နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဂွာဒီယိုလာ အနေနဲ့ လာမယ့် ရာသီကုန်မှာ အက်တီဟတ် သေချာပေါက် စွန့်ခွာမယ်လို့ သတင်းတွေ ထွက်ပေါ်လာ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာစီးတီး အသင်းရဲ့ နည်းပြ ပပ်ဂွာဒီယိုလာ ကတော့ လာမယ့်ရာသီအကုန်မှာ အသင်း ကနေ ကျိန်းသေပေါက် ထွက်ခွာတော့မှာ ဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပါပြီ။ ဒါပေမယ့်လည်း ကောလာဟလတွေ အမြဲတမ်း ဖော်ပြနေကျ ဖြစ်တဲ့ ဗြိတိန် အခြေစိုက် Daily Mail က ဖော်ပြလာခဲ့တာ ဖြစ်လိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ပပ်ဂွာဒီယိုလာဟာ မန်ချက်စတာစီးတီးကို အင်္ဂလန် ဘောလုံးလောကမှာ အသင်းကြီး တစ်သင်း စာရင်းဝင်လာအောင် ထမ်းတင်ပေးခဲ့တဲ့ နည်းပြ တစ်ဦးဆိုလည်း မမှားပါဘူး။ သူရောက်ရှိချိန်က စလို့ မန်ချက်စတာစီးတီးဟာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် သူတို့ တစ်ခါမှ မမျှော်လင်ခဲ့ဘူးတဲ့ စံချိန် မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ခဲ့ပါတယ်။ ဂွာဒီယိုလာဟာ ၇ နှစ်တာ ကာလ အတွင်း ပရီးမီးယားလိဂ် ချန်ပီယံဆုက ၆ ကြိမ် ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သလို ၄ နှစ် ဆက်တိုက် စံချိန်တင် ချန်ပီယံ ဖြစ်စေခဲ့သူပါ။ ဒါ့အပြင် ပြီးခဲ့တဲ့ ရာသီ ကလည်း မန်စီးတီးကို ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလားနဲ့ ချန်ပီယံလိဂ် တို့မှာ ချန်ပီယံ ဖြစ်အောင် စွမ်းဆောင်ပေးခဲ့ပြီးတော့ မြို့ခံပြိုင်ဘက် ယူနိုက်တက် စံချိန်တင်ထားတဲ့ တစ်ရာသီထဲ ဖလား ၃ လုံး ချန်ပီယံဆိုတဲ့ ဂုဏ်ပုဒ်ကိုလည်း လိုက်မှီစေခဲ့သူ ဖြစ်ပါတယ်။

လက်ရှိ ကမ္ဘာ့အကောင်းဆုံး နည်းပြ တစ်ဦး အဖြစ် သတ်မှတ်ခံထားရတဲ့ ဂွာဒီယိုလာဟာ ကစားသမား ဘဝမှာ ဘာစီလိုနာနဲ့ အတူ ဆုဖလား အောင်မြင်မှု များစွာ ရရှိခဲ့သလို နည်းပြ ဘဝ မှာလည်း အောင်မြင်မှုတွေ ရရှိခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် ဘေယန်မြူးနစ်နဲ့ အတူ ဘွန်ဒက်စ်လီဂါ ဖလား ၃ ကြိမ်၊ ပိုကယ်ဖလား ၂ ကြိမ်၊ ယူအီးအက်ဖ်အေ စူပါဖလား ၁ ကြိမ်၊ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ၁ ကြိမ် ရရှိခဲ့ပါတယ်။ အဲ့နောက် မန်စီးတီး မှာတော့ ၇ နှစ် အတွင်း ပရီးမီးယားလိဂ် ဖလား ၆ ကြိမ်၊ အက်ဖ်အေဖလား ၂ ကြိမ်၊ ခရာဘောင်ဖလား ၄ ကြိမ်၊ ကွန်မြူနတီဒိုင်း ၂ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ်၊ စူပါဖလား ၁ ကြိမ်၊ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ၁ ကြိမ် ရရှိခဲ့သူ ဖြစ်ပါတယ်။

ဂွာဒီယိုလာ အနေနဲ့ မန်စီးတီး နည်းပြ အဖြစ် ကိုင်တွယ်နေစဉ် အတွင်း အဓိက ဆုဖလား ၁၅ လုံး အထိ ပိုင်ဆိုင်နိုင်ခဲ့ပြီး ချန်ပီယံလိဂ် ဖိုင်နယ် တစ်ကြိမ်နဲ့ အက်ဖ်အေဖလား ဖိုင်နယ် တစ်ကြိမ်သာ ရှုံးနိမ့်ပြီး ဆုဖလား ၂ လုံးသာ လက်လွှတ်ခဲ့ရပါတယ်။

လက်ရှိမှာ ဂွာဒီယိုလာဟာ မန်ချက်စတာစီးတီး အသင်းနဲ့ ၂၀၂၅ ခုနှစ် အထိသာ စာချုပ်သက်တမ်း ကျန်ရှိနေပြီး ကလပ် ဘက်က စာချုပ်သစ် ချုပ်ဆိုဖို့ ကမ်းလှမ်းမှာလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Daily Mailရဲ့ ဖော်ပြချက် အရ ပပ် ဟာ လာမယ့် ၂၀၂၅ နွေရာသီမှာ အက်တီဟတ်ကို ကျိန်းသေပေါက် စွန့်ခွာသွားဖို့ ရှိနေတာ ဖြစ်ပါတယ်။ အကယ်၍ ဂွာဒီယိုလာ သာ မန်စီးတီးကို စွန့်ခွာသွားခဲ့မယ် ဆိုရင် အဓိက အကြောင်းရင်း ကတော့ သူ့ အနေနဲ့ ပင်ပန်းလာတာကြောင့် အနားယူချင်လို့သာ ဖြစ်နိုင်ပါတယ်။ တစ်ဖက်မှာတော့ ဂွာဒီယိုလာ အနေနဲ့ ကလပ် အသင်းတွေနဲ့ အတူ အောင်မြင်မှု တသီတတန်းကြီး ရယူနိုင်ခဲ့ပြီး ဖြစ်တာကြောင့် နိုင်ငံ လက်ရွေးစင် အသင်း တစ်သင်းကို ကိုင်တွယ်သွားချင်နေတယ်လို့ ဖော်ပြမှုတွေလည်း ရှိနေပါတယ်။

အကယ်၍ ဂွာဒီယိုလာသာ အသင်း ကနေ ထွက်ခွာခဲ့ရင် မန်စီးတီး အနေနဲ့ သူတို့ အသင်း အတွက် ဂွာဒီယိုလာလို အောင်မြင်မှု ရယူပေးနိုင်တဲ့ နည်းပြမျိုး ကိုတော့ ခက်ခက်ခဲခဲ ရှာဖွေရတော့မှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်