ ရာနီယေးရီရဲ့ အသင်းကယူနိုက်တက်နဲ့ အဲဗာတန် တို့ကိုနှိပ်ကွပ်ပြခဲ့သလိုမျိုးထပ်ပြီးမစွမ်းဆောင်နိုင်ခဲ့ရင်တောင် နည်းစနစ် ဗျူဟာ ကြွယ်တဲ့ ဘရန်ဒန် ရော့ဒ်ဂျားစ်ရဲ့ လက်စတာကိုသေချာပေါက် ခက်ခဲစေနိုင်တဲ့ ခြေစွမ်းမျိုးရှိနေပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

နောက်ဆုံးထိပ်တိုက်တွေ့ဆုံခဲ့တဲ့ ၁၂ ကြိမ်မှာလက်စတာစီးတီးတို့ ၇ ကြိမ် အနိုင်ရခဲ့တဲ့ အထိအပြတ်အသတ် အသာစီးရထားတာတွေ့ရပါတယ်။ ဝက်ဖို့ဒ် ကတော့ ၃ ကြိမ်သာပြန်လည် အနိုင်ရထားခဲ့ပြီးသရေပွဲကတော့ ၂ ပွဲပဲရှိထားပါတယ်။ လက်စတာစီးတီးတို့ ကင်းပါဝါမှာဝက်ဖို့ဒ်နဲ့ ကစားခဲ့တဲ့ နောက်ဆုံး ၅ ကြိမ်လုံးအနိုင်ရခဲ့ပြီး၂-၀၊ ၃-၀၊ ၂-၁ ဆိုတဲ့ ရလဒ်တွေနဲ့ အနိုင်ယူခဲ့တာဖြစ်ပါတယ်။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
လက်စတာစီးတီး – ဝက်ဖို့ဒ် 1X2 လက်စတာစီးတီး @ ၁.၆၃
နိုဝင်ဘာလ၂၈ရက်၊ ည ၈:၃၀ နာရီ ( GMT+ ၆:၃၀)

1X2 ရဲ့ပေါက်ကြေးအရအိမ်ရှင်အသင်းအတွက် ၁.၆၃ ဆ၊ သရေအတွက် ၄.၁၀ ဆ၊ ဧည်သည့်အတွက် ၄.၇၀ ဆကြေးဖွင့်ထားပါတယ်။ လက်စတာတို့ ခြေမငြိမ်သလိုဝက်ဖို့ဒ်ရဲ့ မထင်မှတ်တာတွေလုပ်ပြနိုင်မှုကြောင့် သံသယဖြစ်စရာရှိကောင်းရှိပါလိမ့်မယ်။ ဒါပေမယ့် တစ်ဖက်ကပြန်ကြည့်ရင်လည်းကင်းပါဝါမှာနောက်ဆုံးတွေ့ဆုံမှု ၅ ကြိမ်စလုံးအနိုင်ရထားတယ် ဆိုတဲ့ အချက်ကလက်စတာတို့ ဝက်ဖို့ဒ်ကိုအိမ်ကွင်းမှာဧည့်ခံကစားရတိုင်းမခက်ခဲခဲ့ဘူးဆိုတာကိုပြသနေတာဖြစ်ပါတယ်။ အသင်းကြီးနဲ့ အသင်းငယ် ကွာဟချက် ရှိလို့ လက်စတာတို့ တကယ် အားထည့်ကစားရင် ဝက်ဖို့ဒ်ကိုအသာလေးဂိုးပြတ် အနိုင်ယူလို့ ရပါတယ်။ အကျိုးအမြတ် အတွက် ဒီပွဲမှာလည်းဂိုးပေါင်းကိုမေ့ပြီးအိမ်ရှင် လက်စတာစီးတီးဘက်မှပဲခြေစုံပစ် ရပ်တည်ချင်ပါတယ်။
ခန့်မှန်းရလဒ် (၃-၁)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်