နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မက်တော်မီနေးကို လိုချင်ခဲ့ပေမယ့် မရခဲ့ဘူး ဆိုတဲ့ ဝက်စ်ဟမ်း နည်းပြဟောင်း | ပရီးမီးယားလိဂ်

countdown banner

ဝက်စ်ဟမ်း နည်းပြဟောင်း ဒေးဗစ် မွိုက်စ်က သူ့ အနေနဲ့ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့တုန်းက ပရီးမီးယားလိဂ် ပြိုင်ဘက် အာဆင်နယ်ဆီ ပြောင်းရွှေ့သွားခဲ့တဲ့ ဒီကလန် ရိုက်စ် နေရာမှာ စကော့တ် မက်တော်မီနေးနဲ့ အစားထိုးချင်ခဲ့ကြောင်း ဖွင့်ဟလာခဲ့ပါတယ်။

မွိုက်စ်က ဝက်စ်ဟမ်း နည်းပြ အဖြစ် လုပ်ကိုင်နေစဉ် မှာလည်း ရိုက်စ်ကို အာဆင်နယ် အသင်းထံ ရောင်းထုတ်ခဲ့လို့ နှမြောတသ ဖြစ်ခဲ့ရကြောင်း ဖွင့်ဟခဲ့ဖူးသူ ဖြစ်ပါတယ်။ မွိုက်စ်ဟာ ဝက်စ်ဟမ်းကို ကိုင်တွယ်စဉ်မှာ ဒီကလန် ရိုက်စ် အသင်းခေါင်းဆောင် အဖြစ် တာဝန်ပေးခဲ့ပြီး ၂၀၂၂-၂၃ ဘောလုံးရာသီမှာတော့ ယူရိုပါကွန့်ဖရင့်လိဂ် ချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီရာသီအကုန်မှာတင်ပဲ ဝက်စ်ဟမ်းက ရိုက်စ်ကို ပရီးမီးယားလိဂ် ပြိုင်ဘက် အာဆင်နယ်ဆီ ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၁၀၅ သန်းနဲ့ ရောင်းထုတ်ခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် မွိုက်စ်က ရိုက်စ် နေရာမှာ အစားထိုးဖို့ အရည်အသွေး ပြည့်မီတဲ့ ကွင်းလယ်လူ တစ်ဦး ရှာဖွေခဲ့သလို ပေါ်လင်ဟာ၊ မက် တော်မီနေး တို့လို ကစားသမားတွေကို ပစ်မှတ်ထားခဲပေမယ့် နောက်ဆုံး မှာတော့ ဂျိမ်းစ် ဝက်ဒ် ပရောက်ဒ်နဲ့ အက်ဒ်ဆွန် အဲလ်ဗာရက်ဇ် တို့ကိုသာ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ တကယ်တမ်းမှာလည်း ဒီကစားသမား နှစ်ယောက်ဟာ အရည်အသွေး ရှိပေမယ့် ရိုက်စ်ရဲ့ နေရာကိုတော့ အစားထိုးနိုင်ခဲ့ခြင်း မရှိပဲ ဝက်စ်ဟမ်း ကွင်းလယ်က တော်တော်လေး အခြေအနေဆိုးခဲ့ပါတယ်။

ဒါ့အပြင် မွိုက်စ်ရဲ့ အဆိုအရ ဒီကစားသမား နှစ်ဦးက ဝက်စ်ဟမ်း ကွင်းလယ် အတွက် အလုပ်ဖြစ်ခဲ့တယ် ဆိုပေမယ့် သူ့ အနေနဲ့ ကတော့ ရိုက်စ်ရဲ့ နေရာ အတွက် အမှန်တကယ် အလိုရှိခဲ့တာက တွမ်မီနေးသာ ဖြစ်ကြောင်း ဖွင့်ဟသွားခဲ့တာပါ။ မွိုက်စ်က “ဒီကလန် ရိုက်စ် နေရာမှာ တခြား ကစားသမားနဲ့ အစားထိုးဖို့ ဆိုတာ ခက်ခဲပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် တို့က သူ့ကို လက်လွှတ်ရမယ် ဆိုပြီး မထင်ထားခဲ့လို့ပါ။ လက်လွတ် လိုက်ရတော့လည်း သူ့နေရာ အတွက် ကစားသမား ၂ ဦး လောက် အထိ လိုအပ်လာခဲ့ပါတယ်။” လို့ ဆိုပါတယ်။

ဆက်လက်ပြီး မွိုက်စ်က “ကျွန်တော်တို့ လိုအပ်ခဲ့တဲ့ အတိုင်း အမှန်တကယ် ကောင်းတဲ့ ကွင်းလယ်လူ ၂ ဦးကို ခေါ်ယူခဲ့တယ် ဆိုပေမယ့် စကော့တ် (တော်မီနေး)ကို ခေါ်ယူဖို့လည်း ကျွန်တော်တို တကယ်ပဲ စိတ်ဝင်စားခဲ့တာပါ။ သူက ကွင်းလယ်နေရာ အစုံမှာ ကစားနိုင်သလို ပြိုင်ဘက် ဂိုးဧရိယာထဲ ရောက်နေရင်လည်း အချိန်ကိုက် ဂိုးသွင်းတာမျိုး ဒါမှမဟုတ် တစ်ခုခု လုပ်ပြနိုင်သူပါ။ အဲ့ဒီအချိန်တုန်းက တော်မီနေးက ကျွန်တော် အလိုချင်ဆုံး ကစားသမားလို ထင်ပါတယ်။ ဒါပေမယ့် ရအောင်တော့ မခေါ်ယူနိုင်ခဲ့ဘူး။”လို့ ပြောကြားသွားခဲ့ပါတယ်။

မက်တော်မီနေးဟာ ပြီးခဲ့တဲ့ ရာသီက မန်ချက်စတာယူနိုက်တက် အတွက် ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံမှာ ၄၃ ပွဲ ကစားပြီး ၁၀ ဂိုးသွင်းကာ ဖန်တီးမှု ၃ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ ယူနိုက်တက် အတွက် အက်ဖ်အေဖလား ဗိုလ်လုပွဲမှာလည်း ဝင်ရောက် ကစားပေးခဲ့ပြီး ချန်ပီယံဆု ရရှိဖို့ အတွက် အဓိက နေရာကနေ ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်