နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အန်ဖီးလ်မှာ ငှက်ကြားတွေကို ထိုးသုတ်ခဲ့တဲ့ ကြိုးကြာနီများ | ပရီးမီးယားလိဂ် (ပွဲပြီးသုံးသပ်ချက်)

countdown banner

ပရီးမီးယားလိဂ် ပွဲစဉ် (၂၀) ရဲ့ နောက်ကျပွဲ တစ်ပွဲ အဖြစ် လစ်ဗာပူးလ်တို့ နယူးကာဆယ်ကို အန်ဖီးလ်မှာ ဧည့်ခံကစားခဲ့ပြီး ၄-၂ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရသွားခဲ့ပါတယ်။ လစ်ဗာပူးလ် အတွက် ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်မှာ ဆက်လက် ရပ်တည်နိုင်ရေး အတွက် အရေးပါတဲ့ ပွဲစဉ် ဖြစ်ခဲ့ပြီး ကလော့ပ်ရဲ့ အသင်းက အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။

နှစ်သင်းစလုံး ၄-၃-၃ အခင်းအကျင်းတွေနဲ့ ပွဲထွက်လာခဲ့ပြီး အိမ်ရှင် လစ်ဗာပူးလ် ဘက်မှာ ဘက်ကာ၊ အာနိုးလ်၊ ကိုနာတေး၊ ဗန်ဒိုက်ခ်၊ ဂိုးမက်ဇ်၊ ဆဘို့ဇ်လိုင်း၊ ဂျုံးစ်၊ အန်ဒို၊ ဆာလာ၊ နူညက်ဇ်၊ ဒီးယက်ဇ် တို့ ပါဝင်ခဲ့ပါတယ်။ နယူးကာဆယ် ဘက်မှာ ဒဏ်ရာရကစားသမားတွေ များနေဆဲ ဖြစ်ပေမယ့် အိဆက်ခ်၊ ဂေါဒွန်၊ ဂျိုးလင်တန်၊ ဂီမာရေးစ်၊ ဘန်း၊ ဘော့တ်မန်း၊ ရှား၊ လစ်ဗရာမန်တို တို့နဲ့ ပွဲထွက်လာခဲ့ပြီး လစ်ဗာပူးလ်ကို အကောင်းဆုံး ပြန်လည် တုန့်ပြန်နိုင်ဖို့ ကြိုးစားခဲ့တာပါ။

ဒါပေမယ့် ယာဂင် ကလော့ပ်ရဲ့ အသင်းက ပွဲစကတည်းက ပွဲကို လွှမ်းမိုး ထိန်းချုပ်ထားနိုင်ခဲ့ပြီး ဦးဆောင်ဂိုး ရမယ့် အခွင့်အရေးတွေလည်း ရှိခဲ့ပေမယ့် ကာဆယ် ဂိုးသမား ဒူဗရက်ဗ်ကာ လက်စွမ်းပြနေတာကြောင့် ဂိုးတော့ မရခဲ့ပါဘူး။ ဒါ့အပြင် ဒီးယက်ဇ်ရဲ့ ဂိုးက VAR ပြန်ကြည့်ပြီး ပယ်ဖျက်ခံခဲ့ရသလို မိုဟာမက် ဆာလာ ကန်သွင်းတဲ့ ပင်နယ်တီ ကိုလည်း ဒူဗရက်ဗ်ကာ ကာကွယ်နိုင်ခဲ့ပါတယ်။ နယူးကာဆယ် ကလည်း ဂိုးသွင်းနိုင်ခဲ့ပေမယ့် လူကျွံနေခဲ့တာကြောင့် ပထမပိုင်း အပြီးမှာတော့ ဂိုးမရှိ သရေရလဒ် ထွက်ပေါ်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ လစ်ဗာပူးလ်တို့ ကစားအား ပိုတင်လာခဲ့ပြီး ပွဲပြန်စပြီး သိပ်မကြာခင်မှာပဲ လစ်ဗာပူးလ်တို့ ဦးဆောင်ဂိုး ရသွားခဲ့ပါတယ်။ ဒီဂိုး ကတော့ ဒါဝင် နူညက်ဇ်နဲ့ မိုဟာမက် ဆာလာတို့ရဲ့ တွဲလုံး ကနေ ဆာလာက အမှားအယွင်းမရှိ အဆုံးသတ် သွင်းယူခဲ့တာ ဖြစ်ပါတယ်။ သိပ်မကြာခင်မှာတော့ နယူးကာဆယ်တို့ ချေပဂိုး ရခဲ့ပြီး အိဆက်ခ်က သွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့် နိုင်ပွဲ ရယူဖို့ စိတ်အား ထက်သန်နေတဲ့ လစ်ဗာပူးလ်တို့ပဲ ပွဲကို လွှမ်းမိုးထားခဲ့သလို ပွဲချိန် မိနစ် ၇၀ ကျော်မှာ ဦးဆောင်ဂိုးတွေ ဆက်တိုက် ရရှိခဲ့ပါတယ်။ ဒီဂိုးတွေ ကိုတော့ ကာတစ် ဂျုံးစ်နဲ့ ဂက်ခ်ပို တို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အဓိက ပြိုင်ဘက်တွေကို တတ်နိုင်သမျှ ရမှတ် ဖြတ်နိုင်ရေး၊ ဇယားထိပ်မှာ ဆက်လက် ဦးဆောင်နိုင်ရေး ကြိုးစားသွားခဲ့သလို ကလော့ပ် မျှော်လင့်ထားသလို ဖြစ်လာခဲ့တဲ့ ပွဲလို့ပဲ ဆိုရမှာပါ။
ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် ယုံကြည်မှု ရှိနေတဲ့ ဆာလာ

အဲ့နောက် နှစ်သင်းစလုံး ကစားအားကျမသွားပဲ တိုက်ပွဲဝင်ခဲ့ကြတာကြောင့် သွင်းဂိုးတွေ ဆက်လက် မြင်တွေ့ခဲ့ရပြီး နယူးကာဆယ် အတွက် ဘော့တ်မန်းက ချေပဂိုး သွင်းပေးခဲ့သလို ပွဲပြီးခါနီးမှာ မိုဟာမက် ဆာလာက အနိုင်သေချာစေမယ့် ၄ ဂိုးမြောက် သွင်းဂိုးကို ပင်နယ်တီက တဆင့် သွင်းယူပေးခဲ့လို့ ၄-၂ ဆိုတဲ့ ရလဒ်နဲ့ ပွဲပြီးဆုံးသွားခဲ့ပါတယ်။

နောက်ပိုင်း ပွဲစဉ်တွေမှာ ခြေစွမ်းမှန် ပြန်ရနေပြီး ရလဒ်တွေ တောက်လျောက် ပြန်ကောင်းနေတဲ့ လစ်ဗာပူးလ်တို့ ပုံစံကောင်း တစ်ခုကို ဆက်ထိန်းထားနိုင်ခဲ့တဲ့ ပွဲဆိုလည်း မမှားပါဘူး။ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အဓိက ပြိုင်ဘက်တွေကို တတ်နိုင်သမျှ ရမှတ် ဖြတ်နိုင်ရေး၊ ဇယားထိပ်မှာ ဆက်လက် ဦးဆောင်နိုင်ရေး ကြိုးစားသွားခဲ့သလို ကလော့ပ် မျှော်လင့်ထားသလို ဖြစ်လာခဲ့တဲ့ ပွဲလို့ပဲ ဆိုရမှာပါ။ အသင်းကြီးတွေနဲ့ တွေ့တိုင်း ဒုက္ခပေးတတ်တဲ့ နယူးကာဆယ်ကို လစ်ဗာပူးလ်တို့ ဒီရာသီမှာ နှစ်ကျော့စလုံး အနိုင်ကစားသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ နယူးကာဆယ် အတွက်တော့ ဒဏ်ရာရကစားသမားတွေ များပြားနေခြင်းက အားနည်းချက် တစ်ခုလို ဖြစ်ခဲ့ပြီး ထက်မြတ်တဲ့ လစ်ဗာပူးလ်ရဲ့ တိုက်စစ်ကိုလည်း ပွဲချိန်ပြည့် တောင့်ခံနိုင်ဖို့ ခက်ခဲခဲ့တာ ဖြစ်ပါတယ်။

လာလီဂါ
လာ့စ်ပါးလ်မာ့စ်
ဘာစီလိုနာ
1X2 ဘာစီလိုနာ @ 1.53
ဂိုးအောက် 2.50 @ 2.12
ဂိုးပေါင်း 2-3 @ 1.95
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပွဲအပြီး မှာတော့ လစ်ဗာပူးလ်တို့ အဆင့် ၂ နေရာက အက်စတွန်ဗီလာကို ၃ မှတ်၊ အဆင့် ၃ နေရာက မန်စီးတီးထက် တစ်ပွဲ ပိုကစားပြီး ၅ မှတ်၊ အဆင့် ၄ နေရာက အာဆင်နယ်ကို ၅ မှတ် ဖြတ်ကာ ဇယား ထိပ်ကနေ ဆက်လက် ဦးဆောင်နိုင်ခဲ့ပါတယ်။ ၃ ပွဲဆက် နိုင်ပွဲ ပျောက်ခဲ့တဲ့ နယူးကာဆယ် ကတော့ ရမှတ် ၂၉ မှတ်နဲ့ အဆင့် ၉ နေရာ အထိ ရောက်ရှိနေပြီး ရလဒ် ဆိုးတွေ အောက်က အလျင်အမြန် ရုန်းထွက်နိုင်ဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။

လစ်ဗာပူးလ်ဟာ လာမယ့် ဇန်နဝါရီ ၇ ရက်နေ့မှာ အာဆင်နယ်နဲ့ အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ် ကစားရဖို့ ရှိပြီးတော့ နယူးကာဆယ် ကလည်း ၆ ရက်နေ့မှာ ဆန်းဒါးလန်းနဲ့ အက်ဖ်အေဖလား ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်